ဒီနေ့ .. ကျွန်မ အသက် တစ်နှစ်ပိုကြီးလာတယ်... ခံစားချက်တွေဘယ်သူမှနားမလည်နိုင်ခဲ့သလို သူများအပေါ်ထားခဲ့တဲ့ မေတ္တာ စေတနာတွေလဲ သဲထဲရေသွန်ပါဘဲ.. ကျွန်မ အားနည်းချက်တွေ ခုတုံးလုပ်ခံခဲ့ရသလို အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့အရာတွေလဲ အမှန်ခြစ်ရာမထင်ခဲ့ပါဘူး။ ဒီနေ့လိုမျိုးကိုဖြတ်ကျော်ဖို့ ခက်ခက်ခဲခဲမွေးခဲ့ရတဲ့ မိဘ ကအလေးထားစောင့်နေကြသလို ပိုးမွေးသလို ဂရုတစ်စိုက်ကြည့်နေကြတဲ့ မောင်လေးနဲ့ညီမလေးက မျှော်နေတယ်။ အချို့က မသိသလို မာယာခင်းနေကြတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာဖို့ မြော်လင့်ဆုတောင်းခဲ့ပေမယ့် ပိုပိုဆိုးလာတာဘာကြောင့်လဲလို့ မမေးတော့ပါဘူး။ အထူးသဖြင့် ဒီနှစ်အတွင်းမှာ စိတ်ရော လူပါ အရမ်းပင်ပန်းခဲ့ရတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မျက်နှာလွဲခဲပစ်လို လွှဲပစ်လိုက်ချင်တာပါဘဲ။ အသက်တစ်နှစ်ပိုကြီးလာတယ်။ သောက်နေ ကျဆေးတွေထက်ပိုများလာတယ်၊ ဒါအပြင် ဆေး အာနိသင်ပိုပြင်းလာတယ်။ မျက်နှာ ပေါ်က ဆေးဒဏ် တွေ ကို ဟိုဖုန်းဒီကွယ်လုပ်ရတော့ အပြင်ထွက်ခါနီးအချိန်ပိုကုန်လာတယ်။ အထူးသဖြင့် ဒီလစကတည်းက အိမ်က အရမ်းစိုးရိမ်နေတာ ကျွန်မမွေးတဲ့လရောက် ခါနီးတိုင်း အမြဲ အသဲအသန်ဖြစ်နေကျရှိလို့လဲပါမယ်။ ဒီလစကတည်းက တော်တော်လေးကို ချူချာနေပေ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။