Skip to main content

မန်ကျည်းပွင့်

မန်းကျည်းရွက်နုလေးတွေကြိုက်ကြလားဟင်။
ကျွန်မတော့အရမ်းကြိုက်တယ်၊ မန်းကျည်းရွက်နုလေးတွေကို ဆီစိမ်းလေးနဲ့ ကြက်သွန်နီလေးနဲ့သုပ်စား။
ကောင်းမှကောင်း။
အိမ်မှာ မာမီက မန်ကျည်းပင်သေးသေးလေးတွေစိုက်ထားပေးတယ်လေ..
အဲဒါ မန်းကျဉ်းရွက်နုပေါ်ချိန်မဟုတ်လဲ ကျွန်မ စားဖို့ တစ်ခါစာတော့ အမြဲလိုလိုရတတ်တယ်။
ဒီတစ်ခါနဲနဲအဆင့်မြင့်သွားပီ။ အရွက်တင်မက အဖူးရောအပွင့်ပါ စားတယ်။
ရုံးပိတ်ရက်က ဈေးမှာ အပွင့်လေးတွေရောင်းတာတွေ့လို့ အဖူးလေးကို ကိုက်မြည်းကြည့်တော့ ချဉ်ချဉ်လေး မို့ ငပိချက်လေးချက်စားရကောင်းမယ်ဆိုပီးဝယ်လာတာပါ။
အိမ်ရောက်တော့ အဖူးအပွင့်လေးတွေ..နဲနဲသုပ်စားတယ်၊ ကောင်းတယ်။
ခရမ်းချဉ်သီး၊ စိမ်းစားငပိလေးနဲ့ ငပိချက်လေးလဲချက်စားတယ်။ ကောင်းမှကောင်း။း)))

Comments

  1. ဆောင်းနှင်း အကြိုက်ဆုံးးး အစားးအစာ ...
    မစားရတောင် တော်တော်ကြာပေါ့ ...

    ရန်ကုန်မှာတော့ တော်တော် နုနု ရဖို့ခက်တယ် ..

    ReplyDelete
  2. အင်း စားချင်တယ်...ပိုလွမ်းအောင် ကူးကူးကတော့ လုပ်ပြီ...

    ReplyDelete
  3. ကောင်းမယ့်ပုံပဲ.. မန်ကျည်းရွက်မစားရတာ ကြာလှပြီ

    ReplyDelete
  4. ကောင်းလိုက်တာ..မစားရတာ ကြာလှပြီ...မန်ကျည်းဖူးလေးတွေဆုပ်၊ အ၀ါရောင်အလုံးလေးတွေလုပ်ပြီး ရောင်းတာကို ပုစွန်ခြောက်ငပိနဲ့ကြော်စားတာ သိပ်ကြိုက်တာ။ မန်ကျည်းရွက်ကြော်လည်း ကြိုက်ပါတယ်။

    ReplyDelete
  5. မ လာလည်သွားပါတယ် ခင်ခွင့်ပြုနော်
    မစူးနွယ်အိမ်သွားသွားရှုပ်ရင်း မဆီလည်းလာရှုပ်တာ
    မန်ကျည်းရွက်နုသုပ် ညီမလည်းတအားကြိုက်တယ်သိလား..

    ReplyDelete
  6. မန်ကျည်းပွင့် မစားဖူးဘူး..
    မန်ကျည်းရွက်ချဉ်ရေတော့ မကြာမကြာစားဖူးတယ်..
    ကူးကူးရေ..
    ရက်စက်တာကို လာဖတ်တဲ့အတွက် ကျေးဇူး..
    ဟီးးဟီး

    ReplyDelete
  7. @ ဆောင်း.. ဟုတ်တယ်. ရန်ကုန်မှာ အနုဝယ်ဖို့ မလွယ်ဖူး။ အပင်ရှိရင်တစ်မျိုးပေါ့.. ကူးတို့ ဒဂုံမှာလေ သူများလာလာရောင်းတယ်၊ အပင်ပေါ်တက်ပီးခူးတဲ့ကလေးတွေ
    ကာရံ..း) ဟုတ်ပါ့နော်.. အခုရှိတုန်းလေး တင်ထားတာပါ နှိပ်စက်တာဟုတ်ပါဘူး။ နောက် မရှိတဲ့နေရာရောက်ရင် အလွမ်းပြေကြည့်လို့ရအောင်

    စူးနွယ်။ အလုံးလေးတွေဆုပ်ပီးရောင်းတာ.မစားဖူးသေးဘူး. စားကြည့်ချင်တယ်။

    ကျော်နှင်းဆီ.. ဟုတ်ခင်လို့ရပါတယ်။ ဟီးဟီး..

    ပေါက်စ်.... ရက်စက်တယ်..း))

    ReplyDelete
  8. ဟယ် မန်ကျည်းရွက်နုသုတ်လေး စားချင်လာပြီ... ရှလွတ်.. ပုံတွေ့တာနဲ့ သရေ ကျလာတယ်...

    ReplyDelete
  9. မန်ကျည်းရွက်သုတ်လေး မစားရတာ တကယ်ပါ နှစ်နဲ့ချီပြီ၊ အဲဒီထဲမှာ အမေသုတ်တာပိုကြိုက်တယ်၊

    ReplyDelete
  10. စားချင်လိုက်တာ..မန်ကျည်းရွက်ရှာ ပြီး စန္ဒကူးပြော သလိုသုတ်စားကြည့်မယ်..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။