ကူးကူးဘလော့ ဘာဘဲတင်တင်အရင်ဆုံးရောက်ရောက်လာတတ်တဲ့ ညီမလေး(နှိုင်း) က c-box မှာသူ့အတွက် ချက်ပီးမတင်ပေးလို့စိတ်ကောက်နေလေရဲ့.. သူ့အကြိုက်ငပိချက်လေးနဲ့တို့စရာ ဒီညနေတစ်ကူးတစ်က လုပ်ပီးတင်ပေးလိုက်ပါတယ်။ ငပိချက်လုပ်ဖို့အတွက်ရေကြိုငါးငပိမရှိတဲ့အတွက် ထိုင်းကလာတဲ့ ငပိရည်ကျိုအမှုန့်ဗူးကိုသုံးပါတယ်။ ငပိရည်ဖျော်လုပ်စားလဲကောင်းတယ်၊ အမှုန့်လေးကိုရေအေးလေးနဲ့ဖျော်ထည့်ကြိုလိုက်ရုံပါဘဲ။ ငပိချက်အတွက်တော့ ခရမ်းချဉ်သီး ပုဇွန်ခြောက်အနည်းငယ် ကြက်သွန်နီတစ်လုံး ကြက်သွန်ဖြူနှစ်မွှာ ငါးငပိရည်အနည်းငယ်ဆိုရပါပီ။ မျှင်ငပိသုံးတဲ့ငပိချက်က အအီလွယ်လို့ ကျွန်မကတော့ ငါးငပိချက်ဘဲ စားဖြစ်တာများတယ်။ ရုံးကပြန်အရောက်.. အမြန်လုချက်ရလို့ အလွယ်နည်းသုံးပါ။ ဆီပူပူမှာ ခရမ်းချဉ်သီးလှီးထားတာထည့်ကြော်လိုက်တယ်၊ မွှေးလာမှ ကြက်သွန်ဖြူနီ တောက်တောက်စင်း ထားတာထည့်၊ ပုဇွန်ခြောက်အနည်းငယ်နည့်၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်... (မွှန်တယ်နော်သတိထား) နောက်ဆုံးအားလုံးနူးပီးလိုချင်တဲ့အနေထားရောက်မှ ငပိရည်အမှုန့်ကိုရေအေးလေးနဲ့ဖျော်ပီး လောင်းထည့် လိုက်ရုံပါဘဲ။ ဆားလိုသလောက်ထည့်ပါ၊ ငပိအမှုန့်က မငံဘူး။ နဲနဲေ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။