Skip to main content

Super Fresh ဂဏန်းဟင်း

ကျွန်မရောက်သွားတဲ့ကျွန်းလေးမှာ နေ့လည်စာစားဖို့လိုက်ပတ်ရင်းရှာရင်းနဲ့.. တစ်ကျွန်းလုံးနီးပါ.. ဆိုင်တွေပိတ်ထားတယ်၊ tourist တွေအလာများတဲ့အချိန်မဟုတ်ရင် ဟင်းတောင်ချက်စားကြရဲ့လား မသိဘူး။  နောက်ဆုံးမှာတော့ Daddy's Cafe ဆိုတဲ့ဆိုင်တစ်ဆိုင်တွေ့တယ်.. စားပွဲထိုးကောင်လေး တွေ ထိုင်နေတယ်.. ဆိုင်က တာဝန်ခံ ၀တုတ်တုတ်မဲမဲ ဦးလေးကြီးကတော့ ကားဖြေးဖြေးမောင်းပီး ဆိုင်ကိုလှမ်းကြည့်စပ်စုနေတဲ့ကျွန်မတို့ကို သူ့ဆိုင်လာဖို့ အတင်းလှမ်းခေါ်နေတယ်။
ကားကိုဆိုင်အကျော်၊ ပင်လယ်စပ်သောင်ပြင်မှာပေါက်နေတဲ့ အပင်ကြီးတစ်ပင်အောက်ထိုးရပ်လိုက်ပီး အပြင်ထွက်လိုက်တော့ အပေါ်က ဓာတ်တိုင်မီးကြိုးပေါ်မှာ မျောက်တစ်ကောင်... ဘာတွေစားနေလဲမသိ တောသားကျွန်မမျောက်တွေ့တော့ ပျော်တာပေါ့.. ဟယ်ဟိုမှာ မျောက်မျောက်ဆိုထအော်တာဘဲ။
မျောက်ကခပ်တည်တည်နဲ့ တစ်ချက်ငုံ့ကြည့်ပီး အရေးတောင်မလုပ်ဘူး။
ဆိုင်ထဲဝင်သွားတော့ မှန်ကန်တွေထဲကို ပင်လယ်က ဂဏန်းတွေလာထည့်နေတာတွေ့တယ်..

အဲဒီထဲက အကြီးဆုံးနဲ့ လှတယ်ထင်တဲ့ဂဏန်းကို ဓာတ်ပုံရိုက်လိုက်တယ်။ ရုပ်ဆိုးတဲ့ဂဏန်းတော့ရိုက် ချင်ဘူးလေ။
ပင်လယ်ပြင်ကိုမျက်နှာမူထားပြီး သဲပေါ်ချခင်းထားတဲ့စားပွဲမှာဝင်ထိုင်ရင်း menu ကြည့်လိုက်တော့ စားလို့ ရမယ်ထင်တဲ့ဟာတစ်ခုမှမတွေ့ဘူး၊ ထုံးစံအတိုင်း အသစ်ဆန်း စမ်းကြည့်ချင်တာတစ်ကြောင်း... စားပွဲထိုး လေးအညွှန်းကောင်းတာကြောင့် ဂဏန်းတုံယမ်း နဲ့ ဂဏန်းဟင်း.. မှာလိုက်တယ်။
စားကြည့်တာ တော်တော်ချိုတယ်..  မစားတတ်တော့ သူများခွာပေးတာထိုင်မျှော်နေရသေးတယ်လေ။
banana split.. လေးလဲထပ်မှာလိုက်သေးတယ်.. ဌက်ပျောသီးသေးသေးလေးမြင်တော့ ဓာတ်ကြိုးတွေ ပေါ် ထိုင်ထိုင်နေတတ်တဲ့မျောက်ကိုလှမ်းကြည့်မိသေးတယ်.. (သူများခူးလာပေးသလားလို့)
စားသောက်ပီးပြန်အထွက်မှာတော့ ဈေးကြီးလွန်းလို့ နောက်မလာတော့ဘူးလို့ အချင်းချင်းအတင်းတုပ် နေလိုက်သေးတယ်။  ပြန်အထွက်မှာ မှန်ကန်နားဖြတ်အသွား ဂဏန်းတွေရှိတော့ဘူး။
လိုက်ကျွေးတဲ့သူကပြောပါတယ်... ဘယ်ရှိတော့မလဲ ခုဏက စားလိုက်ပီလေတဲ့...   အော်အော်.. သနားပါ တယ်။ ...  သူတို့ကိုသတ်မယ်မှန်းသိရင်မစားပါဘူးရယ်လို့။  
စားပွဲထိုးဦးလေးကြီးက လတ်လတ်ဆတ်ဆတ် သတ်ပီးချက်ပေးလိုက်တာကို ဂုဏ်ယူပီး ရှင်းပြနေတုံး... ဆိုင်ထဲကအမြန် အပြေးတစ်ပိုင်းထွက်ခဲ့တယ်။း))))..


Comments

  1. စားချင်တယ်လို့ပြောရခက်လိုက်တာ

    ReplyDelete
  2. ကူးကူးလေးရေ့
    မမကွမ်ပြောသလိုပဲ စားချင်တယ်လို့ ပြောရခက်တယ်ဆိုပေမယ့်လေ ကဏန်းကြိုက်မိသူမို့ ဂလုပဲ လုပ်ခဲ့ပါတယ်။
    နေကောင်းပြီးလားညီမလေးရေ့
    အိမ်မှာရော အင်တာနက် ပြန်ရပြီလား။
    ချစ်ခင်စွာဖြင့်
    မမလု

    ReplyDelete
  3. ကူးကူးလေးရေ့
    မမကွမ်ပြောသလိုပဲ စားချင်တယ်လို့ ပြောရခက်တယ်ဆိုပေမယ့်လေ ကဏန်းကြိုက်မိသူမို့ ဂလုပဲ လုပ်ခဲ့ပါတယ်။
    နေကောင်းပြီးလားညီမလေးရေ့
    အိမ်မှာရော အင်တာနက် ပြန်ရပြီလား။
    ချစ်ခင်စွာဖြင့်
    မမလု

    ReplyDelete
  4. ချစ်အုန်းဖေJuly 22, 2010 at 1:17 AM

    တရားကြစရာပဲ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ