ကူးကူးဘလော့ ဘာဘဲတင်တင်အရင်ဆုံးရောက်ရောက်လာတတ်တဲ့ ညီမလေး(နှိုင်း) က c-box မှာသူ့အတွက် ချက်ပီးမတင်ပေးလို့စိတ်ကောက်နေလေရဲ့.. သူ့အကြိုက်ငပိချက်လေးနဲ့တို့စရာ ဒီညနေတစ်ကူးတစ်က လုပ်ပီးတင်ပေးလိုက်ပါတယ်။
ငပိချက်လုပ်ဖို့အတွက်ရေကြိုငါးငပိမရှိတဲ့အတွက် ထိုင်းကလာတဲ့ ငပိရည်ကျိုအမှုန့်ဗူးကိုသုံးပါတယ်။
ငပိရည်ဖျော်လုပ်စားလဲကောင်းတယ်၊ အမှုန့်လေးကိုရေအေးလေးနဲ့ဖျော်ထည့်ကြိုလိုက်ရုံပါဘဲ။
ငပိချက်အတွက်တော့
ခရမ်းချဉ်သီး
ပုဇွန်ခြောက်အနည်းငယ်
ကြက်သွန်နီတစ်လုံး
ကြက်သွန်ဖြူနှစ်မွှာ
ငါးငပိရည်အနည်းငယ်ဆိုရပါပီ။ မျှင်ငပိသုံးတဲ့ငပိချက်က အအီလွယ်လို့ ကျွန်မကတော့ ငါးငပိချက်ဘဲ စားဖြစ်တာများတယ်။
ရုံးကပြန်အရောက်.. အမြန်လုချက်ရလို့ အလွယ်နည်းသုံးပါ။
ဆီပူပူမှာ ခရမ်းချဉ်သီးလှီးထားတာထည့်ကြော်လိုက်တယ်၊ မွှေးလာမှ ကြက်သွန်ဖြူနီ တောက်တောက်စင်း ထားတာထည့်၊ ပုဇွန်ခြောက်အနည်းငယ်နည့်၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်... (မွှန်တယ်နော်သတိထား) နောက်ဆုံးအားလုံးနူးပီးလိုချင်တဲ့အနေထားရောက်မှ ငပိရည်အမှုန့်ကိုရေအေးလေးနဲ့ဖျော်ပီး လောင်းထည့် လိုက်ရုံပါဘဲ။ ဆားလိုသလောက်ထည့်ပါ၊ ငပိအမှုန့်က မငံဘူး။ နဲနဲလောက် ခန်းအောင်တည်လိုက်ရင် ငပိချက်တစ်ခွက်ရပီ။ အလွယ်နည်းပေမယ့်အရသာမရှိဘူးမပြောနဲ့နော်။ စမ်းကြည့်မှသိမှာ..း))
ငပိချက်ဆိုတာနဲ့ နောက်ဆက်တွဲမပါမဖြစ် တို့စရာအတွက်..ရေခဲသေတ္တာထဲကရှိသမျှအရွက်တွေထုတ်..
ရေစင်အောင်ဆေးထားပီး ရေနွေးပွက်ပွက်ထဲ ဆားနဲနဲထည့်ပီး အရွက်စိမ်းတွေထည့်ပြုပ်လိုက်ရုံပါဘဲ။ အချို့ကတော့အရွက်တွေစိမ်းနေအောင်ရေအေးနဲ့ဆေးတယ်၊ အဟာရတွေရော့ကုန်မှာဆိုးလို့ ခပ်စိမ်းစိမ်း လေး အနေထားမှာဘဲ ရေစစ်ပီးဆယ်ထားလိုက်တယ်။ သူ့အငွေ့နဲ့သူ ကျက်သွားပါတယ်။
မုန်လာဥချဉ်ကတော့ မမလုလု နည်းအတိုင်းလေ့ကျင့်လုပ်ထားတာပါ။ ငပိချက်အနံ့လေးနဲ့ မုန်လာဥချဉ်အနံ့ လေးနဲ့တင်ဗိုက်ဆာလာမှာအမှန်ဘဲ...ဟင်းသီးရွက်စိမ်းစိမ်းလေးတွေနဲ့တို့စား....
ထမင်းဖြူဖြူလေးနဲ့... ကဲ မကောင်းဘူးလား။။။
နှိုင်းလဲအ၀စားသွားနော်။

ဖတ်ရင်းနဲ့ သွားရည်ကျတယ်၊ တကယ်။
ReplyDeleteခရမ်းချဉ်သီးချက်နဲ့အတို့ကတော့ရှယ်ပဲ...အပြုံးပန်းပြောသလို တကယ်သွားရည်ကျတယ်
ReplyDeleteလိုင်းမကောင်းလို့ နောက်မှ ရောက်လာတာ..ခွင့်လွှတ်
ReplyDeleteမျက်စိမှိတ်ပြီးတော့ကို အားရပါးရစားသွာတယ်..နှိုင်း ကူးကူးလေးသနားပါတယ်..သူ့ခမျာ
ရုံးအပြန်ကပျာကသီချက်ရတာဆိုတော့ ပင်ပန်းမှာပဲနော်..။ ကူးလေးရေ
ကျေးဇူး..များစွာ..များစွာ
:) :) :)
တို့အတွက်မဟုတ်ဘူးဆိုလည်း စားမှာပဲ။
ReplyDeleteဟိဟိ။ နှိုင်းရေ မမလုကိုလည်း နည်းနည်းမျှကျွေးနော်။ တစ်ယောက်တည်းမစားနဲ့နော်။
ငါးပိချက်ရယ် တို့စရာရယ် ကမ္ဘာမှာ အကောင်းဆုံးမိနူးပဲ။ သူ့လောက်ကောင်းတာ မရှိ။
ဟားးး...အကြိုက်တူတဲ့လူ နောက်တစ်ယောက်တွေ့ပြီဟေ့..။
ReplyDeleteစား..မမလုရေ...ကျွေးတယ်..ကျွေးတယ်။
မမလုအိမ်ကိုလဲ နှိုင်းလာစာအုံးမှာ..:)
နှိုင်း...တင်မကဘူး..
ReplyDeleteနှိုင်းရဲ့သူငယ်ချင်း အဖြူရောင်နတ်သမီးကပါ...
ဝင်ကြိတ်သွားပါတယ်...
ငပိချက်ဆိုရင် စိတ်မထိမ်းနိုင်လို့...
ဟီး
မကောင်းဘူး သွေးတိုးလိမ့်မယ်။
ReplyDeleteထမင်းစားမြိန်မှာသေချာတယ်... ဒီလိုမျိုးလေးစားရရင်
ReplyDelete