ဒီဇင်ဘာရောက်တော့မယ်။ အိမ်ပြန်ဖို့ရက်လဲနီးလာပြီလေ။ အခုတစ်လော နှစ်ရှည်ဝေဒနာ တစ်ခုပြန်ဒုက္ခပေးလို့ ဆေးရုံနဲ့အိမ် နှစ်ပါးသွားနေရတယ်။ အထူးသဖြင့်ရုံးမှာ တစ်နေကုန်နီးပါးထိုင်တဲ့သူတွေ၊ ကွန်ပြူတာရှေ့မှာ ထိုင်စာရေး၊ စာဖတ် မလှုပ်မယှက်နေတဲ့သူအများစု ခံစားရတဲ့ဝေဒနာနဲ့စပ်ဆက်နေတယ်။ လည်ပင်းအနောက်၊ ပုခုံး၊ နောက်ကြောဘက်တွေမှာ မခံမရပ်နိုင်အထဲက ဆွဲ ဆိတ်နေသလို ခံရတာ။ လေ့ကျင့်ခန်းလုပ်လဲ မထူးလာဘူး၊ အရမ်းကိုက်နေတာ တစ်ခါတစ်လေ အိပ်မရဘူး။ တစ်နှစ် ကျော်လောက် သတိထားမိတာ ဆေးရုံသွားတော့ ဆေးတွေပေးလိုက်ရော။ ဒါနဲ့ အဲဒီဆေးတွေက allergic ဖြစ်ပီး အဲဒါကိုပြန်ထပ်ကုရတာ နောက် ၃ ပတ်၊ အဲနောက်ခရီးသွားတော့ မေ့နေရာက တစ်ရက်ပစ္စည်းနဲနဲလေးတာသယ်မိရာကနေ ထပ်ပီးကိုက်လိုက်တာ မခံမရပ်နိုင်ဖြစ်ရော။ ဒါနဲ့ ဟိုတယ်က အမကြီးက တရုတ်ဆေးဆရာကောင်းတယ်ညွှန်းတာနဲ့ တရုတ်ဆေးဆရာရှာတာ မတွေ့ဘဲ နောက်ဆုံး body relax spa ရောက်သွားပါလေရော။ အဲဒီက ကောင်မလေး နှိပ်ပီး ပြန်ရောက်တာနဲ့ အရမ်းကိုအိပ်ချင်တာ၊ အိပ်ရာလဲနိုးရော တစ်ကိုယ်လုံးလှုပ်မရတော့ဘူး။ ကြိုးစားပီး ဟိုလှည့်ဒီလှည့်လုပ်တော့ တစ်ခြမ်းက ရသေးတယ်၊ ကျန်တဲ့တစ်ခြမ်းက ခေါင်းလဲလှည့် မရ၊ လူက စက်ရုပ်လိုဖြစ်နေတာ၊ ညသန်းခေါင်ြ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။