ငယ်ငယ်ကလုံးဝမစားခဲ့တဲ့အစာတွေ အခုအသက်လေးရလာတော့ အကြိုက်တွေပြောင်းကုန်တယ်။ ဆန်ပြုတ် ဆို ဖျားရင်တောင်မစားခဲ့ဘူး။ ပဲမြစ်လဲအရင်ကလုံးဝကိုမစားခဲ့တာ.. အခုတော့ ကြိုက်တတ်နေပြီ။
ဆန်ပြုတ်လဲ ဒီနှစ်ထဲမှာမှ အန်တီတစ်ယောက်ပြုပ်ထားတာ အတင်းကျွေးလို့စားမိရာက အရမ်းကိုကြိုက်သွား တယ်။ ကချင်ဆန်ပြုတ်ဆိုလား၊ ပျစ်ပျစ်လေးနဲ့ အရမ်းစားလို့ကောင်း။
ဒီမှာ ဈေးနေ့ဆို ဆန်ပြုတ်ရောင်းတယ်၊ တစ်ခေါက်သွားဝယ်စားမလို့ သူက porridge chicken/ pork ဆိုတော့ ပန်းကန်ထဲထည့်နေရင်း ကျွန်မက chicken, no pork OK? ဆိုတော့သူတို့က ရတယ်ရတယ် ဆိုပီး ကျွန်မ ရှေ့မှာတင် ခွက်ထဲက ၀က်သားဖတ်တွေခပ်ထုတ်နေတယ်၊ ရီလဲရီချင်တယ်.မစားတော့ဘူးပြန်လှည့်ခဲ့တယ်။
ဆန်ပြုတ်ကို ထမင်းလွတ်တော့စားလို့မဖြစ်ဘူး၊ ကျွန်မ ထမင်းပျော့ပျော့စားရင်တောင်ခဏခဏဗိုက်ဆာ တတ် တယ်။ အဲတော့ စားချင်တဲ့ဆန်ပြုတ်ကို ဒီတစ်ခါတော့ ပထမဆုံးကိုယ်တိုင်ပြုပ်ပါတယ်။ ပထမဆုံးငါး ကို ဂျင်းနဲနဲ နဲ့ထည့်ပြုပ်ပါမယ်။
ငါးမဟုတ်ဘဲ ကြက်သားနဲ့ဆိုရင်တော့ ဆန်ကိုစပြုပ်တဲ့အချိန်မှာ တစ်ခါတည်းရောပြုပ်လိုက်ရုံပါ။

- ငါးပြုပ်အသားနွှာ
- ဂျင်းအနည်းငယ်
- ငရုတ်ကောင်း
- ကြက်သွန်နီ
- ကြက်သွန်ဖြူဆီချက်
- ကြက်သွန်မိတ်
- ငရုတ်သီးမှုန့်
- သံပုရာသီ
ငါးမဟုတ်ဘဲ ကြက်သားနဲ့ဆိုရင်တော့ ဆန်ကိုစပြုပ်တဲ့အချိန်မှာ တစ်ခါတည်းရောပြုပ်လိုက်ရုံပါ။
ကျမလည်း အတူတူပဲ အရင်ကဆန်ပြုပ်မစား
ReplyDeleteတတ်ဘူးအခုတော့ အရမ်းကြိုက်တယ်။ ဘဲသား
ဆန်ပြုပ်ငါးရံ့ ဆန်ပြုပ်၊ ကြက်သားဆန်ပြုပ်၊ ထိုင်းကဆန်ပြုပ်ကို နံနက်စာ အဖြစ်စားကြတယ်။ ရောက်တုန်းဝယ်စားတာ အရမ်းကောင်းတာပဲ။ ဂျင်းဖတ်မျှင်မျှင်လေးနဲ့ အသားကိုငါးဆုပ်လုံးလေး
တွေလို လုပ်ပြီး ကြက်သွန်မိတ်၊ ငရုတ်သီးမှုန့်နဲ့ စားလို့အရမ်းကောင်းတယ်။ ဒီမှာတော့ ဆန်ပြုပ်အတွက် သီးသန့် ထိုင်းက စကွဲတွေရတယ် တမင်လုပ်ထားပုံပဲ။ အရမ်းမွှေးတာပဲ။
ဟုတ်တယ် ခုမှ ဆန်ပြုတ်ကြိုက်တတ်လာတာ။ အိမ်မှာတော့ maggie ကဆန်ပြုတ်ထုတ်ပြုတ်လိုက်တာပဲ။ ဆေးဘဲဥ၊ ကြက်သွန်မိတ် နဲ့ ငရုပ်ကောင်းထည့်စားရင် အရမ်းစားလို့ကောင်းတယ်။
ReplyDeleteတို့လဲ ဆန်ပြုတ်ဆို ချဉ်ငန်စပ်စားတယ် :)
ReplyDeleteဆန်ပြုတ်ကိုသံပုရာရည်ငရုတ်သီးမှုန့်နဲ့မစားဘူးသေးဘူး။
ReplyDeleteစားကြည့်အုံးမယ်။ကျမလည်းဆန်ပြုတ်ကြိုက်တယ်။
ကူးကူးရေ
ReplyDeleteဆန်ပြုတ်ကို သံပရာသီးညှစ်ပြီးတော့ မစားဘူးဘူး
စားချင်စရာ ငါးဆန်ပြုတ်လေးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ငယ်ကတည်းက ဆန်ပြုပ်ကြိုက်တယ်..။
ReplyDeleteအိမ်က ဆိုင်ကြောင့် ကြက်ရိုးတွေပေါများနေတတ်တယ်။
ဆိုတော့..ကြက်ရိုး ကြက်တောင်ပံ ကြက်ခြေထောက်စွပ်ပြုပ် လုပ်စားဖြစ်တယ်..။
အခုဒီမှာက ကြက်သား ရယ် မုန်လာထုတ်တွေရယ်
ရောပြီး ချက်တဲ့ ဆန်ပြုပ်ကြိုက်တယ်..။
အီကြာကွေးနဲ့ စားရတဲ့ဆန်ပြုပ်လဲကြိုက်တယ်။
ငြုပ်သီးမှုန့် သံပုရာသီးနဲ့တော့ မစားဖူးဘူး။
ပေါက်
ဆန်ပြုတ်ကြိုက်တာများ ပြောမပြောချင်ဘူး ငယ်တုန်းကလေ ဖျားပြီဆိုအရမ်းပျော်တာ
ReplyDeleteဘာလို့ဆိုတော့ ဆန်ပြုတ်စားရတော့မယ်ဆိုပြီးလေ..
အိမ်မှာက ဒီတိုင်းဆော့ဆန်ပြုတ်မစားကြဘူး ဖျားမှ ဆိုင်ကနေ ၀ယ်ကျွေးတာဆိုတော့ ဖျားပြီဆိုသိပ်ပျော်တာဘဲ...
ခုထိလည်းဆန်ပြုတ်ကြိုက်တုန်း
ကချင်ဆန်ပြုတ်တော့ အရွက်လေးတွေပါ ပါတယ်လေ..
ကြိုက်တယ်.. ဆန်ပြုတ်ဆို ဘယ်လိုပြုတ်ပြုတ်ကြိုက်ပြီးသားဘဲ..
ဆန်ပြုတ်ကို နေမကောင်းရင်တောင် မစားဘူး။ ခုလို သံပုရာသီး၊ ငရုတ်သီးမှုန့်နဲ့ဆိုတော့ စားချင်လာပြီ။ ချဉ်စပ်လေးဆို ကြိုက်တတ်တယ်လေ။ ပြုတ်သောက်ကြည့်ဦးမယ် မမကူးရေ။
ReplyDeleteချမ်းအေးအေးနဲ့ ဆန်ပြုတ်ပူပူလေး သောက်သွားပါတယ် ကူးရေ...
ReplyDeleteသွေးတိုးသမားနော် သတိထား.... အစားတွေ ဆင်ခြင်ဦး :P :P :P
ReplyDeleteငါးဆန်ပြုတ်လေး သောက်သွားပါတယ်.. :)
ReplyDeleteသွေးတိုးသမားပေမယ့် ဆန်ပြုပ်လေးတော့သောက်ခွင့်ပေးပါကွယ်..ကွိရယ်..း))) ဟီးးး
ReplyDeleteဆန်ပြုတ်လေး လာမြည်းကြည့်သွားတယ် မမကူးရေ... စကားမစပ်လေ မမမှာ Facebook ရှိလားပာင်။ ရို့စ် ဖေ့ဘုတ်မှာ စန္ဒကူး Sandakuu ဆိုတဲ့ နာမည်နဲ့ သွားအက်ဒ်ထားတယ်။ မမမှ ပာုတ်ပါ့မလားလို့။ အခုက နာမည်ကြီးတဲ့ သူတွေဆို အတုတွေ လုပ်ပြီး Facebook Account တွေ လုပ်ကြတယ်လေ။ အဲ့ဒါကြောင့် မေးတာ။ မမနဲ့ ခင်ချင်တယ်။
ReplyDeleteI used to be able to find good advice from
ReplyDeleteyour content.
Also visit my homepage :: http://rhiyo.com/dlcwiki/index.php?title=User:KristyDry
Useful info. Fortunate me I discovered your website accidentally, and I'm stunned why this accident didn't came about earlier!
ReplyDeleteI bookmarked it.
Feel free to surf to my web blog: ford ranger