ညနေခင်းတစ်ခုမှာ ရောက်ဖြစ်ခဲ့တဲ့ Canadian Museum of Nature ကပုံလေးတွေ တင်ပေးလိုက်ပါတယ်။အနားဖြတ်သွားတော့ရုပ်လုံးဖော်ထားတဲ့အကောင်ကြီးတွေ အဆောက်ဦးဘေးမှာ ဆင်ထားတာတွေ တွေ့တော့ စိတ်ဝင်စားလို့ဝင်သွားတာ.. ကြည့်လို့ မကုန်နိုင်တော့ပါဘူး.... အရမ်းလဲစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်မလို အကောင်လေးတွေချစ်တဲ့သူ အတွက်တော့အတော်ပါဘဲ။အရင်ဆုံးseamonsters3D၀င်ကြည့်တယ်။ ပြီးတော့မှ ပြခန်းတစ်ထပ်ခြင်းဆီကိုအသေးစိတ်လိုက်ကြည့်ပါတယ်။ ဒိုင်နိုဆော ကြီးတွေရဲ့ ရုပ် ကြွင်းတွေရှိတယ်.. အခုခေတ်မှာအဲလောက်ကြီးတဲ့အကောင်တွေရှိရင်မလွယ်ဘူး။ အကောင်တွေအကုန်ကို ရုပ်လုံးသွင်းထားတာ သိပ်အသက်ဝင်တယ်။ ကြာသပတေးနေ့ ညနေ ၅ နာရီနောက်ပိုင်းဆို free admission ပါ။ ကျန်တဲ့အချိန် တွေ admission fees ကို ဒီမှာ သွားကြည့်နိုင်ပါတယ်။ ဒါကတော့ animalium ထဲက သက်ရှိအကောင်လေးတွေပါ။ အသည်းယားဖို့ကောင်း တယ်။ အချို့အကောင်စိမ်းလေးတွေဆို သစ်ရွက်နဲ့ တစ်ထပ်တည်းဘဲ။ သဘာဝ ကအင်မတန်ဆန်းကြယ်တယ်။
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။