အစည်းဝေးတက်ဖို့ ခရီးသွားရင်းနဲ့ အစီစဉ်စာရွက်ထဲမှာ အားလပ်ချိန်လည်ပတ်ရမယ့် စာရင်းထဲက ပထဆုံးသွားလည်မယ့်နေရာ The Butchart garden ပါ။ ဒါပေမယ့် Vancouver မှာ အလည်ကောင်းနေတာ နဲ့၊ Victoria ရောက်တော့ Tour ကားကိုမမှီလိုက်ဘူး။ ဒါကြောင့် အစည်းဝေးပြီးခါနီး ၁ ရက်အလိုမှာ ကျွန်မရယ်၊ ဆရာ့ ကတော်ရယ်၊ ရုံးက အမကြီးရယ်.. Butterfly Garden သွားရင်းနဲ့ တစ်ခါတည်း လှည့်ဝင်လည်ဖြစ်တယ်။ Victoria ရောက်ရင် ဒီပန်းခြံကိုရောက်မှ ခေတ်မှီတယ်ဆိုပြီးပြောလို့ရပါတယ်တဲ့.. ပန်းပေါင်းစုံ... အရောင်သွေးစုံ နဲ့ အခင်းအကျင်းအမျိုးမျိုး ကို စိတ်ဝင်စားဖွယ်တွေ့ရတယ်..
နိုင်ငံရပ်ခြား က ဧည်သည်အများစု စိတ်ဝင်တစားလာရောက်လည်ပတ်နေကြတယ်..
စာဖွဲ့ရင်တောင် ပုံတွေလောက် ခံစားလို့ရမှာမဟုတ်လို့ ပုံလေးတွေတင်ထားပေးတယ်။ လမ်းကြုံ ရောက်ခဲ့ရင် သွားလည်ဖို့လည်းတိုက်တွန်းလိုက်ပါတယ်နော်..
အဲဒီနေ့က ရာသီဥတုလေးလဲသာယာ၊ နေလဲ ပူနေတာမို့.. ဓာတ်ပုံတွေစိတ်ကြိုက်ရိုက်ခဲ့တယ်။

လှလိုက်တာ
ReplyDeleteသိပ်လှတာဘဲ။ မျှဝေပေးလို့ ကျေးဇူးပါကူးရေ..
ReplyDeleteအိုင်အိုရာ
မကူးရေ ပုံလေးတွေ လှလိုက်တာဗျာ။ တစ်ချို့ ကူးထားလိုက်တယ်နော်။
ReplyDeleteလှလိုက်တာရှင် မျက်စိအေးပြီးမောတာတွေပါပျောက်ကုန်တယ်
ReplyDeleteကျေးဇူးတင်လိုက်တာ တစ်ကယ်ပါ
မကူးကို ခင်မင်တဲ့ jasmine(မုန်လာထုပ်)
တော်တော်လှတယ် အစ်မရေ :)
ReplyDeleteဒီပန်းခြံက ကမ္ဘာ့အလှဆုံးပန်းခြံထဲမှာ တစ်ခုအပါအဝင်ဘဲနော်.
ReplyDeleteပါလဲပါချင်စရာ
သိပ်လှတာဘဲ.. တကယ်ကိုလှတယ်..
ရောက်ဖူးဘူး.. ပုံတွေထဲမှာဘဲမြင်ဖူးတာ..
ခုလည်း ပုံလေးတွေ လှလွန်းလို့ ပါးစပ်တောင် မစေ့နိုင်အောင် သဘောတွေကျပြီး ကြည့်နေမိတာ..
ကံကောင်းလိုက်တာ ကူးကူးရယ်... အားကျလိုက်တာ..
အင်း... စန္ဒကူးရဲ့ကျေးဇူးနဲ့ Butchart Garden-Victoria တော့ ရောက်ရချည်သေး။ ကြည့်ရှုပြီး မျက်စိပသာဒခံစားသွားတယ်နော်..
ReplyDeleteချမ်းမြေ့ပါစေဟု
ချယ်ရီမြေ