Skip to main content

Vancouver နေ့စွဲများ (၁)

Immigration အယောက် ၂၀၀ ကျော်လောက်တန်းစီနေတာကို စိတ်ရှည်လက်ရှည်စောင့်ပြီးတဲ့ အချိန်မှာ တော့ officer က.. ကျွန်မ passport ကိုကြည့်ပြီး.. Myanmar???? ဆိုပြီး မျက်ခုံးတစ်ချက်ပင့်ပါ တယ်။ ပြီးတော့ ကျွန်မကိုကြည့်ပီး ပြုံးစိစိနဲ့.. ဘယ်တွေသွားအုံးမလဲတဲ့..
ကျွန်မသွားမယ့် နေရာတွေရွတ်ပြတော့ သူက ok ဆိုပီး လွှတ်ပေးလိုက်တယ်.. ကိုယ့်အရှေ့က လူတွေ ကြာ နေတော့ ဘာတွေမေးနေတာလဲ ဆိုပီး စိတ်ဝင်စားမိသေးတယ်။
ကျွန်မဘယ်နေရာရောက်ရောက်၊ အရင်ဆုံးသွားချင်တဲ့နေရာက အသီးအရွက် ဈေးတန်းကိုပါ။
ဒီတစ်ခါတော့ Vancouver မှာရှိနေတုန်း နေတဲ့နေရာနဲ့လည်းနီးလို့  ရောက်ဖြစ်ခဲ့တဲ့ Choices super market  အ၀င်ဝမှာဗောက်သီးလို့မန္တလေးမှာ ခေါ်တဲ့အသီးပင်လေးတွေအရောင်စုံအသီးလေးတွေနဲ့ ရောင်းနေတာတွေ့ခဲ့တယ်..
စစချင်းတော့ ဒီအသီးလေးတွေမြင်ဖူးတယ်မှတ်နေတာ.. ငယ်ငယ်တုန်းက မန္တလေး အမှတ် (၁၆) အထက မှာ ဗောက်သီးလေးတွေကို အခွံဖတ်လေးတွေကိုဆွဲချီထားပီး... အသီးလေးတွေမှည့်ဝင်းနေတာကို မုန့်စားဆင်းချိန်တိုင်းသွားသွားဝယ်စားဖူးတာပြန်သတိရတယ်....
သလဲသီးလဲတွေ့တယ်။  မေမြို့သို့မဟုတ် ပြင်ဦးလွင်ကို လွမ်းစရာအကြောင်းပေါ်လာပြန်တယ်။  အဲဒီနေ့က ၀ယ်ဖြစ်ခဲ့တာလေးတွေပါ။  အာဝါးသီးလဲရှိတယ်.. မွှေးတယ်။









 ကနေဒါစရောက်တဲ့နေမှာ ပထမဆုံးစားခဲ့တဲ့ ညနေစာပါ။  ကျွေးတဲ့သူက ၀မ်းသာအားရ... ဒီဂျပန်စာကို အား ရပါးရကိုကျွေးချင်တာပါ.. ဒါပေမယ့် အချို့ငါးတွေစားလို့မရတဲ့ကျွန်မကတော့ေ၇ွှဖရုံသီး ဆူရှီနဲ့ အတင်းကို မျိုချခဲ့ရပါတယ်။  ဒါပေမယ့် လည်း ကိုယ်က ပျော်နေတော့ အစားသောက်က အဲလောက်အဓိကမကျ တော့ ဘူး။  နောက်ပိုင်း victoria ရောက်တော့မှ ဟော်တယ်မှာအာလူး ကိုပုံစံစုံ buffet  နဲ့ ဘဲ နှပါးသွားရတဲ့ အကြောင်း ဆက်ပါ အုံးမယ်။ 

Victoria ကိုအသွား သင်္ဘောကြီးကိုစီး.. လမ်းတစ်လျှောက်ငေးရင် နဲ့ မုန့်စားရင်းနဲ့ ပုံတစ်ချို့ရိုက်လာခဲ့တယ်။
အေးချမ်းသာယာလိုက်တာများ..ပြန်တွေးမိရင်တောင်မှ ကြည်နူးမိတယ်...


Comments

  1. သွားကျိုးစေ့လေးတွေ ၀ါးချင်စရာဗျာ။ လည်လည် မပြီးသေးပဲကိုး။ ပုံလေးတွေ လှတယ် အစ်မရေ။

    ခရီးလမ်းချောမွေ့ ပါစေဗျား။

    ReplyDelete
  2. လှလိုက်တာ... အေးချမ်းသာယာလိုက်တဲ့ မြိုကြီးနော်.. :P

    မလေး တစ်ကယ်ကို ဆက်ဖတ်ချင်မိတယ်.. တရုတ်တန်း၊ Grouse Mountain, မလေးရဲ့ ရေဆန်ငါးရှိရာ capilano suspension bridge ရောက်ခဲ့သေးတယ်ဟုတ်? Whitslter Blackcomb Ski Resort, Wreck Beach?? အဲဒီ Beach တော့ မလေး မရောက်ဖူးသေးဘူးရယ်..

    နောက်ပိုစ်များ မျှော်နေမယ်နော်.. ကူးရေ..

    ချစ်တဲ့..
    မလေး

    ReplyDelete
  3. I visit along with you by reading and longing for sequel.Beautiful photoes.I miss there and hope to visit again.
    Gyidaw

    ReplyDelete
  4. လှလိုက်တာ
    ကနေဒါကို သိပ်သဘောကျတာ...
    အေးချမ်းပြီး လှပသာယာလို့လေ..
    ကူးကူးကိုအားကျတယ်.. အဲလိုခရီးတွေ အများကြီးသွားချင်တာ...
    ကူးရေ ဓာတ်ပုံတွေ တအားလှတာဘဲ..
    အရောင်ကိုစုံနေတာဘဲ
    ကနေဒါပိုစ့်လေးတွေ မျှော်နေမယ်နော်
    ပုံတွေကြည့်ရတာသိပ်လှလို့ စိတ်ဝင်စားတယ်

    ReplyDelete
  5. လှလိုက်တာကွယ်... ကနေဒါပြောင်းနေချင်စိတ်ပေါက်သွားတယ်...

    ReplyDelete
  6. မလည်နိုင်သေးတဲ့အချိန် ကူကူးရေးပြလို့ သဘောကျနေတာ တော်တော် လှတာဘဲ
    ဆောင်း

    ReplyDelete

Post a Comment

ကူးကူးရေ...