ကျွန်မအထက်တန်းကျောင်းသူအရွယ်လောက်မှာ ပါးပါးက ကနေဒါကို အစည်းဝေး သွားတက်တယ်။ သူကပြောတယ်.. အစည်းဝေးက တိုရန်တို မှာတဲ့။ အဲဒီမှာ သူတို့တည်းတဲ့ဟိုတယ်မှာထမင်းမရှိလို့ တရုတ်တန်းဘက်ကို တစ်ကိုယ်တော့ ရှာဖွေ သွားပီးထမင်းသွားဝယ်စားတယ်ဆိုတာပြောခဲ့ဖူးတယ်။ ကျွန်မလဲ ကနေဒါရောက်မှ ဒီကလူတွေ ထမင်းအစား အာလူး နဲ့ ရွှေဖရုံသီးကို ထမင်းလိုစား နေရ သလားအောက်မေ့ရပါတယ်။ victoria က ဟိုတယ်မှာ ၂ ပတ်နီးပါး ထမင်းမစား ရလို့ အားပြတ်ခါနီးပါ။..း) ကျွန်မဒီတစ်ခေါက် ကနေဒါသွားမယ်ဆိုတော့ ပါးပါးကတိုရန်တို ကိုရောက်မလားလို့ သူက သံယောဇဉ်မပြတ်နိုင်မေးပြန်တယ်။ ရောက်ခဲ့တယ်... ဒါပေမယ့် အာရှသားတွေနေတဲ့မြို့လို့တောင်ပြောလို့ရလောက် အောင် အာရှသားတွေ အများကြီးပါ။ china town လဲရှိပါတယ်။... ပစ္စည်းတွေစုံပလုံအောင် လဲ ၀ယ်လို့ရပါ တယ်.. ပဇွန်ခြောက် နဲ့ အခြား မြန်မာအစားစာ ချက်ပြုတ်ဖို့ ပစ္စည်းအခြောက်ခြမ်း အကုန်ဝယ်လာခဲ့တယ်... ဒါပေမယ့် လူအရမ်းရှုပ်လို့ ကျွန်မတော့ တိုရန်တို ဆိုတဲ့မြို့ကြီးကို သဘောမကျခဲ့ပါဘူး။း) တရုတ်တန်းမှာ ၅၀ တန် ဓားတစ်ချောင်းတော့ဝယ်ခဲ့တယ်.. ဟင်းချက်ရင်ခုတ်ထစ်ဖို့..း)) ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။