အရင်အပတ်က ပူးပူးဆီသွားလည်ရင်းနဲ့ သူ့အကောင်လေးတွေတွေ့တော့ ကိုယ့်အကောင်လေးတွေလဲ အမှတ်တရတင်ထားဖို့စိတ်ကူးရတယ်...
kingfisher လေး သေသွားပီးကတည်းက စိတ်မကောင်းဖြစ်နေတာနဲ့ အရမ်းကို အထီးကျန်တဲ့အိမ်လေးမှာ ချစ်သူက ယုန်လေးဝယ်ပေးမယ်တဲ့... ဒါနဲ့ ယုန်က ထိမ်းသိမ်း ရခက်တာနဲ့ hamster လေးဘဲဝယ်ဖို့ဆုံးဖြတ်လိုက်တယ်..
တစ်ကယ်ပါ..မျောက်အသေးစားနှစ်ကောင်ရသလိုဘဲ.. အိပ်နေတဲ့အချိန် ပိုးလိုးပက်လက် အသေကောင်လိုအိပ်မောကျနေတာကလွဲရင်ကျန်တဲ့အချိန် ဆော့တာ မျက်စိမူးနောက်နေအောင်ကြည့်ရတယ်...
နာမည်က kooky နဲ့ luvfy... kooky ကနဲနဲဝတယ်.. တစ်ခါမှမကိုက်ဘူး..
luvfy ကတော့ ကိုက်တယ်.. သူ့ကြောင့် လက်ခဏခဏပေါက်ပီးသွေးထွက်တယ်..
အရမ်းလဲဆော့တယ်...
အရင်နှစ်ပတ်လောက်တော့ bath sand ၀ယ်ထားပေးတော့ နှစ်ကောင်လုံး သဲမှာ လူး ရေချိုးပီး အမွှေးလေးတွေမွှာားးးး နေအောင်လှလာတယ်...
အဲဒီသဲကလဲ ရှာဝယ်ရခက်သေးတယ်..
this post makes me miss my passed away hamster " lone lone"
ReplyDeletehttp://www.youtube.com/watch?v=Kugj8pJWplY&feature=channel&list=UL
ဟင်..ကင်းဖစ်ရှာလေးသေသွားပြီလား။ စိတ်မကောင်းလိုက်တာ။ ကူးဆိုတော်တော်စိတ်မကောင်းဖြစ်မှာပေါ့။
ReplyDeleteဒီကောင်လေးတွေနဲ့ တော့ပျင်းချိန်ရမှာကိုမဟုတ်ဘူးနော်။ ချစ်စရာလေးတွေ။
အိုင်အိုရာ
အကောင်လေးတွေအသည်းယာစရာဟီး
ReplyDeleteအဲလိုအကောင်းမျိုးလေးတွေကို အသဲယားတယ်။
ReplyDeleteညီမလည်း Hamster လေး လိုချင်တယ်..
ReplyDeleteခက်တာက မကိုင်ရဲဘူး :(
အရင်တီတင့်သားတွေ အိမ်မှာမွေးဘူးတယ် စန္ဒကူးရေ။ အကောင်ပေါက်တာ
ReplyDeleteအရမ်းမြန်တယ် သုံးကောင်ကနေ ၁၂ကောင်ဖြစ်လာချိန် သားကလည်း မြန်မာပြည်မှာ မရှိတော့တာနဲ့ တူလေးနဲ့ တူမလေးတို့ကို ပေးလိုက်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Candy ညီမလေးရေ... ကိုက်တယ်.. သူတို့သွားတွေအရမ်းထက်တယ်..
ReplyDeleteမမကူးလက်ဆို ခဏခဏပေါက်ပီးသွေးထွက်တယ်... တစ်ခါတစ်လေတော့မကိုက်ဘူး...
တီတင့်... ကူးအကောင်တွေက အထီးအမမသိဘူး...ဟီဟီး...
ကလေးတွေပေါက်လာရင်သေပီဆရာဘဲ...
Candy ညီမလေးရေ... ကိုက်တယ်.. သူတို့သွားတွေအရမ်းထက်တယ်..
ReplyDeleteမမကူးလက်ဆို ခဏခဏပေါက်ပီးသွေးထွက်တယ်... တစ်ခါတစ်လေတော့မကိုက်ဘူး...
တီတင့်... ကူးအကောင်တွေက အထီးအမမသိဘူး...ဟီဟီး...
ကလေးတွေပေါက်လာရင်သေပီဆရာဘဲ...
ဘရဏီလည်း မွေးဘူးတယ် ။တီတင့် ပြောသလိုဘဲ အကောင်ပွားတာ အရမ်းမြန်တယ်။
ReplyDeleteအိ အရှိန်ရသွားပြီပေါ့ သတ္တ၀ါမွေးတာ ကောင်းပါတယ်အထီးမကျန်ဘူးပေါ့ ဒါပေမယ့် ကူးရယ်တစ်ကယ်ခင်တွယ်လာတဲ့အချိန်ကျမှ ဒင်းတို့သေသွားတာမျိုးဆိုယင်တအားစိတ်ဆင်းရဲရတယ် အဲဒါကြောင့်ဥဥဆိုဘာကောင်မှမမွေးတော့ဘူးအရမ်းလိမ္မာတဲ့ဥဥရဲ့ကြက်တူရွေးလေးသေသွားပြီးတည်းကပေါ့ သံယောဇဉ်မထားတာကောင်းပါတယ်
ReplyDeleteခင်တဲ့
ဥဥ
၆လ ကျော်ရင် အကောင်ပေါက်နှုန်း နည်းသွားတယ်..သူတို့  သက်တမ်းက ၂နှစ်လောက်ဆိုတော့ သေသွားရင် ခံစားရပြန်တယ်..သူတို့  ပြုမူပုံလေးတွေ ကြည့်ရတာ အရမ်းချစ်ဖို့ ကောင်းတယ်...
ReplyDeleteဟုတ်တယ်.. သံယောဇဉ်ဆိုတာမျိုးက ခက်တယ်..
ReplyDeleteတွယ်လာမှန်းသိရင်ခပ်ဝေးဝေးနေနိုင်မှတော်ရုံကျတယ်..း(
တော်တော်ချစ်ဖို့ကောင်းတယ်နော်............
ReplyDeleteလူလည်းယဉ်တယ်.......