ဆန်ပြုတ်ကြိုက်တတ်လာတဲ့ကျွန်မအတွက် နောက်ထပ်နည်းသစ်တစ်မျိုးပါ။
ကျွန်မနေတဲ့ နေရာမှာ ရွှေဖရုံသီးတွေအများကြီးရှိတယ်။ အရင်က ခဏခဏ၀ယ်ချက်စားဖြစ်ပေမယ့် စီးလဲမစီး၊ အရသာလဲ ဖွာတာတာနဲ့မို့ နောက်ဆို လုံးဝကိုမ၀ယ်စားတော့ဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ထိုင်းက ယူလာတဲ့မျိုးစေ့နဲ့ စိုက်ထားတဲ့အပင်ကို ခြံထဲက အင်ဒိုအရှေ့ပိုင်းကလာတဲ့ အန်တီတစ်ယောက် ကပေးထားလို့ ခပ်စီးစီးလေး ရွှေဖရုံသီးကိုစားခွင့်ရတယ်။
ခြံထဲကအလုပ်သမားတွေ ပိုင်ရှင်မရှိဘူးထင်ပြီးခူးမှာစိုးလို့နာမည်တပ်ထားတာ..း)
သူက ရွှေဖရုံသီးနဲ့ ဆန်ပြုတ်ချက်စားရင်အရမ်းကောင်းတဲ့အကြောင်းလဲပြောပြလို့ သူ့ဆီက ချက်နည်းလေးမေးထားတယ်။ သူက အင်ဒိုအရှေ့ပိုင်းကပါ။ အဲဒီဖက်က လူတွေကအသားတော်တော်ဖြူကြတယ်..တရုတ်နဲ့စပ်သလားမဆိုတတ်ဘူး။ ဂျကာတာရောက်တုန်းကလဲ အဲဒီကသူတွေ မနာဒို(အင်ဒိုအရှေ့ပိုင်း)က ဆန်ပြုတ်က နာမည်ကြီးတယ်ပြောတယ်... ဆန်ပြုတ်ပြုတ်တာကတော့လွယ်ပါတယ်။- ဆန်ကိုထည့်... ရွှေဖရုံသီးကိုပါအတုံး လေးတွေတုံးပြီးတစ်ခါတည်းထည့်ပြုတ်တာဘဲ...
- ဆန်ပြုတ်ကျက်တဲ့အခါဆန်ကျေသွားအောင်မွှေရင်းနဲ့ ရွှေဖရုံသီးလေးတွေကိုပါဖိမွှေ.. အဲဒီတော့ ဆန်ပြုတ်ကရွှေဝါရောင်လေးဖြစ်လာရော..
- ဆားလေးနဲနဲထည့်... ကျက်ခါနီးမှာ ကန်းဇွန်းရွက် နဲ့ ဟင်းနုနွယ်ရွက်ကို တောက်တောက် စဉ်းပြီးမွှေလိုက်ပါတယ်...
- စားဖို့ပြင်ဆင်တဲ့အခါမှာတော့ ကြက်သွန်ဖြူ ဆီချက်ရယ်၊ ငရုတ်သီးအနှစ်ချက်ရယ်၊ ငရုတ်ကောင်းမှုန့်ရယ်.. ငါးမုန့်ကြော်ရယ်၊ ကြက်သွန်မိတ်အကြီးကိုပါးပါးလှီးပီး...ကြိုက်တဲ့အတွဲဖက်ရောစပ်ပြီးစားလို့ရပါပီ...
ဖျားနေတော့ ဆန်ပြုတ်လေးနဲ့ ကွက်တိပဲကွာာာား)
ReplyDeletewant to eat. I like porridge very much
ReplyDeleteဒီလိုဆိုတော့လည်းစားချင်စရာ။
ReplyDeleteခက်တာကဖရုံသီးရောဆန်ပြုတ်ရောမကြိုက်တော့ကူးစီမှာအရင်လာတုတ်မှဖြစ်မယ်။ ကိုယ့်ဖာသာကိုယ်ဆိုလုပ်ဖြစ်မယ်မထင်ဘူး။
ဒါပေမဲ့ဆန်နဲနဲလေးထဲ့ပြီးအခြားအသီးအရွက်တွေကိုကူးထဲ့သလိုထဲ့လိုက်ရင်တော့ကြိုက်မှာဘဲ။း)
အိုင်အိုရာ
ဆန်ပြုတ်တော့ကြိုက်ဘူးရွှေဖရုံသီးတော့ကြိုက်တယ် :D
ReplyDeleteကျေးဇူးပါ..ဆန်ပြုတ်ကြိုက်တယ်..လုပ်စားကြည့်ပါမယ်
ReplyDeleteလုပ်စားမယ်။
ReplyDeleteမနေ့ ကတင် ဆန်ပြုတ် ပြုတ်စားရသေးတယ်။ အ၀ါရောင်ဆန်ပြုတ်လေး လှလို့ သဘောကျနေတာ
ReplyDeleteရွှေဖရုံသီးဆန်ပြုတ် တခါမှ မစားဘူးဗျို့ ..ကြုံရင် လုပ်စားဦးမယ်...
ReplyDeleteတီတင့်သားငယ်အတွက် ဘာလုပ်ကျွေးရမလဲ စဉ်းစားနေရင်း ဘလော့တကာ လျှောက်လည်ခဲ့တာ စန္ဒကူးရဲ့ မနာဒိုဆန်ပြုတ်ကိုတွေ့သွားပြီး)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တီတင့်သားငယ်လေး ကြိုက်ပါစေလို့ဆုတောင်းနေမယ်..း)))
ReplyDeleteယောက်ျားလေးတွေများများ ဆန်ပြုတ်ကြိုက်ကျဘူး..
မိန်းကလေးတော်တော်များများလည်းဆန်ပြုတ်မကြိုက်ဘူး..........
ReplyDeleteHey just wanted to give you a quick heads up. The text in your
ReplyDeletearticle seem to be running off the screen in Opera. I'm not sure if this is a format issue or something to do with web browser compatibility but I thought I'd post to
let you know. The style and design look great though! Hope you get
the problem solved soon. Many thanks
My page: ford ranger forum