ကျွန်မအထက်တန်းကျောင်းသူအရွယ်လောက်မှာ ပါးပါးက ကနေဒါကို အစည်းဝေး သွားတက်တယ်။ သူကပြောတယ်.. အစည်းဝေးက တိုရန်တို မှာတဲ့။ အဲဒီမှာ သူတို့တည်းတဲ့ဟိုတယ်မှာထမင်းမရှိလို့ တရုတ်တန်းဘက်ကို တစ်ကိုယ်တော့ ရှာဖွေ သွားပီးထမင်းသွားဝယ်စားတယ်ဆိုတာပြောခဲ့ဖူးတယ်။
ကျွန်မလဲ ကနေဒါရောက်မှ ဒီကလူတွေ ထမင်းအစား အာလူး နဲ့ ရွှေဖရုံသီးကို ထမင်းလိုစား နေရ သလားအောက်မေ့ရပါတယ်။ victoria က ဟိုတယ်မှာ ၂ ပတ်နီးပါး ထမင်းမစား ရလို့ အားပြတ်ခါနီးပါ။..း)
ကျွန်မဒီတစ်ခေါက် ကနေဒါသွားမယ်ဆိုတော့ ပါးပါးကတိုရန်တို ကိုရောက်မလားလို့ သူက သံယောဇဉ်မပြတ်နိုင်မေးပြန်တယ်။
ရောက်ခဲ့တယ်... ဒါပေမယ့် အာရှသားတွေနေတဲ့မြို့လို့တောင်ပြောလို့ရလောက် အောင် အာရှသားတွေ အများကြီးပါ။ china town လဲရှိပါတယ်။... ပစ္စည်းတွေစုံပလုံအောင် လဲ ၀ယ်လို့ရပါ တယ်.. ပဇွန်ခြောက် နဲ့ အခြား မြန်မာအစားစာ ချက်ပြုတ်ဖို့ ပစ္စည်းအခြောက်ခြမ်း အကုန်ဝယ်လာခဲ့တယ်...
ဒါပေမယ့် လူအရမ်းရှုပ်လို့ ကျွန်မတော့ တိုရန်တို ဆိုတဲ့မြို့ကြီးကို သဘောမကျခဲ့ပါဘူး။း)
တရုတ်တန်းမှာ ၅၀ တန် ဓားတစ်ချောင်းတော့ဝယ်ခဲ့တယ်.. ဟင်းချက်ရင်ခုတ်ထစ်ဖို့..း))

ဓားမပါဘူး..း))
ReplyDeleteအောက်ဆုံးကပုံလေးစားချင်လွန်းလို့..
ညှင်းဆဲရက်တယ် :P
အသီးအရွက်တွေသဘောကျတယ်
ReplyDeleteအဲဒါတွေကိုအဲမှာချက်စားဘို့ ဝယ်တာလား။
ReplyDeleteပြန်သယ်သွားဘို့ ဝယ်တာလား။း)
အောက်ဆုံးက၃ပုံမြောက်နဲ့ ၇ ပုံမြောက်ကတံတားဖရိန်ပုံတွေကိုသဘောကျတယ်။
အိုင်အိုရာ
ဓာတ်ပုံတွေက ဒါအကုန်ပဲလားဟင်..ရှိရင် ထပ်တင်ပါဦး..တိုရန်တို ရောက်ဖို့  မလွယ်တော့ သူများတွေ သွားလည်တဲ့ ဓာတ်ပုံတွေ ကြည့်ပြီး မြင်ဖူးချင်လို့ ပါ...
ReplyDeleteရှိသေးတယ်... ထပ်တင်ဖို့ အချိန်မရသေးလို့ပါ... ဖိုင်တွေပြန်စီနေရလို့..
ReplyDeleteနောက်ဆက်တင်ပေးမယ်နော်..
ဘာမှတော့ မ၀ယ်ဖြစ်ဖူး... ဓားတစ်ချောင်ဘဲ... ပြီးတော့ ပုဇွန်ခြောက်...း))
Ice cream ကစားချင်စရာကြီး....
ReplyDelete(၉)ပုံမြောက်က ဘာအသီးလဲဟင်...
ချစ်စရာကြီး...
အဲဒီချစ်စရာကြီးက ဗူးသီးလေ... ပုံလေးကတစ်မျိုးလေးဟုတ်... ဟီးဟီး
ReplyDeleteဘာမှဘူးသီးမဟုတ်ဘူး.........ဖရုံသီး......ဟားဟားသိလည်းသိဘူး...
ReplyDeleteWhat i don't realize is in truth how you're no longer actually much more smartly-favored than
ReplyDeleteyou might be now. You're very intelligent. You know therefore considerably in terms of this matter, made me personally consider it from a lot of numerous angles. Its like men and women aren't involved unless it
is something to accomplish with Girl gaga! Your own stuffs
outstanding. All the time deal with it up!
My blog post - ford ranger