မနေ့ကညီမ၀မ်းကွဲမွေးနေ့ပါ.... ဘာလုပ်ပေးရင်ကောင်းမလဲစဉ်းစားနေရင်းနဲ့..အချိန်လဲမကုန် အလွယ်တစ်ကူလုပ်လို့ရမယ့်ကျောက်ကျောဘဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ကတော့ မုန့်ဟင်းခါးချက်မယ်။ ပီဇာရယ်..ဖျော်ရည်ရယ်ပေါ့.. အုန်းနို့ကတော့လတ်လတ်ဆတ်ဆတ်ဝယ်ဖို့အချိန်မမှီတော့လို့ဗူးနဲ့ဟာကိုဘဲသုံးပြီးရေတစ်လီ တာခွဲလောက်ထည့်ပြီးရောကျိုပါတယ်။ အုန်းနို့ကျိုနေတဲ့အချိန်မှာ အာဂါးကျောက်ကျောပေါင်ဒါမှုန့်ကိုသကြားတွေနဲ့သမအောင်မွှေထား ပါတယ်။ ပြီးရင်တော့ ကျွဲကောသီးဖျော်ရည်မှုန့်ကိုပါရောထည့်မွှေလိုက်တယ်။ အုန်းနို့ပွက်ပွက်ဆူတာနဲ့ ရောသမမွှေလုပ်ထားတဲ့ ကျောက်ကျော+ကျွဲကောသီးဖျော်ရည်မှုန့်+သ ကြားမှုန့် ကိုလောင်းထည့်ပြီးမီးအေးအေးနဲ့မွှေပြီး ပျစ်လာတာနဲ့ ဗန်းထဲထည့်ပြီးအအေးခံထားလိုက် တယ်။ ရေခဲသေတ္တာကိုဖွင့်ကြည့်တော့ သခွားမွှေးတစ်ခြမ်းကျန်တာတွေ့လို့ ခြစ်ထားပြီး အရေစစ် ထားလိုက်တယ်။ အဖတ်တွေကိုတော့သတ်သတ်ဖယ်ပြီးသခွားမွှေးအရေနဲနဲကို ကျန်တဲ့အုန်းနို့ေ၇ လဲနဲနဲနဲ့ ကျောက်ကျောမှုန့်နဲနဲထည့်ပြီးထပ်ကျိုပြီး..နောက်တစ်လွှာလောင်းချလိုက်ပါတယ်။ ဟီး..ဒါပေမယ့်နှစ်လွှာတော့မဖြစ်လာဘူး...အရသာကတော့ ကျွဲကောသီး သခွားမွှေးနဲ့အုန်းနို့အရ သာချိုချဉ်လေးပါ...အပေါ်ယံကအေးတော့တင်းလာတ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။