Skip to main content

သရက်သီးပေါ်ချိန်ဝယ်

ွှအိမ်တွင်းပုန်းလုပ်နေတာကြာနေပြီဖြစ်လို့မနေ့ညနေကတော့ခြံထဲမှာသရက်သီးလိုက်ခူးမယ်
လို့စိတ်ကူးပြီးအိမ်ဘေးကအန်ကယ်လ်ဆီက၀ါးလုံးကိုတောင်း...သူကအထိပ်လေးမှာသံနဲ့အ
ကွင်းလေးလုပ်ထားတယ်။ ပြီးတော့ကျွတ်ကျွတ်အိတ်လေးကိုနန်းကြိုးနဲ့ဆွဲချီထားတယ်။ မခိုင်
ဘူး။ ဒါနဲ့ကျွန်မအိကျီင်္ညှပ်တဲ့ကလစ်(ပ်)လေးကို(၃)ခုလောက်ညှပ်ပြီးတော့သရက်သီးလိုက်ခူး
ပါတော့တယ်။ ဘာရယ်တော့မဟုတ်။ အချဉ်စားချင်တာ။သရက်သီးအစိမ်းလေးကိုအခွံနွှာ
သေးသေးလေးဖြစ်အောင်shredder နဲ့ခြစ်၊ ပြီးရင် ဆား၊ချိုမှုန့်၊ ကြက်သွန်နီပါးပါးလှီး၊ ငါးငံပြာ
ရည်၊ငရုတ်သီးစပ်စပ်၊ မျှင်ငပိဖုတ်လေးနဲ့သုပ်စား...sssssssssssss ရေးရင်းနဲ့တောင်စားချင်
လာပြီ။ အခုတော့ အပင်ပေါ်မှာအစိမ်းတစ်ချို့သာကျန်တယ်သရက်သီးတွေမှည့်တဲ့အချိန်ရောက်
နေပြီ..တစ်ချို့အသီးတွေဆိုအပင်ပေါ်မှာတင်ဝမ်းရောင်၊မှည့်နေတာတွေလေတိုက်တော့ပြုတ်
ကျ၊ ဘယ်သူမှလဲမကောက်တော့ကားသွားရင်တက်ကြိတ်တာ..ဘယ်လောက်ချိုသလဲဆိုတော့
ကျပြီးသားသရက်သီးတွေနားမှာပျားတွေဝိုင်းအုံနေတာဘဲ။ ကျွန်မသရက်သီးလိုက်ခူးနေတုန်း
ကျွန်မအိမ်နဲ့မလှမ်းမကမ်းမှာနေတဲ့ကောင်လေး၊အသက်ကတော့ (၅) နှစ်လောက်ရှိမယ်။ စ
ကားလာများနေတာ...ကျွန်မကိုဘာမေးလဲသိလား Aunty May.. where is your wife? တဲ့
ဟားဟား..ကျွန်မပြောတယ်..ဘာလို့ wife ရှိရမှာလဲ...husband လို့မေးလေ..လို့ပြောတော့
oh..sorry.. i thought it's wife..where is your husband.. ဒါနဲ့ကျွန်မက ရှိဘူးလို့..ဒါဆိုရင်
ရည်းစားရောရှိလားတဲ့... ကျွန်မက ရှိတာပေါ့..သူကဘယ်မှာလဲပြလေ.တဲ့.. အဲချိန်ကျွန်မသရက်
သီးရလို့တုတ်ကိုအောက်ချတော့ hey..move move..လို့လှမ်းအော်တော့သူ့စက်ဘီးလေးသူ
စီးပြီးထွက်သွားတယ်..ပြီးတော့ပြန်ရောက်လာပြန်ရော..aunty may..where is your bf?
သြော်ဒီကလေးနှယ်..ကျွန်မကရှိတာပေါ့... အဝေးးးးးးကြီးမှာလို့..သူကမယုံဘူးတဲ့...
ဘာပြောလဲသိလား..i know you lie to me..i want to be your bf တဲ့..အခုခေတ်ကလေးတွေ
များ...မလွယ်ရေးချမလွယ်..
အိမ်ဘေးကအန်ကယ်လ် ကားပြန်ဝင်လာတော့မှ သူအနားကထွက်သွားတယ်။ ပြီးတော့အန်ကယ်
နဲ့အန်တီ၊ကျွန်မ၀ါးအရှည်ကြီးနဲ့သရက်သီးတွေလိုက်ခူးကြတာ..ပျော်ဖို့ကောင်း..
အများကြီးဘဲ..ဒီမှာတွေ့လား...


ဒါတောင်မှရုံးကသူငယ်ချင်းအမကြီးတွေကိုအများကြီးပေးလိုက်သေးတယ်။ ကျွန်မကတော့အမှည့်ထက်
အစိမ်းကိုပိုကြိုက်တယ်...

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။