Skip to main content

ကျွန်မအကြောင်းတစေ့တစောင်း

ဒီတစ်ခါတော့ကိုယ့်အကြောင်းကိုရေးတော့မယ်။ ကျွန်မကို မန္တလေးပြည့်သူ့ဆေးရုံကြီးမှာ
မာမီကဗိုက်စနာတာစနေနေ့...ကနေနောက်အပတ်စနေနေ့ညနေထိဗိုက်နာပြီးတော့ည
(၉)နာရီကျော်ကျော်လေးမှာမွေးလာတဲ့စနေသမီးပါ။ မွေးစက ၉ပေါင်ခွဲရှိတယ်။ ဒါကြောင့် မွေးရတာခက်သလားတော့မဆိုတတ်ဘူး။ မွေးမွေးပြီးချင်မှာအဖေဘက်ကအဖိုးကတော့ မရှိတော့ပေမယ့်အဖွားကရှိသေးတယ်။ သူကသူချစ်တဲ့သူ့သားရဲ့သမီးဦးဆိုတော့အရမ်း ကိုချစ်ခဲ့တာပါ။ကျွန်မငယ်နာမည်ကိုလဲသူဘဲပေးခဲ့တာ။ ငယ်ငယ်ကတစ်ယောက်တည်း အလိုလိုက်တဲ့သူတွေကြားမှာကြီးလာတော့မောင်လေးမွေးတော့ (၃)နှစ်လောက်
ကွာတယ်။တစ်ခါမှကလေးမထိန်းဖူးဘူး။ မောင်လေးကိုအန်တီလေးကိထန်းတယ်။ ကျွန်မ
ကိုအဖေ့ဘက်ကတူတစ်ယောက်ကထိန်းတယ်။ မောင်လေးနဲ့ညီမလေး (၁)နှစ်ဘဲကွာတယ်။
ညီမလေးမွေးတော့မာမီကရေမွှာအရင်ပေါက်ပြီးကလေးအသေလေးဘဲထွက်လာဖို့စောင့်
နေကြတာ..နောက်ဆုံးညီမလေးထွက်လာတော့မဲညိုနေပြီးအသက်ရှိသေးတယ်။ ပြီးတော့
သူကမောင်နှမသုံးယောက်မှာအညိုဆုံး။ရုပ်ကတော့ဂြိုဟ်ရုပ်ကလေး..ဟိဟိ
(အခုတော့အချောဆုံးဖြစ်နေပါပီ)
ကျွန်မအငယ်တွေကိုအနိုင်ကျင့်လွန်းလို့အသက်(၄)နှစ်ဘဲရှိသေးတယ်အသက်ကိုမွေးစာရင်း
မှာတစ်နှစ်ပေးကြီးလိုက်ပြီးသူငယ်တန်းကိုပို့လိုက်တယ်။ကျောင်းတက်တုန်းကငိုလိုက်ရတာ။
အဖေကတော့ကျွန်မကိုအချစ်ဆုံးဆိုတော့ကျောင်းတစ်နေ့လုံးခြံအပြင်ခြံစည်းရိုးကနေလာထ
စောင့်နေတယ်။ နောက်ပိုင်းမှာတော့ကျောင်းပျော်ဖြစ်လာပါတယ်။ မှတ်မှတ်ရရ ကျွန်မလေး
တန်းတုန်းအထိအမြဲအဆင့်(၁)ရတယ်။စာကြိုးစားချင်လွန်းလို့မထင်ပါနဲ့။ မာမီကညနေအိမ်
ပြန်ရောက်ရင်ကူးလာတဲ့စာအုပ်ကိုကြည့်လက်ရေးနဲနဲစောင်းပြီးဆိုအကုန်ဖြဲပြစ်အစကနေ
ပြန်ရေးခိုင်းတာ။စာကျက်ခိုင်းတာလဲအိပ်ချင်ရင်တောင်မျက်နှာသွားသစ်၊စာကျက်။ အဲဒီတုန်း
ကကျွန်မမာမီ့ကိုဘယ်လောက်မကြိုက်လဲဆိုရင်..ထမင်းစားရေသောက်ကလွဲလို့စကားမပြော
ဘူး။ ကျောင်းဆင်းတာနဲ့စန္ဒယားတီးတာသွားသင်ရတယ်။ အောင်တော်မူဘက်မှာ။ ပြီးတာနဲ့
တစ်ချောင်းထိုး၊ နှစ်ချောင်းထိုးတစ်ခါတည်းဆက်သင်ရတယ်။ ငယ်ငယ်ကကျွန်မအမေတော်
တော်ရက်စက်တဲ့သူလို့မြင်တယ်။ အငယ်နှစ်ယောက်ကိုလဲကြည့်မရဘူး။ သူတို့ရှိလို့ကျွန်မ
အဲလိုဖြစ်ရတာဆိုပြီးတော့ပေါ့....နောက်တော့ရန်ကုန်ပြောင်းပြီးနောက်ပိုင်းမှာအငယ်နှစ်
ယောက်ကတစ်ဖွဲ့၊ ကျွန်မကတစ်ဘက်၊ လုံးဝကိုမတည့်တာ။သိပ်မကြာပါဘူးကျွန်မအသက်
၁၅နှစ်နဲ့တက္ကသိုလ်ဆက်တက်ဖို့တစ်ခြားနေရာကိုထွက်သွားရတယ်။ အဲဒီတော့မှအိမ်ကို
အရမ်းသတိရပြီးအမြဲကိုပြန်ချင်တယ်။ မောင်လေးညီမလေးကိုလဲသတိရတယ်။ အဆောင်
မှာနေရတာ။ စည်းကမ်းကလဲကြီးတော့နေရတာမလွတ်မလပ်နဲ့အရမ်းကိုငရဲထဲရောက်နေ
သလိုခံစားရပါတယ်။ ဒါပေမယ့်မိဘလက်ကလွတ်ပီဆိုတော့ သီချင်းလဲမဆိုတော့ဘူး၊ စန္တ
ယားလဲမတီးတော့ဘူး၊ ကိုယ်မလုပ်ချင်တဲ့ဟာတွေအတင်းလုပ်ခိုင်းခဲ့တဲ့ဟာတွေကုန်လုံး
မလုပ်တော့ဘူး.. စနေသမီးမို့လားတော့မသိဘူးခေါင်းမာတယ်လို့ပြောလို့ရတယ်။ ကျောင်း
အထိမာမီဘဲအကုန်လိုက်လုပ်ပေးရတယ်။ အဆောင်မှာအ၀တ်အစား၊ အိပ်ရာ၊ အစစရာရာ
ကျောင်းပိတ်လို့ရန်ကုန်ပြန်ရင်လဲမာမီကဘဲလာပြီးအထုတ်ထဲမှာပစ္စည်းတွေထည့်၊ သိမ်းထား
သင့်တဲ့အရာတွေကိုသိမ်း၊ကျွန်မဘာမှကိုမလုပ်ပါ။ လုပ်လဲမလုပ်တတ်ဘူး။ စောင်အထူခေါက်
ရင်တောင်အဖေကလေးတယ်ဆိုပြီးသူကိုယ်တိုင်ခေါက်ပေးတယ်။ အိမ်ရောက်လဲဘာမှမခိုင်း
ဘူး။ အိပ်နေရင်တောင်နေထွက်ရင်နေထိုးမှာစိုးလို့စောင်အထူတွေကာထားပေးတယ်။ မခိုင်း
ရတဲ့အကြောင်းကလဲရှိတယ်။ ကျွန်မကအိမ်မှာအခြူချာဆုံး။ ငယ်ငယ်လေးကတည်းကမန္တလေး
နန်းတွင်းကစစ်ဆေးရုံမှာဆေးသွားသွားထိုးရတာမှတ်မိသေးတယ်။ နောက်ပိုင်းမှာလဲအဖိုး
အဖွားတို့ရဲ့သွေးတိုးအမွေကိုလက်ခံရရှိပြီးအလိုလိုနေရင်းသွေးတိုးနေတာ.. သွေးတိုးရဲ့နောက်
ဆက်တွဲတွေကတော့သိတဲ့အတိုင်းဘဲ...ကျွန်မကျောင်းပြီးလို့အိမ်ပြန်ရောက်တာနဲ့မောင်လေး
နဲ့ညီမလေးကတက္ကသိုလ်ရောက်သွားပြီ..ဆိုတော့အိမ်မှာတစ်ယောက်တည်းကလေးပြန်လုပ်
နေတာ။အဲဒီတုန်းက ၁၉နှစ်မပြည့်တတ်သေးဘူး။ ကျွန်မကျောင်းနေခဲ့တဲ့သက်တမ်းတစ်
လျှောက်မှာမှတ်မှတ်ရရမိန်းကလေးသူငယ်ချင်း(၂)ယောက်ဘဲရှိတယ်။ တစ်ယောက်ကမအိ၊
မန္တလေးမှာကျန်ခဲ့တယ်။ နောက်တစ်ယောက်ကအထွေး၊ သူကတော့အမေရိကားရောက်နေ
ပြီထင်တယ်။ ကျန်တာကတော့ယောကျာ်းလေးသူငယ်ချင်းတွေဘဲရှိတယ်။ဒါပေမယ့်များသော
အားဖြင့်တစ်ယောက်တည်းနေရတာကိုပိုသဘောကျတယ်။ တစ်ခါတစ်လေပြုံးပြရမှာ စကား
ပြောရမှာအရမ်းဝန်လေးတယ်။ ကျွန်မမကြိုက်တဲ့မိန်းကလေးတွေကကိုယ့်ကိုလာပြိုင်တာ၊
အဲဒီသူတွေဆိုအရမ်းမုန်းတယ်။ ကျွန်မယောက်ျားလေးသူငယ်ချင်းတွေကိုသာအထက်စီးဆက်
ဆံတတ်ပေမယ့်မိန်းကလေးသူငယ်ချင်းတိုင်းကိုနှိမ့်ချပြီးဆက်ဆံတတ်တယ်။ ကိုယ်သီးမခံနိုင်
တော့ရင်ခပ်ခွာခွာနေလိုက်တယ်။ အရွယ်ရောက်ပြီးနောက်ပိုင်းမှာ ကျွန်မမကြိုက်တဲ့ယော်ကျား
လေးအမျိုးအစားတွေက အလကားနေရင်းကိုယ့်ကိုကိုယ်အားငယ်နေတဲ့သူ (ယောက်ျားမှဟုတ်
ရဲ့လားမသိဘူ)၊ ပြီးရင်ယောက်ျားတန်မဲ့ခနဲ့တဲ့တဲ့ပြောတတ်တဲ့သူ၊ စကားပြောရင်ခေါင်းပုတ်၊
လက်ပုတ်လုတ်တတ်တဲ့သူတွေ၊ နဲနဲမူးရင်ဦးနှောက်ကမစဉ်းစားဘဲမဟုတ်ကဟုတ်ကတွေ
လျှောက်ပြောနေတတ်တဲ့သူတွေ၊သစ္စာမရှိတဲ့ယောက်ျားတွေနဲ့ ကိုယ်နဲချစ်သူဖြစ်ခဲ့ဖူးသူမိန်း
ကလေးရဲ့အကြောင်းမကောင်းပြောတဲ့သူတွေကိုအသေမုန်းပါတယ်။
ဒီနေ့တော့ဒီလောက်ဘဲကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်အုံးမယ်... နောက်မှဆက်တာပေါ့။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4