Skip to main content

စားပွဲဝါးပွဲ

အခုတစ်လောမှာဘာမှန်းမသိတာတွေနဲ့ကိုအလုပ်ရှုပ်တာလားအရှုပ်တွေလိုက်လုပ်
မိနေတာလားတော့မသိဘူး...ရာသီဥတုကမမှန်၊ မိုးကအမြဲဖွဲဖွဲရွာနေတော့ထီးကိုင်
ရမှာပျင်းတာတစ်ကြောင်း..ထီးမေ့ကျန်ခဲ့ရတာတစ်ကြောင်း..အမှန်ကတော့အိတ်
ထဲမှာထီး၊ ဓာတ်မီး (တောင်ကီ ကြောက်လို့)၊ calculator နဲ့ဆေးတွေ၊ ပုံမှန်ထည့်
လေ့ရှိပေမယ့်တစ်ခါတစ်လေထီးသုံးပြီးစိုလို့လှမ်းထားပြီးရင် ပြန်ခေါက်ထည့်ဖို့မေ့
တာများတယ်..ဟိုနားဒီနားဆိုပြေးသွားလိုက်တာဘဲ။ ကိုယ့်အကြောင်းလဲကိုယ်သိ
တယ်။ ဖျားတော့မယ်ဆိုတာသိတာနဲ့ Biogesic တစ်လုံးလောက်ဆိုပီးပီ။ ဒီတစ်
ခါတော့တစ်ကယ်ကိုဖျားတော့တာ.. ဖျားပြီးကျန်ခဲ့တာချောင်းဆိုးနှာစီး.. နှာစီးတာ
သက်သာသွားပေမယ့်ချောင်းဆိုးတာကတော့အခုထိကျန်ခဲ့တုန်း။ ချောင်းဆိုးတာ
လောက်စိတ်ပျက်တာမရှိဘူး။ ဆေးမှန်သမျှလဲအကုန်သောက်တာဘဲ. Dry cough
ှSore throat ငုံဆေး၊ သောက်ဆေး.. အိမ်ကိုဖုန်းဆက်တော့မာမီကထိန်းထားတဲ့
ကြားကချောင်းဆိုးမိသွားတာကြားလို့ ပို့ပေးလိုက်တဲ့ဗမာဆေးတွေလဲစား၊ သံပုရာ
နဲ့ပျားရည်လဲသောက်၊ သံပုရာနဲ့လျှက်ဆားလဲရောစား၊ ဗြောင်းဆန်နေတာ။ အခု
ထိကိုမပျောက်ခြင်သေးဘူး။ အဆုတ်ရောဂါများရနေလားမသိဘူး။ အဟွတ်.အဟွတ်
ဒီတစ်လောအတွင်းမှာရုံးက ဒါရိုက်တာနှစ်ယောက်ကတစ်ခြားနေရာကခေါ်လို့
ပြောင်းရတော့မယ်။ တစ်ယောက်က နိုင်ဂျီးရီးယား၊ တစ်ယောက်ကမွန်ဂိုးလီးယား
ကိုသွားကြမှာ..အအေးဆုံးနဲ့အပူဆုံးနိုင်ငံပေါ့..ထုံစံအတိုင်းနှုတ်ဆက်ပွဲလုပ်တော့
တစ်ယောက်တစ်မျိုးချက်ကြနဲ့ပါတီပေါ့။ အသစ်တစ်ယောက်လဲပြောင်းလာတဲ့လို့
သူ့အတွက်တော့ကြိုဆိုပွဲပေါ့... ဘာတွေစားကြသလဲဆိုတာအောက်မှာကြည့်...

ကိတ်မုန့်... ဒါကတော့ဆိုင်က၀ယ်တဲ့ကိတ်မုန့်ပါ

ဒါကတော့ ကျွန်မဆရာ့ဇနီးကိုယ်တိုင်ဖုတ်ထားတဲ့မုန့်ပါ..အရသာပိုကောင်းတယ်။
ဒါကတော့အသီးရွက်စုံကြော်၊ ငုံဥပါပါတယ်.. ဒီမှာတော့ ချော့ပ်ဆွိုင်း လို့ခေါ်တယ်
ဒါကတော့ခေါက်ဆွဲကြော်.. မြန်မာပြည်ကခေါက်ဆွဲကြော်ကိုတော့မမှီဘူးလေ..

ဒါကတော့သီးစုံချက်။ ဘာတွေပါလဲဆိုတာပုံထဲမှာကြည့်.. အရသာကတော့ချိုအီအီ..
စိတ်ပျက်ဖို့ကောင်းတယ်။

ဒါကတော့လာဆားနီးယား... ပျစ်ချွဲနေတဲ့ခေါက်ဆွဲဖတ်ပြားပြားကြီးတွေကို ချီစ်..နဲ့ရောသမ
မွှေ..

ဒါကတော့ အသုပ်..အရွက်အသီးစုံသုပ်..အပေါ်မှာမုန့်ကြွတ်လေးတွေဖြူးထားတာ..

ဒီပဲဟင်းလေးကတော့ ကနေးဒီးယန်း အန်တီတစ်ယောက်ချက်ထားတာ.. မြန်မာပြည်မှာ
တော့ ပဲနီလေး၊ ပဲဝါလေး.ဒါပေမယ့်ဒီပဲလေးတွေကအလုံးနဲနဲပိုကြီးတယ်ပြီးတော့အခွံမချွတ်
ထားဘူး။
ကော်ပြန့်ကြော်.. အထဲမှာထည့်လိပ်ထားတာကအသားတုတွေ၊ မုန်လာဥနီတွေ..
ဒါကတော့ကျွန်မစားတဲ့ပန်းကန်ပါ။ ထမင်းရယ်၊ မုန်ညှင်းစိမ်းပြုတ်ရယ်၊ ပိန်းနှဲသီးကိုအုန်းနို့နဲ့
ချက်ထားတာရယ်။ ပဲပြားကိုစွံပလွံသီးနဲ့ချက်ထားတာ၊ပြီးတော့ အသီးစုံကိုအသားတုနဲ့ကြော်
ထားတာ။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။