Skip to main content

ရှုခင်းကိုစားခဲ့ခြင်း

စာမေးပွဲပြီးတာနဲ့ရုံးရောက်တဲ့ရက်မှာဘဲ..အဖွဲ့လိုက်ရောက်နေတဲ့စာရင်းစစ်တွေလုပ်ဖော်ကိုင်
ဖက်တွေနဲ့နေ့လည်စာစားဖို့ထွက်ခဲ့ရပြန်တယ်။ မလိုက်ချင်လဲမရပါ၊ ဒီနေရာလေးကိုလွန်ခဲ့တဲ့
နှစ်နှစ်တုန်းကတစ်ခေါက်ရောက်ခဲ့သေးတယ်။ အစားသောက်အကောင်းစားတွေမဟုတ်ပေ
မယ့်နေရာက Highlands တောင်ပေါ်မှာလူနေအိမ်တွေအများကြီးရှိသလို၊စားသောက်ဆိုင်
တွေလဲရှိတယ်။ တော်ရုံအပြင်လူကသွားစားလို့မရဘူး၊ Member ၀င်ထားတဲ့သူမှသာအဲဒီနေ
ရာမှာဂေါက်ရိုက်၊ ရေကူး၊ အစာသွားစား..ကားပတ်မောင်းလို့ရတယ်။ အရမ်းချမ်းသာတဲ့သူ
တွေနေကြတဲ့နေရပေါ့လေ။ ပျော်ဖို့တော့ကောင်းတယ်။ Member ၀င်ထားရုံကိုတစ်နှစ်အ
တွက် အစိမ်း ၅၀၀၀၀ ပေးရတယ်။ Member ၀င်ထားတဲ့သူမှသာအဲဒီနေရာကြီးမှာအိမ်တွေ
မြေကွက်တွေ၊ တိုက်ခန်းတွေဝယ်လို့ရတယ်။ ထားပါလေ..ဒါချမ်းသာတဲ့သူတွေအလုပ်...
ကျွန်မကတော့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူသွားစားကြတော့ရုံးကနေ ၂၀ ယောက်လောက်
သွားကြတာပေါ့။ စားမယ့်နေ့မတိုင်ခင်တစ်ပတ်ထဲက အစားသောက်စာရင်းတွေ ဖက်စ် ပို့ထား
ပြီးကြိုတင်ပြင်ဆင်ထားတယ်။ ကားမောင်းရတာ ၂နာရီလောက်ကြာမယ်၊ တောင်ပေါ်ကွေ့ပတ်
တက်ပြီးတော့၊ ဒီတစ်ခါတော့ Highland မဟုတ်ဘူး။ Midland လောက်မှာဘဲစားတြတယ်။
Highland အထိတက်ရင်တော့ တစ်နေကုန်မှာ။ အဲဒီမှာ တော့ Cable car တွေနဲ့အရမ်းပျော်
ဖို့ကောင်းတယ်။ အစားသောက်ကအဓိကမဟုတ်ဘူး...ဆိုတာတော်တော်မှန်တယ်...
ဒီဆိုင်ကိုတော့ပတ်ဝန်းကျင်လေ့လာမှုအားနည်းတဲ့ကျွန်မဆိုင်နာမည်မသိပါဘူး။
တောင်တစ်ဝက်လောက်မှာကားရပ်ပြီး Clubhouse စားသောက်ဆိုင်ရောက်အောင် Funicular
စီးပြီးဆင်းမှဆိုင်ကိုရောက်ပါတယ်။ အဲဒီ Trump ကလဲဆိုင်ထဲကိုဝင်စားမယ့်သူတွေအတွက်သာ
သီးသန့်လုပ်ထားပေးတာ.. စီးရတာတော့ပျော်တယ်။ ၀ူးးးးးးးးးးးးး ဆိုတန်းဆင်းသွားတာ၊ တစ်
တွဲဘဲပါတယ်။ ဘာတွေစားလဲဆိုတာတော့.. ပေါင်မုန့်အလုံးလေးတစ်လုံးချပေးလို့ Pumpkin
soup နဲ့သောက်လိုက်တယ်။ ပြီးတော့ pasta..ကြိုက်ဘူး.. ပြီးတော့ဘာတွေမှန်းမသိတဲ့အစာ
တွေဗိုက်ဆာတာတစ်မျိုး၊ အစားသောက်တွေကိုစိတ်ပျက်တာကြောင့်ဓာတ်ပုံမရိုက်ခဲ့ဘူး။
နေရာလေးကိုတော့ပျော်စရာလေးမို့လို့ပုံလေးတွေ share လိုက်ပါတယ်နော်...
ဒါကတော့ အ၀င်နေရာပါ..တွေ့နေရတဲ့လမ်းလေးအတိုင်းသွားရမှာပါ..
ရောက်ခါနီးအကွေ့လေးမှာ ထင်းရှုးပင်လေးတွေတောင်စောင်းမှာပေါက်နေတာ..လေကအေး..
စိတ်ချမ်းသာစရာကောင်းလှပါတယ်။

သွားစားမယ့်နေရာကိုအပေါ်စီးကနေတော့လှမ်းမြင်နေရပီ...ဒါပေမယ့်ကားလမ်းအတိုင်ဆင်းရင်
အရမ်းအချိန်ကြာပါတယ်။

ရထားလေးစီးဖို့အတွက်ကားရပ်ထားရမယ့်နေရာလေးရောက်ပါပီ..
ဒီလမ်းကြောင်းတစ်လျှောက်...၀ူးးးးးးးးးး ဆိုပြီးစီးလာတော့အောက်ကိုရောက်လာပါပီ..
ကားနဲ့ဆင်းလာတဲ့သူတွေရှိရင်သူတို့ကားပတ်ကင်နေရာကဆိုင်နဲ့ဝေးတော့ဒါလေးတွေနဲ့သူတို့ကို
ကြိုပီးဆိုင်ထဲပြန်လာပို့ပေးပါတယ်..
စားသောက်ပြီးလို့ပြန်တက်တော့မယ့်အချိန်အပေါ်ကိုလှမ်းကြည့်လိုက်တာပါ..လူနေကွန်ဒိုလေးတွေ
ကိုပိစိလေးလှမ်းမြင်နေရတယ်လေ..

Comments

  1. ကူကူးရေ.........
    သာယာလိုက်တဲ့နေရာနော်....
    တို့ တော့ငမွဲဆိုတော့...မစဉ်းစားတော့ပါဘူး:D

    ReplyDelete
  2.ွှွှွှွှွှုဟုတ်တယ်မြူးရေ.. ကိုယ့်ဘာသာကိုယ်ဆို
    သွားဖို့ဝေလာဝေးဘဲ.. အခုဟာကသူများခေါ် သွားလို့သာ..ဟိဟိ

    ReplyDelete
  3. လူကသွားချင်ပါသော်လည်းးးးးးးးးးးးးးးပိုက်ပိုက်ကမလိုက်။ ကူးကူးဆီကနေပဲ သွားလိုက်တယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။