မှတ်မှတ်ရရကျောင်းတုန်းကအဆောင်မှာအခန်းထဲကချင်းမလေးတစ်ယောက်သူ့နာမည်ကချိုမိစံ၊သူကကျောင်းလဲမှန်မှန်မတက်ဘူး ဒါအပြင်ဆိုးတာကpracticalhourတွေဆိုအလုပ်မလုပ်ချင်လို့နေမကောင်းချင်ယောင်ဆောင်နေတတ်တယ်။သူနေမကောင်းဘူး ဆိုပီးအိပ်ရာမှာလှဲနေပေမယ့်မနက်(၄)နာရီလောက်ဆိုနိုးပီးcafteriaအနောက်ကတောင်ကုန်းစောင်းမှာစီတန်းပေါက်နေတဲ့မလွှပွင့် တွေအောက်ရောက်နေပီးမလွှပွင့်တွေသွားသွားကောက်တယ်။အခြားကျောင်းသူကျောင်းသားတစ်ချို့လဲကောကကြတယ်။ ကျွန်မတို့ရန်ကုန်သူများအဖွဲ့ကတော့ယောင်လို့တောင်စောစောထဖို့စိတ်မကူးဘူး။ကောက်လို့ရတဲ့ဝါဖျော့ဖျော့အပွင့်လေးတွေကို အလယ်ကိုတစ်ဖက်ခြမ်းခွဲလိုက်ပီးအထဲက၀တ်ဆံတွေကိုထုတ်ပစ်တယ်၊ပီးရင်တော့တစ်ချို့ကိုပြုပ်ပီးငါးပိရည်၊ငါးပိချက်နဲ့တို့စားသလို၊ ပါးပါးလှီးပီးလဲသုပ်စားတတ်ကြတယ်။ မာမီကမလွှသီးကြိုက်တယ်။မလွှသီးကခပ်ရုပ်ဆိုးဆိုးရယ်၊ဒန့်သလွန်သီးလိုပိန်ရှည်ရှည်၊သူကပျော့ခွေခွေ၊အပြင်မှာတော့အစိမ်းပုပ်ရောင် နဲ့အမွှေးနုနုလေးတွေပါတယ်။အဲဒီမလွှသီးကိုပြုပ်ပီးအခွံနွှာလိုက်ရင်ပျော့ခွေခွေ၊မုန့်တီလိုဖြူဖြူလေးအထဲကအသားဖတ်လေးတွေနဲ့အစေ့ နုနုလေးတွေထွက်လာတယ်။ဒန့်သလွန်သီးအနုလေးနဲ့ခပ်ဆင်ဆင်၊ခါးတာတော့တအားဘဲ။ဒါပေမယ့်ကျွန်မလဲစားတာများတော့အကျင့်...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။