အားလုံးမင်္ဂလာရှိသောနံနက်ခင်းဖြစ်ပါစေ။ဒီနေ့တော့စောစောလေးနိုးနေတာနဲ့နံနက်စာစားရင်းစားနေတဲ့နွားနို့ခဲကြော် လေးကိုကြည့်ရင်းရေးအုံးမှလို့စိတ်ကူးရလို့ပါ။ဒီမှာတော့နွားနို့ခဲမရှိဘူ်း။ကိုအန်ဒီရေးထားတဲ့Fetacheesseကလဲဈေးကြီးတာ အရမ်းဘဲ၊ဒါတောင်ဗူးလေးထဲမှာအတုံးသေးသေးလေးနဲ့Oliveoilနဲ့စိမ်ထားတာ။ဆိတ်နို့ခဲဈေးကြီးတာကလဲမပြောနဲ့ဆိတ် သားတောင်မရောင်းတဲ့နိုင်ငံ..ဆိုတော့လဲဆိုးပါ့။နို့ခဲလုပ်ဖို့နွားနို့ဗူးတစ်ဗူးဝယ်လိုက်ပါတယ်။1.2$လောက်ဘဲကျတယ်။အဲ ဒီဗူးထဲကတစ်ဝက်ကိုကြိုလိုက်ပါတယ်။LemonJuiceလဲရှာမရတာနဲ့သံပုရာသီး(၂)လုံးဝယ်လာပါတယ်။အဲဒါကဆင်ဖိုးထက် ချွန်းဖိုးပိုကြီးပါတယ်။သံပုရာသီးကလဲဈေးကြီးပါ့။ကဲ၊ဒါနဲ့ဘဲသံပရာသီး(၂)လုံးညှစ်အရည်ရေးလေးစစ်ထားပြီးတော့ ပွက်ပွက်ဆူပြီးနောကမီးလျှော့လိုက်တဲ့နွားနို့အိုးထဲကိုဆားနဲနဲအချိုကြိုက်ရင်သကြားပါထည့်လို့ရမယ်)ထည့်လိုက်ပီးတော့ တစ်ဖြည်းဖြည်းချင်းမွှေရင်းနဲ့သံပရာရည်လေးတွေလောင်းထည့်လိုက်တော့သူဘာသူအဖတ်လေးတွေခွဲထွက်လာပါတယ်။ နွားနိုးစစ်စစ်သာဝယ်လို့ရရင်အရမ်းကောင်းမှာ၊လောလောဆယ်တော့ရှိတဲ့freshmilkလေးနဲ့ဘဲအဖတ်လေးတွေရလာရင် မီးပိတ်လိုက်ပီးတော့စစ်ဖို့အ၀တ်ကိုအဲဒီအချိန်မှသတိရတာနဲ့အသဲသန်လိုက်ရှာရပါတယ်။မသုံးရသေးတဲ့လက်ကိုင်ပ၀ါအပါး လေးတွေ့တွေ့တာနဲ့ရေဆွတ်ပြီးအောက်ကခွက်ခံပြီးနွားနို့ခဲဖတ်လေးတွေလောင်းချရေစစ်ထားလိုက်ပါတယ်၊ပြီးတော့လိမ် လိုက်ပီဖိပီးထပ်စစ်ပါတယ်။ပီးရင်တော့နဲနဲအအေးခံလိုက်ရင်နွားနို့ခဲလေးရပါပီ။လုပ်ရတဲ့အချိန်သိပ်မကြာပါဘူး။ရေးပြတာ နဲနဲကြာတယ်။စိမ့်စိမ့်လေးနဲ့အရမ်းစားလို့ကောင်းပါတယ်။ကိုယ်လုပ်ထားတဲ့နွားနို့ခဲလေးကိုကြည့်ပီးရန်ကုန်ရွှေဘုံသာလမ်း ထိပ်ကလမ်းဘေးမှာရောင်းတဲ့နွားနို့ခဲတွေနဲ့ခပ်ဆင်ဆင်လို့အမွန်းတင်မိသေးတယ်။ဟင်းချက်စားလဲကောင်းမှာ၊ဒီနေ့တော့ မနေနိုင်တာနဲ့ကြော်စားလိုက်ပါတယ်။ ဒီနေ့နံနံစာမှာတော့ပေါင်မုန့်တစ်လုံး၊ထောပတ်သီးတစ်လုံးနဲ့ဒီနေ့တော့နွားနို့ခဲကြော်လေးပါပါလာပါတယ်။
ဘာဘဲပြောပြောဒိန်ခဲချက်တဲ့အကြောင်းရေးထားတဲ့ကိုအန်ဒီကိုကျေးဇူးတင်မိပါရဲ့၊သူရေးထားတာဖတ်ပီးစားချင်လွန်းလို့ အတင်းကြံဖန်ရင်းနဲ့ဖြစ်သွားလို့။ :)
ကူးကူးရေ........ဒီနေ့ကျွန်မဲ ချပါတီပို့တင်နေတာ။ ကိုအန်ဒီဆီကနေ မြင်လို့လေ။ ဒိန်ခဲနဲ့တော့ ဟုတ်ဘူး။
ReplyDeleteဒိန်ခဲလုပ်နည်းလဲ မှတ်သွားတယ်။ လွယ်တယ်နော်။ လုပ်ဖြစ်ရင် ဖြစ်မဖြစ်ပြန်ပြောမယ်။
နွားနို့ခဲ ကြိုက်တယ်း)
ReplyDeleteကူးကူးရေ
ReplyDeleteမေလေးကတော့ ကူးကူးလောက် မတော်ဘူးကွ ..နောက်တစ်ခါကူးကူး လုပ်စားရင် မေလေးကို ခေါ်လေ..လာစားမယ်နော်..ခုတော့ သရေသိမ်းကာပြန်ပေပြီကွယ်
ကူးကူးကို ချစ်တဲ့
မေလေး
လာစားသွားတယ်နော် ရှလွတ် ရှလွတ်...:P
ReplyDeleteကောင်း မှ ကောင်း
လုပ်တတ်လိုက်တာ၊ မှတ်သွားတယ်
ReplyDeleteနွားနို့ခဲ ကိုယ်လဲ သိပ်ကြိုက်တာ
ReplyDelete