Skip to main content

မလွှပွင့် သုပ်

မှတ်မှတ်ရရကျောင်းတုန်းကအဆောင်မှာအခန်းထဲကချင်းမလေးတစ်ယောက်သူ့နာမည်ကချိုမိစံ၊သူကကျောင်းလဲမှန်မှန်မတက်ဘူး ဒါအပြင်ဆိုးတာကpracticalhourတွေဆိုအလုပ်မလုပ်ချင်လို့နေမကောင်းချင်ယောင်ဆောင်နေတတ်တယ်။သူနေမကောင်းဘူး ဆိုပီးအိပ်ရာမှာလှဲနေပေမယ့်မနက်(၄)နာရီလောက်ဆိုနိုးပီးcafteriaအနောက်ကတောင်ကုန်းစောင်းမှာစီတန်းပေါက်နေတဲ့မလွှပွင့် တွေအောက်ရောက်နေပီးမလွှပွင့်တွေသွားသွားကောက်တယ်။အခြားကျောင်းသူကျောင်းသားတစ်ချို့လဲကောကကြတယ်။ ကျွန်မတို့ရန်ကုန်သူများအဖွဲ့ကတော့ယောင်လို့တောင်စောစောထဖို့စိတ်မကူးဘူး။ကောက်လို့ရတဲ့ဝါဖျော့ဖျော့အပွင့်လေးတွေကို အလယ်ကိုတစ်ဖက်ခြမ်းခွဲလိုက်ပီးအထဲက၀တ်ဆံတွေကိုထုတ်ပစ်တယ်၊ပီးရင်တော့တစ်ချို့ကိုပြုပ်ပီးငါးပိရည်၊ငါးပိချက်နဲ့တို့စားသလို၊ ပါးပါးလှီးပီးလဲသုပ်စားတတ်ကြတယ်။
မာမီကမလွှသီးကြိုက်တယ်။မလွှသီးကခပ်ရုပ်ဆိုးဆိုးရယ်၊ဒန့်သလွန်သီးလိုပိန်ရှည်ရှည်၊သူကပျော့ခွေခွေ၊အပြင်မှာတော့အစိမ်းပုပ်ရောင် နဲ့အမွှေးနုနုလေးတွေပါတယ်။အဲဒီမလွှသီးကိုပြုပ်ပီးအခွံနွှာလိုက်ရင်ပျော့ခွေခွေ၊မုန့်တီလိုဖြူဖြူလေးအထဲကအသားဖတ်လေးတွေနဲ့အစေ့ နုနုလေးတွေထွက်လာတယ်။ဒန့်သလွန်သီးအနုလေးနဲ့ခပ်ဆင်ဆင်၊ခါးတာတော့တအားဘဲ။ဒါပေမယ့်ကျွန်မလဲစားတာများတော့အကျင့် ဖြစ်လာတယ်။ သုပ်စားစား၊တို့စားစား၊ ဧရာဝတီတိုင်ဖက်သွားရင်မာမီကလူကြုံနဲ့မှာမှာစားတတ်တယ်။ ၀တ်ဆံထုတ်ထားတဲ့မလွှပွင့်တွေရဲ့ပွင့်ချပ်အနုလေးတွေကိုတော့ဆွဲခွာပစ်တယ်။အခြောက်ခံတော့မယ်ဆိုရင်ပွင့်ဖတ်အနုလေးတွေကပုပ် သွားတတ်လို့ပါ။အောက်ခံအမာအပွင့်ခံနဲ့အပွင့်အရိုးတံလေးကိုတော့အခြောက်ခံထားပီး၊ရေရှည်စားစရာအဖြစ်သိမ်းထားလို့ရတယ်။ အဲဒီအခြောက်ခံထားတဲ့မလွှပွင့်တွေကိုထပ်ပြုပ်ပီးပါးပါးလှီးသုပ်စားရင်အရမ်းကိုအရသာရှိတယ်။မလွှသီးခါးပေမယ့်မလွှပွင့်ကတော့ ခါးသက်သက်အရသာနဲနဲသမ်းတာကလွဲပီးအခြားအသီးရွက်သုပ်စားသလိုသုပ်စားလို့ကတော့ထမင်း ပွဲမှာထမင်းမိန်စေတာအမှန်ပါ။
ဒါကတော့အန်တီယူလာပေးတဲ့မလွှပွင့်အခြောက်လေးတွေကိုပြုပ်ပီးသုပ်ထားတာပါ။မလွှပွင့်ကိုအင်္ဂလိပ်လိုအခေါ်မသိလို့ပုံတင်ပေးချင် တာရှာမရဘူးဖြစ်နေတယ်။
ရှာလို့မရတာနဲ့အဖွားတို့ရွာပိုစ့်ကရေငန်းသီးပုံတွေ့လို့တင်လိုက်တယ်။ရေငန်းသီးကတော့မိုးတစ်ခါမိပီးနောက်ဆိုချိုတယ်လို့တော့ ပြောတာဘဲ။အချဉ်ကတော့အခွံနွှာအပေါ်ယံအရေခွံပါးလေးခွာပီးရင်တော့အပ်ချဉ်ကြိုးနဲ့ရစ်ပီးဆွဲထုတ်လိုက်ရင်အသားဖတ်တွေ ချည်းထွက်လာတယ်။အစေ့ဘဲကျန်ခဲ့တယ်။အဲဒီအစေ့ကလဲနုရင်ဝါးစားလို့ကောင်းတယ်၊ရင့်ရင်တော့ကွမ်းသီးဝါးရသလိုခပ်မာမ။

Comments

  1. မလွှပွင့်သုပ်တော့ စားဖူးဘူး ကူးကူးရေ။ ကြားတော့ ကြားဖူးတယ်။ မြင်လဲ မြင်ဖူးဘူး။

    ReplyDelete
  2. ကူးကူး
    ပုံလေးရှိရင်ပြနော်
    မြူးလဲမြင်ဖူးဘူးလေ
    စားချင်လိုက်တာနော်
    နောက်သုပ်ရင်ကျွေးပါနော်
    အဆင်ပြေပါစေနော်သယ်ရင်းလေး

    ခင်တဲ့
    မြူး

    ReplyDelete
  3. အင်းပါ မြူးစ် နဲ့ မိုးကောင်းသူလေးရေ.. ကူးလဲပုံရှာလို့မတွေ့လို့... ဒီတစ်ခေါက်မြန်မာပြည်ပြန်မှ သေချာရိုက်လာခဲ့မယ် (ဓာတ်ပုံ)

    ReplyDelete
  4. စားချင်စရာလေး

    ReplyDelete
  5. မလွှပွင့်သုတ်ဆိုတာလေး မြင်မိလို့ အစားလာငမ်းသွားတယ်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။