ပုခုံးနဲ့နောက်ကြောဖက်တွေမှာ မီးပူထိုးဆိတ်နေသလိုနာကြင်နေသူများအတွက် လေ့ကျင့်ခန်း လုပ်နည်းတင်ပေးလိုက်ပါတယ်။ စာနဲ့ရေးရတာခက်နေတာရယ်ကြောင့် model လိုက်ရှာနေ တာ။ အခုမှအဆင်ပြေလို့တင်ပေးလိုက်တယ်။ တစ်ကယ်တမ်းလုပ်ကြည့်ရင် အချိန်မကြာပါဘူး။ မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညဖက်တစ်ခါ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နာကြင်တဲ့ဝေးနာ တွေအတော့်ကိုသက်သာသွားမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင် နာကြင်နေတဲ့ နေရာကို ရေနွေးအိတ် နဲ့ (၁၅) မိနစ်လောက်အပူပေးဖို့လဲအရေးကြီးပါတယ်။ ဒီတိုင်းအစိမ်းသတ်သတ် လုပ်မယ်ဆိုရင်ကြွက်သားတွေ မာနေပီး ပိုဆိုးလာနိုင်ပါတယ်တဲ့။ ကျွန်မကိုတော့ ဆရာဝန်က ဘယ်ဖက်တစ်ခြမ်းသွေးစီးဆင်းတာ မမှန်ဘူးပြောပါတယ်။ ကြွက်သားတွေနဲ့ အကြောတွေ ထိုင်းနေတဲ့ပုံမျိုးပါ။ အရမ်းကိုက်တယ်၊ အေးတဲ့အချိန်ဆို ပိုဆိုးတယ်။ အလေးနဲနဲမရင်လဲကိုက်ခဲနေတာမျိုးပါ။ ကဲလေ့ကျင့်ခန်းလေးစရအောင်။ ခုံပေါ်တွင်မတ်မတ်ထိုင်ပြီး၊ ညာဖက်လက်ဖ၀ါးကို ပေါင်အောက်သို့ထည့်ပြီး ဘယ်ဖက်လက်ဖြင့် ခေါင်းကိုဖိချပါ။ (၁-၁၀) ထိရေတွက်ပါ။ ပြီးလျှင် ခေါင်းကိုလွှတ်ပြီး တည့်တည့် ခဏပြန်ထားပါ။ ပြန်ဖိချပါ၊ (၁-၁၀) ထိရေတွက်ပါ။ စုစုပေါင်း (၅) ကြိမ်၊ အကြိမ် (၅၀) တစ်ခါဖိချလျှင...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။