Skip to main content

Pain >>aching>>> Excercise!!

ပုခုံးနဲ့နောက်ကြောဖက်တွေမှာ မီးပူထိုးဆိတ်နေသလိုနာကြင်နေသူများအတွက် လေ့ကျင့်ခန်း လုပ်နည်းတင်ပေးလိုက်ပါတယ်။ စာနဲ့ရေးရတာခက်နေတာရယ်ကြောင့် model လိုက်ရှာနေ တာ။ အခုမှအဆင်ပြေလို့တင်ပေးလိုက်တယ်။ တစ်ကယ်တမ်းလုပ်ကြည့်ရင် အချိန်မကြာပါဘူး။ မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညဖက်တစ်ခါ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နာကြင်တဲ့ဝေးနာ တွေအတော့်ကိုသက်သာသွားမှာပါ။  လေ့ကျင့်ခန်းမလုပ်ခင် နာကြင်နေတဲ့ နေရာကို ရေနွေးအိတ် နဲ့ (၁၅) မိနစ်လောက်အပူပေးဖို့လဲအရေးကြီးပါတယ်။  ဒီတိုင်းအစိမ်းသတ်သတ် လုပ်မယ်ဆိုရင်ကြွက်သားတွေ မာနေပီး ပိုဆိုးလာနိုင်ပါတယ်တဲ့။
ကျွန်မကိုတော့ ဆရာဝန်က ဘယ်ဖက်တစ်ခြမ်းသွေးစီးဆင်းတာ မမှန်ဘူးပြောပါတယ်။  ကြွက်သားတွေနဲ့ အကြောတွေ ထိုင်းနေတဲ့ပုံမျိုးပါ။  အရမ်းကိုက်တယ်၊ အေးတဲ့အချိန်ဆို ပိုဆိုးတယ်။ အလေးနဲနဲမရင်လဲကိုက်ခဲနေတာမျိုးပါ။
ကဲလေ့ကျင့်ခန်းလေးစရအောင်။

ခုံပေါ်တွင်မတ်မတ်ထိုင်ပြီး၊ ညာဖက်လက်ဖ၀ါးကို ပေါင်အောက်သို့ထည့်ပြီး ဘယ်ဖက်လက်ဖြင့် ခေါင်းကိုဖိချပါ။ (၁-၁၀) ထိရေတွက်ပါ။ ပြီးလျှင် ခေါင်းကိုလွှတ်ပြီး တည့်တည့် ခဏပြန်ထားပါ။ ပြန်ဖိချပါ၊ (၁-၁၀) ထိရေတွက်ပါ။ စုစုပေါင်း (၅) ကြိမ်၊ အကြိမ် (၅၀) တစ်ခါဖိချလျှင် (၁၀) ထိဖြစ်သည်။ ညာဖက်လက်မှတောင့်ခံထားပါ။
ပြီးလျှင် တစ်ဖက်သို့ပြောင်း ခေါင်းကို ဆွဲပြီးဖိချပါ၊ အကြိမ် (၅) ကြိမ်၊ တစ်ကြိမ်လျှင် ၁ မှ ၁၀ ထိရေတွက်ပါ။
ပုခုံး တစ်ဖက်တည်းသာ နာကျင်နေသူများအတွက် ဆန့်ကျင်ဖက် တစ်ဖက်သို့သာ ဖိချရမှာ ဖြစ်ပါတယ်။  ဥပမာ ကျွန်မဆိုရင် ဘယ်ဘက်ဘဲ နာနေတဲ့အတွက် ခေါင်းကို ညာဖက်ကို ဖိချ ရပါတယ်။












လက်နှစ်ဖက်ကိုတန်းတန်းဆန့်ထုတ်ပါ။













လက်ဖ၀ါးကိုအပေါ်သို့ ဆွဲတင်ပါ။













လက်နှစ်ချောင်းအပေါ်သို့မြောက်ပါ။













လက်နှစ်ချောင်းကို ဘေးသို့ခွဲထုတ်ပါ။










အပေါ်သို့ဆက်ဆွဲတင်ပါ။
 











ရင်ဘတ်နားထိပြန်ချပါ။













လက်တစ်တောင်ဆစ်ကို အထဲသို့ ချိုးပါ။လက်သီးဆုပ်ပီး လက်သီးကို အထဲသို့ကွေးပါ။













လက်သီးဆုပ်ကိုအပြင်သို့လှည့်ထုတ်ပါ။













ဘေးသို့ကွေးပါ။













မတ်မတ်ထပီး ကိုယ်လုံးကိုရှေ့သို့ကိုင်းပါ။လက်ဖ၀ါးများကိုဆန့်ထားပါ။













မတ်မတ်ပြန်ထိုင်ပါ။ လက်ဖ၀ါးကိုပေါင်ပေါ်တင်ပြီး ခေါင်းကိုစောင်းပါ။













အလယ်သို့ပြန်မတ်ပါ။ တစ်ဖက်သို့ထပ်စောင်းပါ။ အလယ်သို့ပြန်မတ် ခဏနေရန်မမေ့ပါနှင့်။













ပုံကဲ့သို့လက်မောင်းတစ်ဖက်ကိုလွဲပါ။ (၁-၅) ထိရေပြီး နောက်တစ်ဖက်သိုပပြောင်းလုပ်ပါ။













credit to model PLK

Comments

  1. ကျေးဇူး မမကူး.. မော်ဒယ်နဲ့ပြထားတာဆိုတော့ လိုက်လုပ်ရတာလည်း လွယ်သွားတယ်..

    ReplyDelete
  2. model ပါငှားပြီးတင်တာ... စနစ်ကျပါပေ့ဗျား. .. ဒါလဲကုသိုလ်ကြီးတစ်မျိုးပါပဲ... ဝေဒနာခံစားရသူတွေ သက်သာရင်ထပ်ပီး ကုသိုလ်ထပ်ရမယ်... ကောင်းလိုက်လေ

    ReplyDelete
  3. မကူးကူးရေ
    မော်ဒယ်လ်နဲ.ပြတာ ပုံအတိုင်းလဲလိုက်လုပ်ကြည်.ပါတယ်။
    ပိုပြီးအထွန်.တက် တောင်းဆိုလို.ရမယ်ဆိုရင် ဗီဒီယိုကလစ်ပ်လေးနဲ.ဆိုအရမ်းကောင်းမှာဘဲ။
    တော်တော်လွန်တဲ.တောင်းဆိုမှုမှန်းတော.သိပါတယ်။ဒါပေမယ်. ကျမလဲ အမလိုဘဲ ဇက်ကြောအနောက်လည်ကုတ်တ၀ိုက်မှာ တင်းတောင်.နေတာ တော်တော်ကြာပြီမို. အမလိုဘဲလေ.ကျင်.ခန်းလုပ်ကိုလုပ်မှရတော.မှာပါ။
    အခုတော. ပုံအတိုင်းတဖြည်းဖြည်းလိုက်လုပ်ကြည်.နေတာ၊
    ကိုယ်.ဟာကိုလုပ်တာမေ.မေ.သွားမှာသေချာတယ်(ပထမစစလုပ်ချင်းအခါတွေမှာ) ။အဲ.ဒါကြောင်. လေ.ကျင်.ခန်းလုပ်ခါနီးရင် အမဘလော.ဂ်ကိုဖွင်.ပြီးမှ လိုက်ကြည်.ပြီးလုပ်ရမှား)

    ReplyDelete
  4. ပိုစ့်ကို PDF နဲ့ သိမ်းထားလေ။ desktop ပေါ်တင်ထား ပေါ့။
    နောက်လုပ်နေကျဆိုရင် မှတ်မိသွားမှာပါ။
    ကူးရေးပေးထားတဲ့အဆင့်တိုင်းဆက်တိုက်သွားပါ။
    အဆင်ပြေမှာပါ။
    ဒီပုံတွေရအောင် ၄ ရက်လောက်စိတ်ဆိုးချင်ယောင် ဆောင်ပီး ရိုက်ခိုင်းရတာပါ။ ဗီဒီယိုဆို၇င် တစ်သက် စိတ်ဆိုးချင်ယောင်ဆောင်ရမှာ။ အဲဒီမော်ဒယ်က ဈေးကြီးတယ်ရယ်.. ဟီးးဟီးး

    ReplyDelete
  5. ကူကူးရေ......
    မနက်ကတည်းကလာ ဖတ်တာ
    အခုမှ မန့်ရတယ် ကိုယ့်ကွန်ဖောက်နေလို့
    မော်ဒယ်လ်ကတော့ တော်တော်ဈေးကြီးမှာ
    နော် :) တောင့်တင်းနေတာပဲ ဘော်ဒီလေ :)

    ReplyDelete
  6. မျှဝေတဲ့အတွက် ..ကျေးဇူးပါနော်..

    ခင်မင်စွာဖြင့်

    ReplyDelete
  7. ပုံလေးတွေကိုကြည့်ပြီး လေ့ကျင့်ခန်းလုပ်ကြည့်သွားတယ် ကူးရေ..

    ReplyDelete

Post a Comment

ကူးကူးရေ...