Skip to main content

မြို့ပတ်ရထား - ရန်ကုန် ၂၀၁၀

မမခင်ဦးမေ ကိုအားကျလို့ ဒီတစ်ခေါက်မြို့ပတ်ရထားလိုက်စီးတယ်။ အဖော်ကောင်းလို့လဲ စီးဖြစ်တာ။ အခြားသူငယ်ချင်းတွေဆို စီးမယ်ပြောတာနဲ့ နင်ဂေါက်နေလား၊ မစီးနဲ့ လူရှုပ်တယ်၊ ကြမ်းပိုးတွေရှိတယ်၊ လူပေါင်းစုံဘဲ အန္တရာယ်များတယ်..စသည်ဖြင့် တားကြတာချည်းဘဲ။
မြို့ပတ်ရထားက ဈေးပေါတယ်။
၂၀ ကျပ်ဘဲပေးရတာ.. အကြွေမရှိလို့လက်မှတ်ရောင်းတဲ့သူကို မျက်နှာငယ်လေးနဲ့ လဲပေးဖို့ တောင်းရသေးတယ်၊ သူကလဲသဘော ကောင်းရှာပါတယ်..
၁၀ တန်လေးတွေသိမ်းထာနော်.. မြို့ပတ်ရထားစီးဖို့ဘဲအသုံးဝင် တာတဲ့။
ရထားအ၀င်အထွက် ဈေးသည်တွေခုန်တက် ပြေးဆင်းနေကြတာအသည်းယားတယ်။ ကျွန်မ တို့ရထားစောင့်နေချိန်အတွင်းမှာတောင် ကောင်လေးတစ်ယောက်ပြုတ်ကျပီး ရထားကြိတ်တာ ခြေထောက်ပြတ်သွားတယ်ဆိုလား..လူတွေသွားပြီးဝိုင်းအုံးကြည့်ကြတယ်။
ဈေးသည်တွေ ၀မ်းစာအတွက်လှုပ်ရှားနေရတာ တစ်ကယ့်ကိုမလွယ်လှဘူး။  ကျွန်မအနားမှာ ထိုင်ပြီးရေခဲရေရောင်နေတဲ့ အဒေါ်ကြီး ရေကို ရထားလမ်းတစ်ဖက်က ပုဂံအထူးရထားဆေးတဲ့ ရေပိုက်ကနေ ဗူးနဲ့သွားခံပြီးသယ်လာတာတွေ့တယ်။  အောင်မလေး..အဲဒီရေကို ရေခဲပေါ် လောင်းချပြီး ရောင်းနေတာ..
ရထားပေါ်ရောက်တော့ ဈေးသည်တွေမျိုးစုံအောင်တွေ့ရတယ်၊ လိမ္မော်သီးသေးသေးလေးတွေ ရောင်းတဲ့အသည်က အမြည်းလိုက်ကျွေးတာ အဒေါ်ကြီးတစ်ယောက်က မချိုဘူးပြောမိလို့ ပုဆိုး တိုတိုပြင်ဝတ်ပြီးအော်ကြီးဟစ်ကျယ်ရန်ဖြစ်နေလိုက်တာများ..
မြို့ထဲကလွဲလို့ လမ်းတစ်လျှောက်ရှုခင်းတွေက အရမ်းလှပါတယ်။ စိုက်ခင်းတွေရော... ကန်းဇွန်း ခင်းကတော့ တော်တော်ညစ်ပတ်တယ်။
ရထားစီးတာတောင် သူ့ခွေးလေးခေါ်လာတဲ့သူကရှိသေးတယ်၊  ခွေးလေးက ပိန်ညောင်လေးမို့ ကျွန်မကအခုမှကောက်လာတာလားမေးတော့ ဟုတ်ဘူးတဲ့.. သူနဲ့အတူနေတဲ့ခွေးလေး..
အလုပ်သွားရင်ခေါ်သွား၊ ပြီးရင်ပြန်ခေါ်လာတယ်တဲ့။
ရွှေပြည်သာရောက်တော့ ဟင်းသီးဟင်းရွက်တွေ အများကြီး တင်ကြတယ်...  စားချင်စရာတွေချည်းဘဲ...  ပါရမီနားရောက်တော့ ခြေထောက်ရောင်လာလို့ ဆက်မစီးတော့ဘဲ ပြန်ဆင်းလာခဲ့တယ်...
ရွှေပုဇွန်ကို taxi နဲ့သွား...အ၀င်နားမှာ နွားနှစ်ကောင်အေးဆေးလမ်းဖြတ်ကူးနေတာတွေ့ခဲ့တယ်။
















































Comments

  1. ရွှေပုစွန်နားရထားရောက်တယ်လား
    ရထားကို တခါပဲစီးဖူးတယ် ဒါတောင် မြို့ထဲကနေ အင်းစိန်ထိပဲ

    ReplyDelete
  2. ပုံတွေအတွက်ကျေးဇူးတင်ပါတယ်။
    နောက်တခါပြန်ရင် လုပ်ရမယ့်စာရင်းထဲထဲ့ထားလိုက်ပါပြီ။

    ReplyDelete
  3. ပျော်စရာကြီးး..။
    ကွင်းကျယ်ကျယ်..
    မိုးကောင်းကင်ပြာပြာ..။
    သဘောကျတယ်..။

    ReplyDelete
  4. ကူးကူးက တကယ့်လက်တွေ့ကျကျ ကွင်းဆင်းလေ့လာခဲ့တာပဲ။

    တကယ့် အခြေခံဘဝတွေရဲ့ မြင်ကွင်းကို မြင်တွေ့ကြုံဖူးရတာပေါ့။ နန္ဒာလဲ ရန်ကုန်ပြန်ရင် အဲဒီလို စီးကြည့်ဖို့ အတွေးရသွားပြီ။

    ReplyDelete
  5. ရန်ကုန်ကို လွမ်းသွားတယ်။ အင်းစိန်မှာ နေဖူးတယ်။

    ReplyDelete
  6. ဟိုးအရင်တုန်းက ဆိုရင်
    မြို့တစ်ပတ်လုံးစီးမှ 2 ကျပ် ပဲ ပေးရတာ ..း))
    ခုမှ ဈေးတတ်သွားတာ ဖြစ်မယ် ..
    မှတ်မိသလောက်တော့
    ၂ ကျပ် ၊ ၅ ကျပ် ၊ ၁၀ ကျပ် ၊
    ခုတော့ ၂၀ ဖြစ်သွားပြီပေါ့ ..

    မြို့ပတ် ရထား စီးရင်
    အဲ့လိုပဲ လူပေါင်းစုံကို
    မြင်၇ပြီး
    အတွေး မျိုးစုံ ၀င်မိတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  7. thanks...thanks..for sharing.Cool.
    ငှက်ပျောသီးသည်ပုံ တွေ့ တော့ စံရွှေမြင့် ကာတွန်းထဲမှာ ခဏခဏပါတာ သတိရမိတယ်။ ကူးတို့ ကငယ်တော့ သိချင်မှသိမယ်။
ှုIora

    ReplyDelete
  8. ဗမာပြည်ခွေးဖြစ်ရတာတောင်..ခွေးစဉ်မမှီရှာဘူး..
    ပိန်ညှောင်နေတာပဲ..ရထားပေါ် ဈေးရောင်းတဲ့သူတွေ တောင်းကြတဲ့သူတွေ မရှိတော့ဘူးလား..
    သတိရလို့ပါ..
    အကိုကြီးတို့ကတော့ ဆင်းရဲသားဆိုတော့ တမတ်ငါးမူးခေတ်ကထဲက မြို့ပတ်ပဲအားပေးရတာ..
    အခေါက်ပေါင်းထောင်ချီ စီးခဲ့ရလို့..ဘဝဟောင်းပြန်ပြောင်းသတိရမိပါသေး

    ReplyDelete
  9. The Dog is so cute. Really good presentation of Yangon lifestyle.

    ReplyDelete
  10. @စူးနွယ်လေး... ရထားစီးပြီးသင်ကန်းကျွန်း (စာလုံးပေါင်းမှားသည်) မှာ ဆင်းတာလေ.. ပြီးတော့ မှ ရွှေပုဇွန်ဖက်ကိုရောက်သွားတာ..
    @ မမရှင်လေး... ရောက်ဖြစ်ရင်ဆက်ဆက်စီးလိုက်ပါနော်..
    @Pauksssss... ကျယ်ဝန်းတာကိုသဘောကျတယ် ဆိုပါတော့..
    @မမစိုးမြတ်နန္ဒာသက်လွင်.. ဟုတ်ကဲ..တစ်ခါတစ်လေ ကိုယ်မ၀င်ဖူးတဲ့ နေရာတွေ ကိုယ်တိုင်ဝင်ကြည့်ရတာလဲ အတွေ့ကြုံတစ်မျိုးဘဲ..
    ..
    အင်းစိန်လဲရောက်ခဲ့တယ်... အခုတော့ ၂ ကျပ်မပြောနဲ့ ၂၀ တန်တောင်မှ ခခယယ တောင်းဝယ်ရတာသိလား..လက်မှတ်ဟုတ်ဘူး.. ပိုက်ဆံကိုပြောတာတော်..
    ... ကူးစံရွှေမြင့်ကောင်းကောင်း သိတယ်.. စာစဖတ်တတ်ကတည်းက ကာတွန်းဖတ်တာ.. စံရွှေမြင့်က နှာခေါင်းကြီးကြီးနဲ့..ဟုတ်တယ်ဟုတ်..
    ..ကိုကြီးကျောက်ရယ်.. ချစ်စရာslim ပိန်ညောင်လေးပါ... ဈေးရောင်းတဲ့သူတွေ တစ်ပုံကြီး..တောင်းတဲ့သူတွေလဲရှိ..
    @tuntun.. thanks!!

    ReplyDelete
  11. ကူုးကူးရေ

    စာလာဖတ်သွားတယ် ဒီလိုပါဘဲ ပုံတွေကောင်းတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  12. Thanks for sharing. I miss Yangon.

    ReplyDelete

Post a Comment

ကူးကူးရေ...