Skip to main content

မာမီ့ ပန်းပွင့်လေးများ

မာမီ့ပန်းလေးတွေလို့ရေးရတဲ့အကြောင်းကတော့ မာမီဘဲပန်းစိုက်တာ၊ အပင်စိုက်တာဝါသနာ ပါတယ်။ ပါးပါးကတော့ အဲဒါတွေလုပ်လေ့မရှိဘူး၊ တစ်ခါတစ်လေ မာမီခရီးသွားရင် သူ့အပင်တွေ ရောလောင်းပေးဖို့ တစ်ကူးတစ်က ဖုန်းဆက်လှမ်းမှာရတယ်။အိမ်ပြန်ရောက်ရင်လဲ သူ့အပင်တွေသွားကြည့် ခြောက်သွားလား..ဘာဖြစ်လဲ..အဲဒါသူအရင်ဆုံးလုပ်တဲ့အလုပ်။
သူ့ကိုအပင်လက်ဆောင်ပေးရင်သိပ်ကြိုက်။ တစ်ခေါက်များ ကူးကူးကို သဘောကျတဲ့ လူတစ် ယောက်က အခြားသူတွေလိုအခြားလက်ဆောင်မပေးဘဲ မာမီ့ကို တိုက်ရိုက် စက္ကူပန်း နှစ်ရောင် စပ်၊ တစ်ခြမ်းအနီ၊တစ်ခြမ်းအဖြူ လက်ဆောင်တန်းသွားပေးတော့ မာမီက သဘောတွေကျလို့။   အခုချိန်ထိ အဲဒီလူအကြောင်း မေးတုန်း၊ ပြောတုန်း၊ သူနေကောင်းသလား၊ ဘယ်ရောက်နေပြီ လဲစသည်ဖြင့်ပေါ။ သူက တော့နိုင်ငံဂျားသားဆိုတော့ သူ့နိုင်ငံသူပြန်ပီပေါ့လေ၊ ကူးနဲ့လည်း ရည်းစားမဖြစ်ခဲ့သလို နောက်ပိုင်းလဲ မိဘစီစဉ်တဲ့သူနဲ့ ယူလိုက်တာပါဘဲ။  အဲလေ..အဓိက ပြောချင်တာက မာမီပါ။ ပန်းပင်ကြိုက်တာအဲလောက်ထိဘဲ။
ဒါပေမယ့် သူသဘောမကျတဲ့ မောင်လေးနဲ့ရည်းစားလိုလို မလိုလို အမျိုးသမီး ပန်းပင်ပေးတာ ကျတော့ ပြန်ယူသွား၊ အကုန်လွှင့်ပစ်မယ်ဆိုဘဲ။ အဲဒါက တန်ဖိုးရှိတဲ့ သစ်ခွပန်းတွေနော်။  နားလည်ရခက်တယ် တစ်ခါတစ်လေ။း)) 
အိမ်ပြန်တိုင်းခြံထဲမှာပန်းပင်တွေဝေ၊ အနောက်မှာစားပင်သီးပင်တွေနဲ့၊ တစ်နေ့တစ်နေ့ နေပူထဲမှာ မြေကြီးဘဲ တူးနေလို့ ပါးပါးက တစ်ခါတစ်လေ ပြောလို့မရရင် စိတ်တိုတိုနဲ့ နင့်အမေ က တောဇာထာပါတယ်၊ အလုပ်ကြမ်းဘဲလုပ်ချင်တယ်လို့ ပြောလေ့ရှိတယ်။
မာမီကလဲ တောရွာလေးမှာမွေးတာလေ၊ ဒါပေမယ့် အပျိုရွယ်ရောက်မှ မြို့ပေါ်တက်လာတာ။
ဒါပေမယ့် ရွာမှာ ငပိနဲ့ဘဲကြီးလာတော့ အိမ်မှာ နေ့တိုင်းငပိရည်မပါရင် ထမင်းပွဲမဖြစ်ဘူး။ ကျွန်မတို့ မောင်နှမ (၃)ယောက်လဲ ငပိရည်မပါရင် မစားတတ်တော့ဘူး။
သစ်ပင်စိုက်တာ၊ တစ်ခါတစ်လေကွမ်းသီးဝါးနေတာ သူ့အကျင့်လိုဖြစ်နေတာ။
ကျွန်မကတော့ ဖျက်ဆီးရေးသမား..ပန်းပွင့်တွေလစ်ရင်လစ်သလို လိုက်ခြွေတယ်၊ ဘာကြောင့် မှန်းမသိ.လိုက်ဆိတ်ချင်တာ.. ငယ်ငယ်တုန်းက အဆူခံရတယ်.. ကြီးတော့ မဆူတော့ဘူး..ပြော မရလို့ လွှတ်ပေးထားတယ်ထင်ပါတယ်။
အိမ်က ခွေးလေး (၆) ကောင်က အစ မာမီ့ပန်းပင်တွေနားမကပ်ရဲဘူး၊ သူတို့လဲကြောက်တယ်။  ပန်းပင်တွေကြားတိုးလို့ ပန်းပွင့်တွေကြွေရင် မာမီဆူရင်သူတို့လဲမျက်နှာငယ်တွေနဲ့လေ။
ဒါကတော့ ၂၀၁၀ ဒီဇင်ဘာ အိမ်ပြန်တုန်းကရိုက်ထားတာပါ။ မာမီ့ပန်းပွင့်လေးတွေပေါ့။ 

















Comments

  1. ပန်းလေးတွေက သိပ်လှတာပဲနော်
    Download လုပ်ခွင့်ပြုပါရှင်

    ReplyDelete
  2. မေမေလည်း အဲ့လိုပဲ။ တစ်နေ့ကို ၂ခါလောက်မှ ပန်းခြံထဲဆင်းပြီး ရေလောင်းပေါင်းသင် မလုပ်ရရင် စိတ်မချမ်းသာဖြစ်နေတာ။ သား၊သမီးတွေထက် အပင်တွေကိုတောင် ပိုဂရုစိုက်တယ်လို့ ပြောလို့ရမယ် ထင်တယ်။
    ဒါပေမယ့်လည်း အဲ့ဒီ အပင်တွေကပဲ အမြဲအဖော်ရတာ၊ သား၊ သမီးတွေက အချိန်တန်တော့လည်း အနားမှာ မရှိပေးနိုင်ကြတော့ဘူး။

    ReplyDelete
  3. အစ်မကူးကူးရဲ့ အမေက ပန်းစိုက် တော်တော် ၀ါသနာ ပါတယ်နော်။ လှလိုက်တာ ပန်းရောင်စုံလေးတွေ။ ရို့စ်လည်း အိမ်ထဲမှာ ပန်းအိုးလေးနဲ့ ပန်းပင်လေးတွေတော့ ရှိပါတယ်း) ခြံထဲမှာ စိုက်ချင်တာ နေရာ မရှိလို့။

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)February 15, 2011 at 6:31 AM

    ပန်းတွေက စုံလှတယ် ကူးမာမီက သိပ်တော်တာဘဲ
    ပန်းလေးတွေကြည့်ပြီ စိတ်ချမ်းသာနေမှာဘဲနော်
    ကိုယ်လဲပန်းစိုက်တာ ၀ါသနာပါတယ်.. တစ်နေ့နေ့တော့ ပန်းစိုက် စာရေး အဲလိုဘ၀လေးနဲ့ နေချင်ပါသေးတယ်

    ReplyDelete
  5. ပန်းလေးတွေကချစ်စရာကောင်းလိုက်တာ။စန္ဒာလည်း
    ပန်းပင်လေးတွေစိုက်ရတာဝါသနာပါတယ်။

    ReplyDelete
  6. စက္ကူပန်း ၂ရောင်စပ်က တော်တော်လှတယ်။ သဉ္ဇာ့အမေရဲ့ ပန်းတွေဆိုရင် သဉ္ဇာတို့ မောင်နှမ အိုးပုတ်စာ မိတာဘဲ.. ပန်တွေခူးပြီး ဟင်းချက်တမ်း ကစားပစ်တာ :D

    ReplyDelete
  7. I'll right away grasp your rss feed as I can not find your e-mail subscription link or e-newsletter service. Do you have any? Kindly permit me realize so that I could subscribe. Thanks.

    Look at my blog Ford Ranger Forum

    ReplyDelete
  8. It's really very complicated in this busy life to listen news on Television, therefore I simply use web for that reason, and get the latest information.

    Feel free to surf to my website ... mbkinternational.com

    ReplyDelete
  9. Wonderful blog! I found it while searching on Yahoo News.
    Do you have any tips on how to get listed in Yahoo
    News? I've been trying for a while but I never seem to get there! Thanks

    My web-site; ford ranger forum

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။