လှော်ကားတစ်ရက်ရောက်ခဲ့တယ်။ တစ်ပတ် ပတ် ပြီးဓာတ်ပုံရိုက်ဖို့သတ်သတ်ပါ။ မရောက်တာလဲ ကြာခဲ့ ပြီ။ ၂၀၀၂ တုန်းကတစ်ခေါက်ရောက်ခဲ့သေးတယ်။ အခုနောက်ပိုင်းမောင်လေးကပြောတာ ကုမ္ပဏီအသစ် ကန်ထရိုက်ယူပြီးပြန်ပြုပြင်တည်ဆောက်နေပါတယ်တဲ့။
စစခြင်းမှာတော့ လက်မှတ်နဲ့ ဌက်ပျောသီး၊ ဖော့ချောင်းတွေ ၀ယ်ခဲ့ရတယ်။ မျောက်လေးတွေကိုကျွေးဖို့ပါ..
အ၀င်ဝမှာ ကျားကားနဲ့ zebra ကားတွေ့ခဲ့တယ်။ အဲဒီကားနဲ့လိုက်ပတ်ပေးတယ်ထင်ပါတယ်။
နောက်မှသိရတာတော့ အထဲကမျောက်တွေက ဌက်ပျောသီးသိပ်မကြိုက်ကြဘူး၊ စားရတာများလို့ရိုးနေသ လားမသိဘူး။ အဲတော့ ကျွန်မဘဲ တစ်လုံးပြီးတစ်လုံးဖြုတ် ပီးထိုင်စားလိုက်တယ်.. ဟဲဟဲ..
ကားလမ်းတွေလဲပြင်ထားတယ်၊ ဖုန်တွေကတော့များတုန်းဘဲ။ ပျော်ပွဲစားကားကြီးတွေနဲ့လာတဲ့သူတွေလဲ ရှိတယ်။ အတွဲတွေလဲရှိတယ်။
ဆင်တွေကတော့ အသက်ကြီးနေပြီ၊ ကြံတစ်ခြင်းကို ၄ ချောင်းလောက်ပါတာ ၅၀၀ ပေးရတယ်..
စားတာမြန်သလားမမေးနဲ့ ၁၀ ခြင်းတောင်မှ သူတို့က ပါးစပ်စိုရုံလောက်ရှိသေးတယ်။
ဈေးသည်တွေက တစ်နေရာနဲ့တစ်နေရာ... ဌက်ပျောသီးမကျွေးနဲ့..ဟိုဟာမကျွေးနဲ့ ကျွန်မရောင်းတာ အကောင်တွေကျမ်းမာရေးအတွက်ပိုကောင်းတယ်စသည်ဖြင့် ရောင်းရအောင် ဟုတ်/မဟုတ် မသိ ပြောနေ ကြတယ်။ သမင်လေးတွေသိပ်ချစ်ဖို့ကောင်းတယ်..အနားကပ်လို့ရတယ်..ကိုင်လို့လဲရတယ်။
ရေမြင်းကြီးတွေအရမ်းရုပ်ဆိုးတယ်.. အစာတောင်းရင် ပါးစပ်ကြီးဖြဲလို့.. စားလဲပြီးရော ချက်ချင်းအိပ်ပျော်သွား ရော။ နောက်မှ ကြံ့တွေက ကုန်းပေါ်မှာလှုပ်ရှားရင် အင်အားအရမ်းကုန်တယ်လို့သိရတာ..
အပြင်ပြန်ထွက်ခါနီး ဒေါင်းက အတောင်ဖြန့်ပြတာ အရမ်းလှတာဘဲ..ဒါပေမယ့် ကင်မရာလဲထုတ်ရော..
သူ့အတောင်ပြန်ရုတ်လိုက်ပြီ။
အပြန်လမ်းမှာတော့ စစ်သချိုင်းကိုဝင်တယ်.. အပြင်မှာဘဲ ထပြီးဓာတ်ပုံရိုက်တယ်.. အမှန်ကတော့ စစ်သချိုင်း အရှေ့က ဗယာကြော်သည် ဦးကုလားကြီးဆီက အကြော်စားဖို့ဆင်းတာပါ။

Comments
Post a Comment
ကူးကူးရေ...