ဒီတစ်ခါတော့ချဉ်ပေါင်သီးအခြောက်လေးတွေကိုဖျော်ရည်ဖျော်သောက်ရအောင်။ ငယ်ငယ်တုံးကလမ်းဘေး တွန်းလှည်းသယ်မှာသောက်ဖူးတဲ့ဇီးဖျော်ရည်ချဉ်ချဉ်လေးနဲ့ခပ်ဆင်ဆင်ပါ။
ချဉ်ပေါင်ပင်အရိုးရောက်အရွက်ပါနီတဲ့အပင်ကိုတွေ့ဖူးကြလားမသိဘူး။ တစ်ချို့ကအိမ်မှာအလှစိုက်ပန်းပင် အနေနဲ့စိုက်ကြတယ်။ အဲဒီအပွင့်လေးတွေကြွေအသီးတွေသီးလို့ရင့်လာရင်အထဲက အဆံကိုထုတ် အခွံလေးတွေ ဘဲအခြောက်ခံပြီးသိမ်းထားလို့ရတယ်။ ဖျောရည်လုပ်တော့မယ်ဆိုမှ အဲဒီချဉ်ပေါင်သီးအခြောက်လေးတွေကို ရေလေးနဲ့တစ်ခါလောက်ဆေး၊ ဆားနဲနဲ (နည်းနည်းမှနည်းနည်း)လေးထည့်ပြီးရေနဲ့ပြုပ်ပါမယ်။
ပြီးရင်တော့ အအေးခံ။ သကြားရည်ထည့်၊ ရေခဲထည့်၊ ရေလိုသလောက်ထည့်ပြီးဖျော်ရုံပါဘဲ။ အရောင်လေးက လဲ နီနီရဲရဲလေးနဲ့ ချဉ်ပြုံးပြုံးလေး.. တစ်ခါသောက်မိရင် ကြိုက်သွားမှာသေချာတယ်။ ရင်လဲအေးတယ်ရှင့်။
ကျွန်မသူငယ်ချင်း ထိုင်းက အမကြီးဖျော်တိုက်တာပါ။ စိတ်ဝင်စားတဲ့သူများရှိရင်စမ်းကြည့်လို့ရအောင် တင်ပေး လိုက်ပါတယ်နော်။

အမေ့အိမ်မှာ အဲဒီချဉ်ပေါင်နီတွေ ရှိတယ်.. ပန်းအလှအနေနဲ့စိုက်ရင်လည်း တစ်ပင်လုံး နီနီရဲရဲလေးမို့ သိပ်လှတယ်.. အဲ အသီးကိုဖျော်သောက်ရတာတော့ သိဘူး
ReplyDeleteဒီတစ်ခါ အမေ့ကို အသီးသီးရင် အခြောက်လှန်းထားပေးဖို့ ပြောဦးမှး)
လုပ်သောက်ဦးမယ် စိတ်ဝင်စားတယ်။
ကျေးဇူး နော် ကူးကူးရေ
ချဉ်ပေါင်နီ ဖျော်ရည်လေးက သောက်ချင် စရာလေး။ အရောင်လေးက ဆွဲဆောင်မှု ရှိတယ်။ အစ်မကူးကူး ပြောမှ ချဉ်ပေါင်ဖူးယို တောင် စားချင်လာပြီ။
ReplyDeleteထိုင်းက အစ်မကြီးဖျော်တိုက်တာ ဆိုတာ သေချာတာပေါ့... အစ်မရာ...
ReplyDeleteထိုင်းတွေ ချဉ်ပေါင်ရွက်မစားကြဘူးဗျ.... ချဉ်ပေါင်သီးကို အဲ့လိုပဲ စားသောက်ကြတယ်..
သူတို့ ပဲ စားလိုက်ကြတဲ့ အချဉ်နဲ့  အချို... ဒါမယ့် ချဉ်ပေါင်ရွက် မစားတာတော့ အံ့အောတာ လက်ပါလန်တယ်ဗျာ....
အစ်မရဲ့ ပိတ်သတ်တယောက်...
...အလင်းစက်များ
အမတွေ့တဲ့ထိုင်းတွေစားတယ်မောင်လေးရေ..
ReplyDeleteဒီမှာချဉ်ပေါင်စားချင်ရင် သူတို့ခြံထဲမှာ သွားတောင်းခူးရတာသိလား...
သူတို့အချဉ်ချက်စားတယ်..အချိုလဲစားတယ်..
ကူးကူးရေဒီကလူမဲတွေကချဉ်ပေါင်ရွက်မစားဘူး၊အသီးအစိုကို
ReplyDeleteဂျင်း၊ဆား၊သကြားနဲ့ကြိုပြီးဖျော်ရည်ပဲသောက်ကြတာ။
ဖျော်ရည်လေးက လှလိုက်တာ အရသာရှိမှာဘဲ..
ReplyDeleteဆောင်း