Skip to main content

ပန်းပိတောက်ကိုချစ်တယ် ၂၀၁၁

ပိတောက်ပင်တွေအများကြီးထဲမှာ ကျွန်မအိမ်နဲ့နီးတဲ့ပိတောက်ပင်က သင်္ကြန်ရက်အတွင်းမှာ ကွက်တိကို ပွင့် တယ်။  အရင်ကတော့ အပင်ကလက်လှမ်းမီလို့ ဆွဲခူးလို့ရပေမယ့် ဒီနှစ်တော့အတော်လေးမြင့်နေပြီ။
ပိတောက်ခက်တွေခူးပြီးရုံးခန်းထဲယူလာပြီးပန်းအိုးထိုးထားလိုက်တယ်...
အရင်ရက်က ကားတိုက်မလိုဖြစ်ထားပြီး လူတော့ ဘာမှမဖြစ်ပေမယ့် ကားဘေးတစ်ခြမ်းတော့ အတော်လေး ရုပ်ဆိုးသွားတာမို့ ကိုယ်တိုင်လဲ လန့်ပြီး နှလုံးတွေလှိုက်လှိုက်ခုန်နေတာာ...
လေးရက်လောက်ကြာခဲ့ပြီဒါပေမယ့်တစ်ချက်တစ်ချက် နှလုံးပြန်ပြန်ဖောက်လာတယ်...
ပိတောက်ပန်းတွေရုံးထဲယူလာတဲ့နေ့မှာ အနံ့လေးနဲ့ကြည်နူးသိပ်မကြာဘူး...  နှလုံးအခုန်သိပ်မြန်လာတာနဲ့
သူငယ်ချင်းက ပန်းတွေထုတ်ထားပါလားအကြံပေးလို့ ပြန်ထုတ်လိုက်ရတယ်..
ဘ၀..ဘ၀.. ဘ နဲ့ ၀... ကိုယ်ကြိုက်တဲ့ပန်းတောက်ပန်းအနံ့တောင်မခံနိုင်တော့ပါလားကွယ်ရို့...








Comments

  1. လှလိုက်တာ၊
    ပိတောက်ကို ချစ်တယ်။

    ဒီမှာတော့ မနက်ခင်းမှာ အနံ့ရတယ်၊ အပင်က အမြင့်ကြီးမှာ ဆိုတော့ ဘယ်မှာ ပွင့်နေမှန်းကို မသိဘူး၊

    ReplyDelete
  2. ပန်းတွေလှလိုက်တာ။ ကျန်းမာရေးဂရုစိုက်နော်။
    ပျော်စရာနှစ်သစ်ဖြစ်ပါစေ

    ReplyDelete
  3. ကျန်းမာပါစေကူးရေ..
    အိုင်အိုရာ

    ReplyDelete
  4. ဂရုစိုက်ပါ အစ်မကူကူးရေ…။ ပန်းပိတောက်တွေ သိပ်လှတာပဲ။ နှစ်သစ်မှာ ကျန်းမာ ရွှင်လန်း ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  5. လာလည်သွားပါတယ်အစ်မ...ပိတောက်ပန်းလေးတွေကို ကြည့်ပြီး မြန်မာပြည်သင်္ကြန်ကို လွမ်းမိတယ်ဗျာ.... ပျော်ရွှင်ပါစေအစ်မ.....

    ReplyDelete
  6. ပိတောက်ပန်းတွေလှလိုက်တာ။နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေကူးကူးရေ...

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။