Skip to main content

မုန်လာဥဖြူနီ သုပ် (ခြံထွက်)

ကျွန်မရထားတဲ့ မြေကွက်လပ်လေး တစ်လိုင်းမှာ မုန်လာဥ နီမျိုးစေ့လေးတွေ ကြဲထားလိုက်တာ..ရက် (၃၀) မှာ စားဖို့အသင့်ဖြစ်နေပါပြီ.. ဒါပထမတစ်သုတ် နှုတ်ထားတာပါ။  
မုန်လာဥဖြူနီသုပ်..ရေနွေးဖျောပြီးသုပ်ပါ။

မုန်လာဥနီ အသေး
ကြက်သွန်ဖြူနီ ကြော်

မြေပဲ
ဆား
နှမ်းဆီ
ငရုတ်သီးစိမ်း
သံပုရာသီး  (ကို အားလုံးရောမွှေပြီး ဗူးလေးတစ်ဗူးထဲထည့် ခလောက်ပါ.. သမလောက်တဲ့ ဆော့စ် အနေထားရောက်ရင် ရေနွေးဖျောထားတဲ့ မုန်လာဥလေးတွေနဲ့ ရောမွှေပြီး ကြက်သွန်ကြော်အုပ်ပြီး စားလို့ရ ပါပြီ)




Comments

  1. စားလို့ ကောင်းမှာ အသေအချာပဲ။
    အသုပ်ဆို ကြိုက်ပြီးသား၏

    အပြုံးပန်း

    ReplyDelete
  2. ညီမရေ

    စားချင်စရာလေး အဲလိုမျိုး ဥနီ တော့ မစားဘူးသေးဘူး ဥဖြူလည်း အစိမ်းသုတ်စားရင် ကောင်းတယ်ပြောတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. ကောင်းလိုက်တာ ။ လတ်လတ်ဆတ်ဆတ်နဲ့ အဲလိုမျိုးစိုက်ချင်လိုက်တာနော်

    ReplyDelete
  4. စားကောင်းမှာသေချာတယ်။

    ReplyDelete
  5. ကူးအပင်လေးတွေက သန်လိုက်တာနော်။ လက်ဆိပ်ရှိတယ်လို့ ပြောရမယ်။ နောက် အပင်တွေခူးရင်လည်းတင်ပေးဦးနော်။း)

    ReplyDelete
  6. လပြည့်ရိပ်April 18, 2011 at 3:51 PM

    အဲလို မုန်လာဥလေးတွေ ဆိုင်ပေါ်မှာ မြင်နေကျ၊ အဲလို ၁ ခါမှ လုပ်မစားဘူးဘူး။ လုပ်စားရဦးမယ်။

    ReplyDelete
  7. အစ်မကူးကူးကို အားကျတာနော်။ အဲ့လိုလေး အပင်တွေ စိုက်ချင်တယ်။ လတ်လတ်ဆတ်ဆတ်။ radish အရသာက စူးရှရှမို့ ရို့စ် သိပ်မကြိုက်ဘူး။ ဒါပေမယ့် အဲ့လိုလေး သုတ်စားကြည့်ဦးမယ်။ ကျန်းမာရေး အတွက်တော့ ကောင်းတယ်နော်။

    ReplyDelete
  8. ကူးက ခြံစိုက် ၀ါသနာပါတယ်ပေါ့
    ကောင်းပါတယ် ကိုယ်ဆို စိုက်တိုင်းလည်း
    ရှဥ့်ငပေါလေးတွေက စားလို့ မစိုက်တော့ဘူး
    ခုလို လတ်လတ်ဆတ်ဆတ်လေးဆို သိပ်စားလို့ကောင်းမှာနော်

    Baby taster

    ReplyDelete
  9. မြေနေရာကခွဲတမ်းနဲ့ရတာထင်တယ်..စိုက်ဖို့နေရာမကျန်တော့ဘူး။ ဒါပေမဲ့ မြေကွက်မလိုတဲ့ စိုက်နည်းပေးမယ်။နောက်ဖက်က အုတ်နံရံကြီးလွတ်နေတယ်မဟုတ်လား။ အဲဒီအုတ်နံရံခြေရင်းမှာ ဂေါ်ရခါးပင်စိုက်လို့ရတယ်။ အသီးလဲစားရ ညွန့်လဲ စားလို့ကောင်းတယ်။
    ဂေါ်ရခါးက မျိးစေ့စိုက်တာမဟုတ်ဖူး။ အရင်နှစ်ကအသီးအရင့် ချန်ထားတာကို ရှာပြီးစိုက်ရပါတယ်။ အဲဒီအသီးဟောင်းက အညှောင့်ထွက်ပြီးပေါက်တာပါ။ မေလကုန်လောက်ထိ စိုက်လို့ရပါတယ်။ အောက်တိုဘာလလောက်မှာသီးပါတယ်။ တစ်ခါစိုက်လို့ရပြီဆိုရင်တော့ နောက်နှစ်အတွက် အသီးအရင့်ကြီးတွေကို မြေကြီးထဲ အနက် ၁၀ စင်တီမီတာလောက်မှာ တူးပြီးမြှုပ်ထားရင် အချိန်တန်ရင် သူ့အလိုလို ပြန်ပေါက်ပါတယ်။ အောင်မြင်ပါစေ...။

    ReplyDelete
  10. ကူးကူးရဲ့ အပင်လေးတွေကြည့်ရတာ စားချင့်စရာ လတ်ဆတ်နေတာဘဲ
    သတိရသွားပြီ။ ကိုယ့်အခင်းလေးမှာ စိုက်ခဲ့တဲ့ အပင်လေးတွေကို...
    ဆောင်း

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။