ဘန်ကောက်ရောက်တော့ ညသန်းခေါင်နားနီးနေပြီ။ လေယဉ်ပေါ်မှာလဲ ငြိမ်ငြိမ် မအိပ်နိုင်တဲ့ကျွန်မကို အတူသွားတဲ့သူငယ်ချင်းက ပွစိပွစိလုပ်နေတယ်။ လေယဉ်စီးတိုင် ငြိမ်ငြိမ်မထိုင်တတ်၊ အိပ်ပျော်ရင်လဲ ငြိမ်ငြိမ်မအိပ်တတ်တဲ့ ကျွန်မ အတွက် လေယဉ်စီးတိုင်းစိတ်ညစ်ရတာ အခါခါဘဲ။ အကျင့်သားမဖြစ်သွားသလို ဖြစ်နေကျ ခိုးလိုခုလုလဲ ပျောက်မသွားဘူး။ လေယဉ်ကွင်းမှာညီမလေးလာကြိုတယ်၊ ဒီတစ်ခေါက်တော့ သူအလုပ်လုပ်နေတဲ့ ကျောင်းကိုလိုက်သွားတယ်၊ ကားပေါ်မှာထပ်အိပ်ပျော်ပြန်တယ်.. ၂ နာရီလောက်ဆက် မောင်းရသေးတယ်။ ကျောင်းထဲရောက်မှ ကျကျနနကို အိပ်တော့ တာ။ နောက်နေ့မနက်ပိုင်းတော့ ကျောင်းဝင်းတစ်ပတ် ဓာတ်ပုံလိုက်ရိုက်ရင်း ကျောင်း သူလေးတွေ အဖြူအပြာလေးတွေနဲ့ ချစ်စရာလေးတွေ၊ လူမျိုးစုံ၊ နိုင်ငံစုံက ကျောင်း သား တွေ ပုံစံစုံပါဘဲ။ မြန်မာကျောင်းသားလေးနဲနဲတွေ့တယ်။ တက္ကသိုလ်အဆင့်ဆိုတော့ ကျောင်းသားအတွဲလေးတွေလဲ ခြံဝန်းထဲမှာ တွဲသွား တွဲ လာတွေ့ရတယ်။ နေ့လည်အိပ်ပြန်ခဏနားပြီး ၁ နာရီလောက်မှထမင်းစားဖို့ထွက်ခဲ့ တယ်။ ညီမလေးရယ် သူငယ်ချင်းရယ်.. ကျွန်မရယ်.. ကျွန်မသူငယ်ချင်းရယ်.. ဆိုင် ကယ် (၂) စီးနဲ့.... ပထမဆုံးထမင်းဆိုင်မှ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။