Skip to main content

ဘန်ကောက်ဈေးတန်း လိုက်ခဲ့နော် (၁)

အရင်တစ်ပတ်က ဘန်ကောက်ရောက်တော့ စာရာဘူရီprovinceဘက်က ညီမလေးရှိ တဲ့ကျောင်းကိုသွားလည်တယ်။  ညနေပိုင်းမှာ ဆိုင်ကယ်လေးစီးပြီး ရွှေ့ပြောင်းဈေး တန်းလေးရှိတဲ့နေရာရောက်သွားတယ်။ ဟင်းသီးဟင်းရွက်တွေစုံနေတာ သိပ်ကို ပျော် ဖို့ကောင်းတယ်။  အများကြီးဝယ်၊ ဈေးလဲပေါ...  အသားကုန်ချက်စားပစ်လိုက်တယ်။
ဒီဈေးတန်းလေးက မျက်စိတစ်ဆုံးဘဲ၊ စုံနေအောင်လဲ ပစ္စည်းတွေပေါတယ်၊ ဟင်းသီး ဟင်းရွက်၊ ချက်ပြုပ်ပြီး အဆင်သင့်စားစရာတွေကအစ၊ ဟင်းရွက်ပြုပ်တို့စရာတွေ လဲ ပါတယ်။ အ၀တ်စား အသုံးဆောင်တွေနဲ့ ဖိနပ်တွေလဲ အစုံပါဘဲ။
ကျွန်မအတွက်စိတ်ဝင်စားဆုံးအရာတွေကတော့ ဟင်းသီးဟင်းရွက်နေဘဲ။  ကိုယ်နေ တဲ့နေရာမှာ မရနိုင်တဲ့အရာတွေတစ်ပုံတစ်ပင်တွေ့ရတော့... ထုံးစံအတိုင်းဓာတ်ပုံရိုက် ပါတယ်။ 
ကြာစိ (ကြာစေ့)
ပဲတောင့်ရှည်၊ ဗူးသီး၊ ကင်းမွန်သီး၊ baby corn၊ ဆူးပုပ်ရွက်

ဒါကတော့ငါးချဉ်ကြော်ပါ၊  စားလို့အရမ်းကောင်းတယ်၊
ဓနိသီး  (ဓနိရည်ရောင်းတယ်)
 ကန်ဇွန်းရိုးနီ  (ချဉ်ဟင်းချက်လိုက်ရရင်တော့ရှယ်)
ဝါးပိုးမျှစ်  (တွေလဲပုံနေတာဘဲ)
ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ စပါဂတီ (သူတို့စတိုင်)
ကြက်ဥ ကင်  (ကောင်းမှကောင်း၊ ဘယ်လိုကင်လဲတော့မသိ)

ဆူးပုပ် (၀ယ်လာခဲ့တယ်သိလား)
ဂျူးဖူး (ညီမလေးတစ်ယောက်လာပြောပြသွားတာ၊ ပါးပါးလှီးကြက်ဥလေးနဲ့ကြော်စားသိပ်ချိုတယ်)
တမာပွင့် 
 ပုရစ်ကြော်၊ နံကောင်ကြော်၊ ပိုးကောင်ကြော်
စိမ်းပြာခရု
ငရုတ်သီး၊ ခရမ်းကြွပ်သီး အစုံ
ငါး (ဘာငါးမှန်းမသိ) ငါးပုန်နားမဟုတ်တာသေချာတယ်။
ရှမ်းနံနံ၊ ဂျင်းတက်၊ ပဒဲကော၊ သံပုရာ၊ ပဲခရမ်းပွင့်၊ တုမ့်ယမ် ချက်တဲ့အစာပလာအစုံ

မပြီးသေးပါဘူးရှင်၊  ဆက်တင်ပါဦးမည်။း))

Comments

  1. မပြီးသေးဘူးဆိုလို့ ပျော်ပါသည်။ ဆက်ရန်မျှော်နေပါသည်။
    အိုင်အိုရာ

    ReplyDelete
  2. အဲ့လိုဈေးတန်းလေးမျိုးဆို သိပ်သဘောကျ ဆက်ရန်ကို စောင့်နေမယ်

    ပိုးပိုးရဲ့  ပေါက်ကရများစွာ

    ReplyDelete
  3. ကူးကူးရိုက်တဲ့ပုံတွေက အမြဲတမ်း စိတ်ဝင်စားစရာကောင်းတယ်
    အသီးအရွက်ပုံတွေ ဈေးတန်းပုံတွေ အမြဲတမ်းကြည့်တယ်
    အစားအသောက်ပုံတွေကိုလည်း အမြဲတမ်းအားပေးလျက်

    ReplyDelete
  4. အစ်မ
    အဲဒါ ကြက်သွန်မြိတ်မဟုတ်ဘူး ဂျူးဖူး အမှတ်တမဲ့ကြည့်ရင်သာတူတာ
    ခင်မင်လျက်
    ဆာဝါဒီ

    ReplyDelete
  5. ဟားးးးးးဘန်ကောက်ဈေးနောက် ကောက်ကောက်ကိုပါရောဗျာ ဈေးခြင်းတောင်း မနိုင်တော့ဘူး ကူးကူးရေ....

    ခင်မင်တဲ့
    seesein

    ReplyDelete
  6. ဆူးပုတ်နဲ့ဂျူးဖူးကတော့ရှယ်ပဲ။ ဂျူးဖူးနဲ့ငါးပိကောင်နဲ့ကြော်စားရင်လိုက်တယ်၊
    အကွက်ကွက်နဲ့ငါးက ငါးမြွေထိုးထင်တယ်၊ ငါးမြွေထိုးခြောက်လည်းရှိတယ်လေ။

    ReplyDelete
  7. အဲ့လို ဈေးတန်းမျိုး သွားချင်လိုက်တာ။ ကြာခွက် မစားရတာ တော်တော်ကြာပေါ့။ ဓနိသီး ဆိုတာတော့ အစ်မကူးကူး ပုံတင်မှပဲ မြင်ဖူးတယ်တော့။ မကြားဖူးဘူး။ ဆူးပုပ်ရွက်တွေ အများကြီး ၀ယ်လာတာလား။ နည်းနည်း လှမ်းပို့ပေးနော် ခိခိး)။ ပဲခရမ်းပွင့် ဆိုတာလေးက ပန်းပွင့်လေးနော်။ ဘယ်လို လုပ်စားရတာလဲ မသိဘူး။ အောက်ဆုံးပုံက အဒေါ်ကြီးက အစ်မကူးကူး ဓာတ်ပုံ ရိုက်နေတာ သိလို့ ထင်တယ် လက်သည်းနီ အနီရောင်လေး ဆိုးထားတဲ့ သူ့လက်ကို သေချာ အလှလေး တင်ထားတယ် ခိခိး)

    ReplyDelete
  8. ငါးက ငါးမြွှေထိုးနဲ့တူတယ်။ ဂျူးဖူးလေး ကြော်စားချင်လိုက်တာ။ ဆူးပုတ်နဲ့ ပဲကြီးနဲ့ချက်ချက်၊ ဘဲဥနဲ့ ကြော်ကြော် စားချင်စရာလေးနော်။ စိမ်းစိုလတ်ဆတ်နေတာပဲ။ ကန်စွန်းရိုးနီလေးတွေလည်းတော်တော်လတ်ဆတ်တယ်။ အင်း သွားမိရင် တစ်ဈေးလုံး ဝယ်မိမယ်...း)

    ခင်မင်လေးစားလျက်

    ReplyDelete
  9. ပုံ့တွေကတကယ့်ကိုကောင်းပါတယ်။ ကျေးဇူးတင်လျှက်

    ReplyDelete
  10. စုံလိုက်တာ ကူးရေ ကန်စွန်းရိုးနီ စားချင်တယ်

    ReplyDelete
  11. i miss bangkok, want to be there and buy vagies. i can't buy those so easy here.

    ReplyDelete
  12. It's going to be end of mine day, but before finish I am reading this enormous article to improve my knowledge.

    my web blog: www.keibaguide.net

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...