စားချင်စရာလုံးလုံးလေးတွေမဟုတ်လား...မေးကြည့်တော့ ၀က်သားဆိုလို့မ၀ယ်စားဖြစ်ဘူး။ ဒါပေမယ့် အရမ်းကိုဆွဲဆောင်မှုကောင်းတယ်.. ဘာဘီကယူးနော်..
ဈေးတန်းလျှောက်လို့ဝပြီးလား... နောက်နေ့ကျရင် စပျစ်ခြံ၊ ရေတံခွန်တွေနဲ့... ပတ္တရားခေါ်သွားမယ်နော်..း)
ဝက်သားလုံး
မုန့်လင်မယား ( အပြားလိုက်ကြော်ပြီးမှ ကတ်ကြေးနဲ့ပြန်ညှပ်နေတာတွေ့ခဲ့တယ်)
ကြောင်လျှာသီး နဲ့ ဥသျစ်ရွက်
ပဲသီး နဲ့ ခ၀ဲသီးအသေးလိုမျိုး
အဲဒီအရွက်တွေကတော့ ရေထဲမှာပေါက်နေတာတွေ.. ဘာလဲမသိဘူး.. မန္တလေးမှာတုန်းကတော့ အဲဒီဖော့လို အရွက်တွေစားဘူး။ ဒီမှာတော့ ရောင်းတယ်။
ကနဖော့ တော့ တစ်ခါတို့စားဖူးတယ်.. မြင်းခွါရွက်တွေ စိတ်ကြိုက်ဘဲ.. ဒီမှာမှမရှိတာကို..း(
အသီးတွေလဲဈေးပေါတယ်..ရက်ရက်စက်စက်ဘဲ.. နဂါးမောက်သီးဆို စားပါလေ့..
ကြက်မောက်သီး မင်းဂွတ်သီး၊ သြဇာသီး အစုံဘဲ
ငါးတွေလဲအများကြီး.
ကြာဆွယ်လိုလိုနဲ့ ဘာမှန်းမသိဘူး။ သိတဲ့သူများရေးခဲ့ပေးပါ။
မျှစ်တွေကတော့ ပုံနေတာဘဲ.. သူတို့ကအခွံလေးနဲ့ပြုပ်ပြီးမှပြန်နွှာတာ... ဘန်ကောက်မှနေတုန်းမ၀ယ်ဖြစ်ခဲ့ ဘူး။ စင်ကာပူရောက်မှ ဂိုးဒင်းမိုင်းမှာ ထမင်းသွားစားတော့ မျှစ်သုပ် စပ်စပ်လေးကို သဘောကျလို့ မျှစ်လေး တွေဝယ်လာခဲ့တယ်။ စားပွဲထိုး မြန်မ ညီမလေးတွေပြောတာ ထပ်ပြန်ပြုပ်ပြီးသုပ်တာတဲ့.... သိပ်ကိုကြိုက်.. ဈေးတန်းလျှောက်လို့ဝပြီးလား... နောက်နေ့ကျရင် စပျစ်ခြံ၊ ရေတံခွန်တွေနဲ့... ပတ္တရားခေါ်သွားမယ်နော်..း)
ဟင့်အင်း လည်လို့ ၀သေးဖူးဆိုရင်ရောဟင် ကူကူစ်
ReplyDeleteဘာလုပ်မလို့လဲဟင် လည်လည်ပြန်ခေါ်တွားမှာလားဟင်
ချစ်တဲ့
မြူစ်
ဈေးတန်းလေး ဆက်လိုက်ခဲ့တယ်နော် အစ်မကူးကူး... အရွက် စိုစိုစိမ်းစိမ်းလေးတွေနဲ့ ကြောင်လျှာသီး၊ သြဇာသီးတွေ မမြင်ရတာ နှစ် တော်တော်ကြာပြီ။ တ၀ကြီး ကြည့်ပလိုက်တယ်း))
ReplyDeleteဘန်ကောက်ဈေး ရောက်ဖူးသွားပြန်ပြီ...ကောင်းလေစွ...
ReplyDeleteဘန်ကောက်ဈေးကိုဘယ်လိုသွားရမလဲဟင်။ ရောက်ခဲ့ရင်သွားချင်လို့ ပါ။
ReplyDeleteဈေးပတ်လို့ မ၀သေးဘူးကူး၇ယ်။
ReplyDeleteဟို..ဖေါ့လိုအဖူးလေးတွေက တက်ပြားဖူး ကူးရေ။ ကိုယ်သိပ်ကြိုက်တယ်။ အဲလို တောစာတွေငတ်တယ်ကွား
အိုင်အိုရာ
ကြာဆွယ်တော့မဟုတ်ဘူးကွယ် အဲဒါပိန်းစွယ်လို့ခေါ်ပါတယ်။
ReplyDeleteသြဇာသီးလေးတွေ ..........း))
ReplyDeleteဈေးလိုက်ရတာပျော်စရာကြီး... မုန့်လင်မယားအကြိုက်ဆုံး
ReplyDeleteအဲလို သဘာဝကျကျ ရာသီစာလေးတွေရောင်းတဲ့ဈေးမျိုးဆို သိပ်သဘောကျတာ...ကျေးဇူးပဲကူးကူး...နောက်နေကျ စပျစ်ခြံလိုက်ခဲ့ဦးမယ်..။
ReplyDeleteခင်တဲ့
မိုးငွေ့
ခုချက်ခြင်းထသွားချင်စိတ်တောင်ပေါက်တယ်
ReplyDeleteဒါမယ့် ခုလိုပုံလေးတွေမြင်ရတာလည်း ပျော်တယ်
များများသွား များများရိုက်ခဲ့ပါ
အကုန်လုံးကို ၀ယ်ပလိုက်ချင်စိတ်ပေါက်တယ် :P
ပိုးပိုးရဲ့ ပေါက်ကရများစွာ
ဥသျှစ်ရွက်လေးကို မန်ကျည်းရွက်လေးနဲ့ချက်စားချင်တယ်......
ReplyDeleteကျန်တာတွေက ကျန်မတို့ အော်စလိုမှာ ရှာလို့ဝယ်လို့ရပေမယ့် ဥသျှစ်ရွက်တစ်ခုကတော့ ဟီးးးးးးမရဘူး စားချင်တယ်......
ဘန်ကောက်ဈေးကြီး ဒီဖက်ရွှေ့ပေးပါဗျို့။ ၀ယ်ချင်စရာတွေ စားချင်စရာတွေချည်းပဲ။ ဟင်းစဉ်းစားရတာ ဒုက္ခရောက်လွန်းလို့ ...
ReplyDeleteThank you for any other magnificent post. The place else may just anybody get that type of info in such a perfect means of writing?
ReplyDeleteI have a presentation next week, and I am on the search for such information.
Stop by my blog post :: ford ranger forum