Skip to main content

ကြက်ဥသုပ်

ကြက်ဥသုပ်လေးလုပ်စားဖို့အတွက် ကြက်ဥကိုကျက်အောင်ပြုပ်၊ ပါးပါးလှီး။
ကြက်သွန်နီလေးတွေပကိုပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်လေးတွေဆီသတ် (မရှိလဲ ငါးခြောက်မှုန့်လေးပေါ့)
သံပုရာသီးလေးရယ်၊ ဆားလေးနဲနဲရယ်...   လွယ်မြန်စားကောင်းတဲ့ ကြက်ဥသုပ်လေးရပီး...
နံနံပင်နဲ့ ခရမ်းချဉ်သီးမရှိလို့ မုန်ညှင်းပွင့်လေးတွေထည့်သုပ်လိုက်တယ်... ကောင်းမှကောင်း...း))
ကြက်ဥပြုပ်ကစိမ့်တယ်လေ၊ ပုဇွန်ခြောက်မှုန့်ကြော်လေးတွေကကြွပ်ကြွပ်နဲ့ ကြက်သွန်စိမ်းအနံ့လေးရယ်၊ အချဉ်လေးရယ် ပေါင်းမှတော့မကောင်းဘဲနေရော့လားနော်။ 

(ဒီနေ့မနက် ဘာစားရမှန်းမသိပျင်းနေတုံး... ဖုန်းလာတော့ ဘာချက်စားလဲစပ်စုရင်းရလာတဲ့ receipe လေးပါ။ မျက်စောင်းထိုးမနေနဲ့နော်.. credit ကြီးကြီး ပေးတယ်.. ဟီးးးးးးး)

Comments

  1. ကောင်းသားပဲ။ လုပ်စားအုံးမယ်။

    ReplyDelete
  2. တို့ဟင်းမချက်ဘူး ထမင်းအိုးတည်ရင်းကြက်ဥထည့်ထားပြီးပြီ. အဲသာဆိုရင် ကြက်သွန်နီလှီးပြီးသုပ်လိုက်မယ် သံပရာသီးမရှိဘူး. ခရးမ်ချဉ်သီးရှိတယ်။ ပုဇွန်ခြောက်မှု့န်မရှီဘူး အကောင်ရှိတယ်။

    ReplyDelete
  3. မကြာမကြာ စားဖြစ်တယ် ကူးကူး လိုတော့ မကောင်းဘူး ထပ်ထည့်ပြီး သုပ်စားကြည့်မယ်

    ReplyDelete
  4. ကြက်သွန်စိမ်းနဲ့ ဆီစိမ်းနဲ့ ဘဲသုပ်စားဖူးတယ်။
    မွှေးနေမယ်နဲ့ တူတယ်။
    အိုင်အိုရာ

    ReplyDelete
  5. မိုးချိုသင်းJuly 11, 2011 at 1:05 AM

    ကြက်ဥသုတ်ဆိုလို့ အပြေးလာခဲ့ပြီ ညီမရေ..
    ပုဇွန်ခြောက် ထည့်သုတ်တာ မသိဘူး။ ကြက်သွန်စိမ်းနဲ့ပဲ သုတ်ဖူးတာ။ ပုံလေးကို မြင်တာနဲ့ ကောင်းမှကောင်း။ ။

    ReplyDelete
  6. ကြက်ဥကို တစ်နေ့တစ်လုံးစားသင့်တယ်တဲ့...။ မစားဖြစ်တာကြာပြီ...။ ကြက်ဥအကျက်ပြုတ်ကို အလုံးလိုက် ရှမ်းခေါက်ဆွဲအရည်ဖျော်ထဲထည့်စားရတာသိပ်ကြိုက်တယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  7. ကြက်ဥပြုတ်ပြီးသားရေခဲသေတ္တာထဲမှာရှိတယ်..အတော်ဘဲ ...လုပ်စားမယ်...

    ReplyDelete
  8. မလေး လာစားသွားတယ်း))

    ReplyDelete
  9. ဟင်း....... သုပ်လဲ သုပ်မပေးဘူး.... ကိုယ့်ဖာသာနယ်စားရမှာလား.. ပျင်းထှာ မကူးရာ

    ReplyDelete
  10. အလိုလို... ဒီလောက်အဆင်သင့်ကို မွှေပီးစားဖို့ပျင်းသေးတယ်.. ဟားဟား......

    ReplyDelete
  11. စားချင်စရာလေး ပြင်ဆင်ပုံလေးနဲ့တင် သရေကျနေပြီ မမ ကျွေးနော် :)

    ReplyDelete
  12. I almost never leave a response, but after looking at a few of the responses here "ကြက်ဥသုပ်".
    I actually do have 2 questions for you if it's allright. Could it be simply me or do some of these comments look like they are left by brain dead people? :-P And, if you are posting at additional places, I'd like to follow you.
    Could you make a list of the complete urls of all your public
    sites like your linkedin profile, Facebook page or twitter feed?


    My blog post - ford ranger forum

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။