Skip to main content

Posts

ကြံမဆိုင်ကြက်ရိုးဟင်းရည်

ကြံမဆိုင်ကို ဘယ်လိုချက်ချက်နှစ်သက်တဲ့သူတွေအတွက်ပါ။ ရန်ကုန်ပြန်တိုင်း ဆိုင်မှာထမင်းစားရင် ကြံမဆိုင်ဟင်းချိုအမြဲမှာတယ်.. ကျွန်မအတွက် မပါမဖြစ် အရည်သောက်တစ်ခွက်ပေါ့။ ကြံမဆိုင် လုပ်နည်း ကိုတော့ မမလု ဘလော့မှာ အသေးစိတ်သေသေချာချာရေးပြ ရှင်းပြထားပါတယ်။  ကူးကူးကတော့ ကိုယ်တိုင်လုပ်ဖို့ သိမ်းထားဖို့အဆင်မပြေတာရယ်.. ကိုယ်တိုင် အမြဲမချက်စားဖြစ်တာကြောင့် Ruby Mart ကနေ ဒီလိုအထုပ်လေးတွေ ၀ယ်လာခဲ့တယ်။  ရေခဲသေတ္တာထဲထည့်ထား အကြာကြီးခံတယ်.. အရမ်းလဲ လတ်ဆတ်တယ်။ ကြံမဆိုင်ကြက်ရိုးဟင်းချိုအတွက်.. ကြက်ရင်အုံသား အရိုးအသားပါ (Native chicken) ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ ဆားအနည်းငယ် မှိုအမှုန့် နံနံပင် ငရုတ်သီးအနီတောင့် ကြက်ရင်အုံသားကိုရေစင်စင်ဆေးပြီးအရိုးအသားပါ ငံပြာရည်လေးနဲနဲထည့်ပြီး ကျက်အောင်ပြုပ်ပါမယ်။  ညက်အောင်ထောင်းထားတဲ့ကြက်သွန်ဖြူ၊နီ၊ဂျင်းနဲ့ငရုတ်သီးအနီတောင့်ကို ထည့်ပီး ပွက်ပွက်ဆူအောင်ဆက်တည်ပါ။  ဆားအနည်းငယ်ထည့်ပါ။  ကြံမဆိုင်ကိုအထုတ်ထဲကဖောက်ပီး ရေလေးတစ်ခေါက်ဆေးလိုက်ပါ။ ပြီးရင်တော့ အနေတော်လှီးဖြတ်ပီး ဟင်းရည်အိုးထဲထည့်ပါ..  မီးမျှင်းမျှင်းနဲ့ အချိန်ယူပီးဆက်တည...

ကျွန်မ နှင့် Hamster ပေါက်ကလေးများ

ကျွန်မ ဆေးရုံတက်နေတာရယ်.  ဆေးရုံဆင်းပီးနောက်ပိုင်း ကွန်ပြူတာကြည့်လို့ မရတာရယ်ကြောင့်ပေါက်ကရမတင်ဖြစ်တာကြာပီ။ တစ်နေ့တစ်နေ့အိမ်မှာ hamster လေးတွေကိုဘဲအဖော်လုပ်ပီးနေရတာနဲ့ သူတို့တွေအကြောင်းကို တော် တော်ကိုနားလည်နေပီ။  စစခြင်းတော့ အကောင်လေး နှစ်ကောင်ဘဲ ၀ယ်ထားတာပါ။  ပထမ ၈ ကောင်မွေးတယ်.. ကိုယ်ကလဲမလုပ်တတ်မကိုင်တတ်နဲ့ မဖတ်မတင်ဘူး။  နောက်တော့ ၆ ကောင်ထပ်မွေးတယ်... အဖတ်မတင်ဘူး။ နောက်ဆုံး ၄ ကောင်မွေးတော့ အဖေကိုခွဲထားလိုက်တယ်.. အမေကိုလဲ အစာအပြည့်ထည့်ထားပီး ချောင်ထဲ မှာထား လိုက်တယ် သွားလဲမကြည့်တော့ ဘူး။ သူက လူများကြည့်ရင်ဂနာမငြိမ်ဖြစ်ပီး သူ့ကလေး သူပြန်ကိုက်သတ်တတ်တာကို အရင်ကမသိခဲ့လို့ ကလေးတွေဆုံးရှုံးခဲ့ရလို့ အခုတော့ သိသွားပီ။  အထီးအနားမှာရှိရင် လဲ သူ့ဘာသူစိတ်လှုပ်ရှားပီး ကလေးတွေကို နို့ကောင်းကောင်း မတိုက်တဲ့အခါ ကလေးတွေက နို့မ၀ဘဲ ပိန်ခြောက်ပီးသေသွားပြန်တယ်...  သူ့အိမ်လဲ သန့်ရှင်းရေးလုပ်လို့မရဘူး..အနံ့ပြောင်းတာနဲ့ သူ့ကလေးတွေအကုန် ကိုက်သတ်ပြန်တယ်...  ကလေးရှိတဲ့အတောတွင်းတော့ အနံ့အသက်တော်တော်ဆိုးတာ သီးခံရတယ်... ခဏခဏလဲသူ့ကိုသွားကြည့်လို့မရဘူး။  အစားနဲ့ရေကိုတော့ များမ...

တိုရန်တို

ကျွန်မအထက်တန်းကျောင်းသူအရွယ်လောက်မှာ ပါးပါးက ကနေဒါကို အစည်းဝေး သွားတက်တယ်။ သူကပြောတယ်.. အစည်းဝေးက တိုရန်တို မှာတဲ့။   အဲဒီမှာ သူတို့တည်းတဲ့ဟိုတယ်မှာထမင်းမရှိလို့ တရုတ်တန်းဘက်ကို တစ်ကိုယ်တော့ ရှာဖွေ သွားပီးထမင်းသွားဝယ်စားတယ်ဆိုတာပြောခဲ့ဖူးတယ်။ ကျွန်မလဲ ကနေဒါရောက်မှ ဒီကလူတွေ ထမင်းအစား အာလူး နဲ့ ရွှေဖရုံသီးကို ထမင်းလိုစား နေရ သလားအောက်မေ့ရပါတယ်။  victoria က ဟိုတယ်မှာ ၂ ပတ်နီးပါး ထမင်းမစား ရလို့  အားပြတ်ခါနီးပါ။..း)   ကျွန်မဒီတစ်ခေါက် ကနေဒါသွားမယ်ဆိုတော့ ပါးပါးကတိုရန်တို ကိုရောက်မလားလို့ သူက သံယောဇဉ်မပြတ်နိုင်မေးပြန်တယ်။ ရောက်ခဲ့တယ်...  ဒါပေမယ့် အာရှသားတွေနေတဲ့မြို့လို့တောင်ပြောလို့ရလောက်  အောင် အာရှသားတွေ အများကြီးပါ။  china town လဲရှိပါတယ်။...  ပစ္စည်းတွေစုံပလုံအောင် လဲ ၀ယ်လို့ရပါ တယ်.. ပဇွန်ခြောက် နဲ့ အခြား မြန်မာအစားစာ ချက်ပြုတ်ဖို့ ပစ္စည်းအခြောက်ခြမ်း အကုန်ဝယ်လာခဲ့တယ်... ဒါပေမယ့် လူအရမ်းရှုပ်လို့ ကျွန်မတော့ တိုရန်တို ဆိုတဲ့မြို့ကြီးကို သဘောမကျခဲ့ပါဘူး။း) တရုတ်တန်းမှာ ၅၀ တန် ဓားတစ်ချောင်းတော့ဝယ်ခဲ့တယ်.. ဟင်းချက်ရင်ခုတ်ထစ်ဖို့..း)) ...

မနာဒို ဆန်ပြုတ်

ဆန်ပြုတ်ကြိုက်တတ်လာတဲ့ကျွန်မအတွက် နောက်ထပ်နည်းသစ်တစ်မျိုးပါ။ ကျွန်မနေတဲ့ နေရာမှာ ရွှေဖရုံသီးတွေအများကြီးရှိတယ်။ အရင်က ခဏခဏ၀ယ်ချက်စားဖြစ်ပေမယ့် စီးလဲမစီး၊ အရသာလဲ ဖွာတာတာနဲ့မို့ နောက်ဆို လုံးဝကိုမ၀ယ်စားတော့ဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ထိုင်းက ယူလာတဲ့မျိုးစေ့နဲ့ စိုက်ထားတဲ့အပင်ကို ခြံထဲက အင်ဒိုအရှေ့ပိုင်းကလာတဲ့ အန်တီတစ်ယောက် ကပေးထားလို့ ခပ်စီးစီးလေး ရွှေဖရုံသီးကိုစားခွင့်ရတယ်။   ခြံထဲကအလုပ်သမားတွေ ပိုင်ရှင်မရှိဘူးထင်ပြီးခူးမှာစိုးလို့နာမည်တပ်ထားတာ..း) သူက ရွှေဖရုံသီးနဲ့ ဆန်ပြုတ်ချက်စားရင်အရမ်းကောင်းတဲ့အကြောင်းလဲပြောပြလို့ သူ့ဆီက ချက်နည်းလေးမေးထားတယ်။ သူက အင်ဒိုအရှေ့ပိုင်းကပါ။  အဲဒီဖက်က လူတွေကအသားတော်တော်ဖြူကြတယ်..တရုတ်နဲ့စပ်သလားမဆိုတတ်ဘူး။  ဂျကာတာရောက်တုန်းကလဲ အဲဒီကသူတွေ မနာဒို(အင်ဒိုအရှေ့ပိုင်း)က ဆန်ပြုတ်က နာမည်ကြီးတယ်ပြောတယ်... ဆန်ပြုတ်ပြုတ်တာကတော့လွယ်ပါတယ်။ ဆန်ကိုထည့်... ရွှေဖရုံသီးကိုပါအတုံး လေးတွေတုံးပြီးတစ်ခါတည်းထည့်ပြုတ်တာဘဲ...  ဆန်ပြုတ်ကျက်တဲ့အခါဆန်ကျေသွားအောင်မွှေရင်းနဲ့ ရွှေဖရုံသီးလေးတွေကိုပါဖိမွှေ.. အဲဒီတော့ ဆန်ပြုတ်ကရွှေဝါရောင်လေးဖြစ်လာရော.. ဆားေ...