Skip to main content

စားဖွယ်စုံ၊ ကြွားဖွယ်စုံ

တစ်နေ့တစ်နေ့၊ မနက်နိုးတာနဲ့ပန်းသီးတစ်လုံးအိတ်ထဲကောက်ထည့်ပြီးရုံးကိုပြေး၊ ရုံးရောက်တာ
တောင်ဘာမှမစားချင်ဘူး။၁၀နာရီကျော်လောက်မှနဲနဲဗိုက်စာတယ်၊အဲတော့ပန်းသီးစား၊ရေသောက်
နေ့လည်စာစားချိန်ကြလဲမယ်မယ်ရရဘာမှမစားဖြစ်တာကြာပြီ။ ဆရာဝန်မကတော့ပြောတယ်၊ အဲ
ဒီဆေးတွေသောက်ရင်ရင်ပြည့်နေပြီးဘာမှမစားချင်ဘူးတဲ့။ အဲလိုနေလာတာသုံးပတ်ကျော်ပီ။ လူက
အားမရှိတော့ဘူး။ သူငယ်ချင်းတွေကတောင် အသားပိုဖြူလာတယ်လို့နောက်နေကြတယ်။ စားချင်
တာတွေကမြန်မာပြည်ကကိုယ်နဲ့မတည့်တဲ့အစာတွေ။ လူကြုံရှိတာနဲ့မောင်လေးကိုဖားပြီးဒညင်းသီး
ခိုးပို့ပေးဖို့ဆွယ်ရတယ်။ နောက်ဆုံးတော့ရောက်လာပါတယ်။ မာမီကမန်ကျဉ်းသီးကြော်၊ဒညင်းသီးနဲ
နဲနဲ့တောင်ကြီးပဲစိမ်းကြော်။
ဒညင်းသီးကမစားတာအကောင်းဆုံးပါဘဲ။ အနံ့လဲဆိုး၊ ကျောက်ကပ်အတွက်လဲမကောင်း။ စားချင်
တော့လဲခက်သားဟ။ ဒါပေမယ့်သူငယ်ချင်းအမကြီးကမြန်မာပြည်ကနေဘယ်လိုလုပ်မရလဲဆိုတာ
တစ်ဆင့်ခြင်းပြောပြထားတော့ ကျွန်မလဲဒညင်းသီးကို မီးသွေးတစ်တုံးထည့်ပြီးအရင်ပြုပ်လိုက်တယ် ပွက်ပွက်ဆူရင်၊ရေတွေအကုန်သွန်ပစ်တယ်။ ပြီးနောက်နှစ်ရည်ထပ်ပြုပ်သွန်ပစ်တယ်။ပြီးမှအခွံနွှာ အထိပ်ကအပင်ပေါက်လေးကိုဆွဲထုတ်။ ပြီးတာနဲ့ဆီပူလေးနဲ့လိမ့်ပြီးစားတယ်။ ကောင်းမှကောင်း။
တစ်ခါတစ်လေအပင်ပန်းခံအဆာပလာတစ်ပုံတစ်ပင်လုပ်ပြီးစားရတာပင်ပန်းပြီးတစ်ကယ်စားမယ့်အချိန်
ရောက်ရင်မစားနိုင်တော့ဘူး။ ဒီမှာချဉ်ပေါင်ပင်တော့မရှိဘူး။ ကျွန်မစိုက်ထားတဲ့အပင်တွေကမြန်မာသူ
ငယ်ချင်းတွေကိုခူးပေးလိုက်တော့ ကျွန်မမှာချဉ်ပေါင်မရှိတော့ဘူး။ ဒါပေမယ့်ရုံးကအမကြီးတစ်ယောက်
ကသူ့ခြံထဲမှာချဉ်ပေါင်ပင်စိုက်ထားပေးပြီးခူးခူးယူလာပေးတယ်။ သူ့အပင်တွေကမှတော်တော်သန်တာ။
မြက်ရိုင်းကြားမှာပေါက်တာကိုး။ ကျွန်မလဲဝယ်ထားပြီးသားတစ်လားပီးယား ငါးတစ်ကောင်ရှိတာနဲ့
ငံပြာရည်လေးနြဲ့ပုပ်၊ အရေချွံနွှာ၊ လွင့်ပစ် (ငါးအရေခွံ၊ ကြက်သားအရေခွံအခုထိမစားရဲသေးဘူး)အသား
ဖတ်တွေချည်းဘဲသတ်သတ်ဖယ်ထားပြီးကြက်သွန်ဖြူ/နီနဲ့မွှေးနေအောင်ဆီသတ်၊ ချဉ်ပေါင်ကိုစီးနေအောင်
ကြိုပြီးလောင်းထည့်လိုက်ပါတယ်။ စားလို့တော့တော်တော်ကောင်းတယ်။
မှိုဝယ်ထားတဲ့တစ်ထုပ်ကတစ်ပတ်ပြည့်တော့မယ်..ရေဆေးပြီးကြက်သွန်ဖြူနဲ့ ပလိန်းကြော်လိုက်တယ်။
ွှအမကြီးတစ်ယောက်ကခြံထွက်ဂေါ်ရခါးညွန့်လေးတွေခူးလာပေးတော့ ကြက်သွန်ဖြူနဲ့ဘဲ ပလိန်း...
ညနေစာကတော့ရှယ်ပေါ့.....ကျွန်မရဲ့အဝေးကသူငယ်ချင်းတွေကတော့ပြောအုံးမယ်...
ဘာကောင်းစားတစ်နပ်ဆိုလဲ...ဟိဟိ
ကျွန်မဆရာ့အိမ်သွားလည်တုန်းမြန်မာတွေစုပြီးမုန့်ဟင်းခါးချက်စားကြတာ၊ ငရုတ်သီးမှုန့်မရှိတော့
သူကငရုတ်သီးစိမ်းကိုအညှာချွေ၊ဘလန်ဒါနဲ့ကြိတ်ပြီးငံပြာရည်နဲ့ပြန်ကျိုလိုက်တာ...အားပါးပါးစပ်မှ
စပ်၊ ကောင်းမှကောင်းပါ..မုန့်ဟင်းခါးထဲထည့်စားတော့ ငံပြာရည်သတ်သတ်ထပ်ထည့်စရာလိုတော့
ဘူးပေါ့...ညီမ၀မ်းကွဲဘူးသီးကြော်တာမ၀ါဘဲနီသွားလို့ရီစရာလေးတွေဖြစ်လို့.... ပဲကြော်ကတော့ တစ်
ကယ့်ရှယ်ပါ။ ပဲကိုတစ်ရက်တစ်ညစိမ်ထားပြီးအကြော်မှုန့်နဲ့ကြော်တာပါ...
သြော်..ဒါနဲ့ကြွားလိုက်အုံးမယ်။ မာမီလာလည်တုန်းက၀ယ်ပြီးစိုက်ပေးထားတဲ့နှင်းဆီနှစ်ပင်ကသေပြီခြောက်
နေပြီလွှင့်ပစ်မလို့လုပ်တုန်းကအန်တီတစ်ယောက်က အုတ်(သမံတလင်း)ပေါ်ကနေမြေကြီးပေါ်မှာအိုးကိုချထားလိုက်ဆိုလို့ချထားလိုက်တာ..အနုလေးတွေထွက်လာ
ပြီးအခုတော့အပွင့်လေးတောင်ပွင့်နေပေါ့...မလှဘူးလား...ကိုယ့်ရည်းစားကိုပေးချင်တဲ့သူများကြိုတင်စာရင်း
ပေးထား နောက်ဆိုအများကြီးထပ်ပွင့်ဦးမှာ....
ညီမလေးကလဲဒီကအိပ်ရာခင်းတွေမလှ၊အသားလဲမကောင်းဈေးလဲကြီးမို့သူဘန်ကောက်ကနေပို့ပေး
တာချစ်ချာလေးနော်...အိမ်ကကောင်မလေးခင်းတာမညီဘူး...ဆန္ဒစောပြီးဓာတ်ပုံအရင်ရိုက်လိုက်တာ။
ဖက်လုံးလေးကိုတောင်အထိပ်ကြိုးမချည်ရသေးဘူးး...

Comments

  1. mouth watering .
    .
    .
    also lovely အိပ်ရာခင်း

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4