ကျွန်မဘလော့ကိုလာလည်တဲ့သူငယ်ချင်းတွေအတွက်တော့ချက်ပြုတ်ထားတဲ့ဟာတွေ နဲ့ဧည့်ခံလိုက်မယ်။ ဒါကတော့မြန်မာအကြိုက်ပါနော်။ ချက်နည်းအသေးစိတ်သိချင်ရင် တော့comment မှာဖြစ်ဖြစ် C-box မှာဖြစ်ဖြစ်ရေးချန်ထားခဲ့နော်။ ကဲစမယ်.. ဒါကတော့ အမဲသားကိုအရွက်နဲ့ရောပြီးအစိမ့်ချက်ထားတာ၊ အနံ့ကတော့မွှေးကြိုင်နေ တာ။အသားကလဲတော်တော်နူးပါတယ်။ နောက်တစ်ခုကတော့ယိုးဒယားစတိုင်ငါးအချိုချက်ပါ။ ဒီငါးကတော့ တူနာငါးကိုဖုတ်ပြီး ခရမ်းချဉ်သီးငရုတ်သီးအနှစ်ဖြန်းထားတဲ့ငါးကင်အစပ်အုပ် တစ်မျိုးပါ။ ရွှေဂေါင်းပြောင်လေးတွေကတော့သတ်သတ်လွတ်တွေအတွက်ပေါ့။ ကဲလာပြီခရမ်းပလိန်းနှပ်.. နောက်ဆုံးကတော့မရိုးနိုင်တဲ့အသီးရွက်စုံကြော်ပါ။ ပဲပြားလဲကြော်ပြီးအပေါ်မှာအုပ်ထားတယ်။ ကျွန်မညီမ၀မ်းကွဲက အဲလိုမှပိုလှတာဆိုဘဲ... ကဲ..တယ်ရင်းတို့ရေ...အားရပါးရစားသွားကြနော်.....း)
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။