မတရားတာတွေမြင်တွေ့ကြားသိနေရရင်စိတ်ကသိကအောက်ဖြစ်တဲ့ကျွန်မအတွက် စိတ်ပေါ့သွားအောင်ဘလော့ထဲမှာဘဲသွန်ချထားလိုက်မယ်..
မနေ့ညကစကားပြောဖြစ်တဲ့မြန်မာကသူငယ်ချင်း တစ်ယောက် အကြောင်းကိုညက
မအိပ်နိုင်ဘဲရေးချထားတာ။
အဓိက ကတော့ သူငယ်ချင်းနှင့် မိသားစုခံစားနေရတဲ့ဒုက္ခတွေကို ပြန်ပြောင်းကြည့်ရင်
လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် (၁၁)နှစ်ဆီက အတိတ်ကို ပြန်သွားရပါလိမ့်မယ်။လွယ်လွယ်နဲ့
ပြောရရင် သူငယ်ချင်းရဲ့ နာမည်က ကိုကျော်။ ကိုကျော် က အဖိုးဖြစ်သူထံမှ ကံအကြောင်း
တရားကြောင့်သေတမ်းစာအရမြေကွက်ကိုခက်ခဲစွာဖြင့်ရရှိလိုက်တယ်။ သေတမ်းစာက
လည်းလွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀)ကျော်ကတည်းက ရေးထားတာပါ။ သေတမ်းစာအရမျိုးရိုး
အစဉ်အဆက် ကိုကျော်ဖြတ်လာပြီး ဖခင်လက်ထဲကို ရောက်ရှိခဲ့ပါတယ်။ နေရာကတော့
ဒဂုံမြို့နယ် တစ်နေရာ ဗိုလ်ချုပ်ဈေးနဲ့လည်းနီး၊ ရွှေတိဂုံ ဘုရားနဲ့လည်းနီး၊ ဘူတာနဲ့လဲနီးတဲ့
တစ်နေရာ။ တိုက်သစ်တွေ ဆောက်မယ်ဆိုပြီး ၁၉၉၇ခုနှစ်ထဲက ကန်ထရိုက်တာနှင့်စာချုပ်
ချုပ်ကြတယ်။ ကန်ထရိုက်တာကမြေရှင်ဘယ်လိုနည်းနဲ့ အထူးရရှိခဲ့တယ်ဆိုတာကို ကိုယ့်အ
တွင်းလူတွေဆီကသိရှိခဲ့တယ်။ ဒါနဲ့ပဲ ကျောက်ခဲရေပေါ် ဆိုပြီးသူ့လိုချင်တဲ့ စီမံကိန်းကိုဆွဲပြီး
စာချုပ် ချုပ်တော့တာပါဘဲ။ သူ့စီမံကိန်းက တိကျသလား မပြောတတ်ဘူး။ ကိုကျော်တို့မိသား
စုခုထက်ထိ ကန်ထရိုက်ဆီကရလာဒ်ကဘာတစ်ခုမှ မခံစားရသေးဘူး။စဉ်းတောင်မစဉ်းစား
တတ်တော့ဘူး။ ၁၉၉၇ ခုနှစ်ထဲကချုပ်ထားတဲ့ စာချုပ်က ၂၀၀၈ ခုနှစ်ကုန်တော့မယ် ဘာမှ
အရာမထင်သေးဘူး။ ကိုကျော်က ရန်ကုန်မှာ သိပ်မနေရဘူးလေ။တာဝန်နဲ့ခရီးဝေးသွားရတာ
များတယ်။ ကိုကျော်မရှိခိုက် မိဘတွေရဲ့ အသက်ကြီးမှု၊ယုံကြည်မှုတွေကို ကန်ထရိုက်ကသေချာ
လေ့လာပြီး ကျကျနန စီမံကိန်း (plan)ဆွဲသွားတာလား?။(ကန်ထရိုက်ကလဲယုံကြည့်စရာကောင်း
လောက်အောင်နာမည်ရတဲ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ပါဘဲ၊ တက်လမ်း ဆိုလား)
အပိုင်ပဲဆိုပြီးသူဆောက်လို့ ရှုံးခဲ့သမျှ ကုန်ကျငွေတွေကိုသက်ကြီးရွယ်အိုတွေဆီကပြန်ကဲ့ယူချင်
နေတယ်လေ။ စဉ်းတောင်မစဉ်းစားတတ်တော့ဘူး။ ကန်ထရိုက်တာကဘုရားလူကြီးလေ။ ဘုရားဒကာကျောင်းတကာ၊ ပြောတော့ဘုရားဘုရား...လက်ကကားယားကားယားဆိုတာဒါဘဲထင်
ပါတယ်။ သူများကိုမကောင်းကြံစည်သူတွေ မတရားလုပ်သူတွေကနောင်ဘ၀မှမဟုတ်ပါဘူး၊ ဒီဘ၀မှာတင်ကိုခံရမယ်ဆိုတာလူတိုင်းသိပြီးသားပါ။ မကောင်းတာလုပ်သူတွေကိုသူလုပ်ခဲ့တ
ဲ့မကောင်းမှု့တွေသူ့ဆီတစ်ပတ်ပြန်လှည့်လာလို့နောင်တရတဲ့အချိန်မှာ နှောင်းနောင်တဖြစ်နေ
လေတော့မယ်။ သားသမီးစဉ်ဆက်လဲ ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုကြောင့်ရလာမယ့်အရှက်ကွဲ
အကျိုးနဲတာ တွေစဉ်ဆက်ခံစားရအုံးမှာ။ ဘာဘဲဖြစ်ဖြစ်လောကကြီးမှာစီးပွားရေးသမားဆိုတာ လောဘသမားကြီးဘဲဆိုတာမှန်ပေမယ့် ကိုထမင်းစားနေတာသူတစ်ပါးမျက်ရည်ကြီးငယ်ကျမှ ရလာတဲ့ပိုက်ဆံနဲ့စားနေပါလားဆိုတာနားလည်တတ်ရင်ကောင်းပါတယ်။