Skip to main content

ကျွန်မဧ။်ချစ်သူထိုသူသည်

သူ့အသံကိုစကြားရုံနဲ့တင် သူမရင်ခုန်မိသည်။ အချစ်ဆိုတာကိုတာရှည်မခံတဲ့စိတ်ခံစား
ရူးသွပ်မှုတစ်ခုအဖြစ်နှင့်သာသဘောထားခဲ့သောအရာတစ်ခု ကျွန်မရင်သို့တိုက်ရိုက်ထိမှန်
လာတဲ့အခါ...
စာမကျက်ဘဲစာမေးပွဲခန်းတွင်းသို့ဝင်ထိုင်မိသောအဖြစ်နှင့်ခပ်ဆင်ဆင်၊ ဘာမှမပြင်ဆင်
ထားမှန်းသိရက်၊ ၀င်ထိုင်ဖြေဆိုရမယ်မှန်းသိလျှက်၊ မေးခွန်းစာရွက်ရလျှင်ကြောင်တောင်
တောင်ဖြစ်နေမယ်မှန်းသိရက်.အားလုံးကိုသိရက်နှင့်ကြိုတင်မပြင်ဆင်ထားတဲ့ခံစားချက်မျိုး။
အချစ်သည်ထိုကဲ့သို့ဖြစ်သည်ဟုဆိုရမည်လား။
အပြောဆိုနည်းပေမယ့်၊ ပြောမိပြန်ရင်လဲဘုဆတ်ဆတ်မာကြောကြောပြောတတ်သော ကျွန်မကိုနူးညံ့တတ်အောင်သင်ပေးသူသည်လဲကျွန်မချစ်သူပင်..
တစ်ဦးတစ်ယောက်ကမေးလျှင်ကြားရက်နှင့်မကြားချင်ယောင်ဆောင်နေတတ်သော
ကျွန်မရဲ့မကောင်းတဲ့အကျင့်ကိုလဲပျောက်လုနီးပါးဖြစ်အောင်စိတ်ရှည်လက်ရှည်ရှင်းပြ
ပေးသည်မှာလဲကျွန်မချစ်သူပင်။
စနေသမီးကျွန်မသည်ခေါင်းမာပါသည်။ ခံမပြောနားမထောင်၊ ကျွန်မစိတ်ဆိုးလျှင်ဒေါ
သထွက်လျှင်သူများကိုဘာမှမလုပ်ပါ၊ ဆိတ်ဆိတ်နေပြီး ကိုယ့်ကိုကိုယ်သာဒဏ်ခတ်
တတ်သောအကျင့်ဆိုးကြောင့်စကားကတောက်ကစကျွန်မကစပြသနာရှာလည်းကျွန်
မထက်ဦးစွာအရင်တောင်းပန်ပြီး ကျွန်မစိတ်သောကတွေကိုနေ့တောင်မကူးစေတတ်
တာလဲကျွန်မချစ်သူပါဘဲ။
တစ်ခါတစ်လေကိုယ့်ကိုယ်ကိုယ်ရှက်မိသည်။ ကျွန်မချစ်သူသည်အင်မတန်လူကြီးဆန်
ပြီးအရာရာကိုစဉ်းစားချင့်ချိန်လုပ်တတ်လွန်းတဲ့အတွက်မသိမသာကျွန်မမှီခိုသထက်
မှီခိုလာတာ.. နောက်ဆုံးဘာအိကျီဝတ်ရမလဲ၊ ဒီသူငယ်ချင်းမင်္ဂလာဆောင်သွားရမ
လား.... ဆိုတဲ့အရာလေးတွေအထိကျွန်မတစ်ကူးတစ်ကသူ့ဆုံးဖြတ်ချက်ကိုစောင့်ယူ
တတ်တဲ့အကျင့်တွေရလာပါတယ်။ မိဘမောင်နှမတွေကိုမှီခိုလွန်းတဲ့ကျွန်မ မိသားစု
နဲ့လဲဝေးရောချစ်သူအပေါ်မှီခိုတာတွေပိုပိုများလာပါတယ်။ သူ့မှာလဲကျွန်မမှာဘာ
အ၀တ်တွေရှိလို့၊ ဘယ်သူငယ်ချင်းတွေရှိတယ်။ ဘာတွေလုပ်နေတယ် ကျွန်မပြောပြ
ထားသမျှလောက်သာသိပေမယ့်စိတ်ချမ်းသာအောင်..အရာအားလုံးသူသိနေသလို
ကျွန်မကိုအမြဲပြောပြခဲ့တာလဲကျွန်မချစ်သူပါဘဲ။
သူကချောသလား... မချောဘူး.. ဒါပေမယ့်ကျွန်မမျက်လုံးထဲမှာရောစိတ်ထဲမှာပါ
သူကချစ်စရာကောင်းတယ်။ သူ့အသက်ရွယ်နဲ့မလိုက်အောင်လူကြီးပုံလုပ်နေတာကို
ကကျွန်မအတွက်ဟာသ.. ရီချင်စရာ...
တစ်ကယ်တော့အချစ်ဆိုတာစိတ်ထဲမှာစွဲဝင်ပြီးသွားရင်သေသည့်တိုင်အောင်တောင်
မေ့နိုင်တော့မှာမဟုတ်ပါဘူး။
ကျွန်မမှာ လက်ကလေးဓားလျှတာကအစ..ဆီပူပေါက်ရင်တောင်..တစ်ကူးတစ်ကသူ့
ိကိုပြောပြရတာ.. သူ့မှာစိတ်မကောင်းလေးဖြစ်ပြီးဂရုစိုက်တဲ့စကားတွေကအပေါ်ယံ
မဟုတ်ဘူးဆိုတာ..နောက်လပေါင်းများစွာကြာရင်တောင်.. ဟိုတစ်ခါတုန်းကလဲဆီ
ပေါက်ခဲ့တာ..ဂရုစိုက်မှပေါ့..ဆိုတဲ့စကားတွေ...ကျွန်မချစ်သူအကြောင်းပြောပြရရင်
ကုန်မှာမဟုတ်ပါဘူး။
သူငယ်ချင်းတွေကပြောတယ်၊ ယောကျာ်းလေးတွေချစ်တယ်ဆိုတဲ့စကားနောက်မှာ
ဘာတွေရှိလဲဆိုတာစဉ်းစားပါတဲ့.. ဟုတ်ကောင်းဟုတ်ပေလိမ့်မယ်။ ဒါပေမယ့်ကျွန်မရဲ့ချစ်သူကိုတော့အဲဒီစာရင်းထဲမှာမထည့်နိုင်ပါဘူး.
ကျွန်မချစ်သူကျွန်မလက်ကိုလက်စွပ်ပေးတုန်းကလက်တစ်ခါကိုင်ဘူးတာကလွဲလို့ ကျွန်မတို့ချစ်သက်တမ်းများစွာကြာမြင့်သည့်တိုင်နောက်ပိုင်းအနေဝေးသွားသည့်တိုင်
ကျွန်မမှလွဲလို့မည်သည့်မိန်းကလေးကိုမျှစိတ်မကစားခဲ့တာ၊ ကျွန်မကိုယ်တိုင်အသိဆုံးပါ။ ဒီလောက်အလိုက်သိတတ်ပြီးကျွန်မပေါ်ကိုအနွံတာခံ၊ဘာတစ်ခုကိုမှမတောင့်တ အမြဲချစ်နေဂရုစိုက်နေတဲ့သူကို... ကျွန်မသိရက်နဲ့...
ဆုံးဖြတ်ချက်တစ်ခုကိုမိုက်မိုက်မဲမဲချပြီးသူနဲ့ဝေးရာကိုထွက်ပြေးဖို့စဉ်းစားမိတဲ့အခါ.......
ယောကျာ်းတွေအများစုသည် တစ်ကိုယ်ကောင်းဆန်ကြသည်။
သဘောထားသေးသိမ်ကြသည်။
ထင်မြင်ရိုးမှားစွပ်စွဲကြသည်။
မိန်းကလေးတစ်ယောက်မကရည်းစားထားသည်။ (ရသောသူယူမည်)
အပြုသဘောဆောင်တဲ့ (သမီးရည်းစားများမှသာပြောခွင့်ရှိသော) စကားများနှင့်အပျော်ရှာ
တတ်ကြသည်။
ကိုယ်ကသာမပြည့်စုံလျှင်နေမည် ကိုယ်နှင့်လက်ထပ်သောမိန်းမသည်အဖက်ဖက်ပြည့်စုံရမည်။
အချို့သူများသည်မိန်းကလေးများနှင့်အတူအားကိုးရှာကြသည်။ (မိန်းကလေးကိုအားကိုး
တာ)
အားလုံးမဟုတ်သော်လည်းယေဘုယျအားဖြင့်လား၊ ကျွန်မကဘဲကံဆိုးလို့သူတို့တွေကိုများ
တွေ့သလားမဆိုတတ်ပါ။
ကျွန်မချစ်သူနှင့် ဆီနဲ့ရေအလားကွာခြားသောယောကျာ်းများကိုကျွန်မကြောက်သည်။
သူတို့နှင့်ဝေးဝေးနေပါသည်။
ကျွန်မလေးစားလောက်တဲ့ချစ်သူအပေါ်ကို ဖြူဖြူစင်စင်မြတ်မြတ်နိုးနိုးသစ္စာရှိနေသောယော
ကျာ်းမျိုးကိုလဲတွေ့ခဲ့ရသလို.. လောကကြီးမှာသက်ရှိထင်ရှားမရှိတော့တဲ့ချစ်သူအပေါ်ကို
နှစ်ပေါင်းကြာသည်အထိမြတ်နိုးစွဲလန်းနေသောယောကျာ်းများကိုလဲထူးဆန်းအံ့သြစွာတွေ့
ခဲ့ရပါတယ်။ အရင်ကလောကကြီးမှသူများကိုမျက်စိတ်မှိတ်နေသောကျွန်မအတွက်အရာရာ
အဆန်းတစ်ကြယ်ဖြစ်နေပါတော့တယ်။
ကျွန်မသေဆုံးသည်အထိ ချစ်ခင်စွဲလမ်းနေမည့်သူမှာကျွန်မချစ်သူသာဖြစ်ပါသည်။

Comments

  1. ရေးလဲရေးခြင်။ဘယ်လိုရေးရမလဲမသိ။birtdhay ရောက်ဖို့လဲနာရီပိုင်းလိုတော့်တာ။သူcomment ရေခိုင်းတဲ့နေရာမှာလဲရေးလို့ ကမဆိုင်။
    birthday cake မပေးရတာတော့ ၂ နှစ်ရှိသွားပီ။
    ဒီနှစ်ပေးချင်တာနဲ့ ဓါတ်ပုံ cake ဘဲ ပေးလိုက်ပါတယ်။
    up load method ကိုလဲမသင်ပေးတော့်-HAPPY BIRTHDAY CAKE TOENAYAH ကို e mail နဲဘဲပို့ လိုက်ပါတယ်-WISH YOU SUCCESS & GOOD HEALTH IN YOUR LIFE...

    ReplyDelete
  2. ကျေးဇူးပါ။

    ReplyDelete
  3. ကူကူးရေ ဖတ်ရတာစိတ်မကောင်းဘူး ဥဥ လည်းအလုပ်များနေ
    ကူကူးနဲ့ မတွေ့တာလည်းကြာ(ဂျီတော့မှာ) ကူကူးစိတ်ညစ်နေလား
    စိတ်မကောင်းပါဘူး ကူကူးရယ်
    ခင်တဲ့
    ဥဥ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ