ကျွန်မအဖွား၊မာမီ့ဘက်ကအမျိုးတွေကဧရာဝတီတိုင်းမှာတစ်ရွာလုံးနီးပါးဘဲ။
မှတ်မှတ်ရရရွာသွားလည်တိုင်း ရွာစွန်ကချောင်းမှာရေသွားကူး
တာ၊ပုဇွန်လိုက်သဲ့တာ၊တောထဲ
ဝင်ပြီးရေငန်းသီးတွေလိုက်ခူး၊ နာနတ်သီးတွေတောထဲမှာဘဲခူး
ပြီးလှီးစား၊ မီးသွေးဖုတ်တဲ့တွင်း
နားမှာသွားစပ်စု၊ ပြီးရင်အဖွား
အိမ်ပြန်လာပြီးအိမ်ရှေ့ကခရေ
ပင်ကြီးအောက်မှာခရေပန်းကြွေ လတ်လတ်ဆတ်ဆတ်လေးတွေ
ကောက်၊ မောမောနဲ့ဦးလေးတွေ
ခုတ်ပေးတဲ့အုန်းရည်ကိုသောက်၊
ပိန်းနှဲသီးတွေစား၊ညရောက်ရင်
အဖွား ကွမ်းအစ်ထဲကကွမ်းရွက်ကို
ကိုယ့်ဘာသာကိုယ်လိုက်ယာပြီးဟိုဝါးဒီဝါး.. အခုထိအမှတ်ရမြင်ယောင်နေတုန်းဘဲ။တစ်ခါ၊လှေကိုနာရီဝက်လောက်စီးပြီးတစ်ခြားရွာတစ်ခုကို
သွားလည်ကြတုန်းက ဘုန်းကြီးကျောင်းဝင်းထဲမှာဝင်နားတော့အပင်တစ်ပင်ပေါ်မှာအန်တီလေးက ဌက်တစ်ကောင်ကိုသွားဖမ်းမိတယ်။ နောက်မှသိတာ ဇီးကွက်လေးဖြစ်နေတယ်။ အဲဒီဇီးကွက်လေးကိုရန်ကုန်ထိပြန်ခေါ်လာပြီးတော့ကရင်လို ထူပုဝူ လို့နာမည်ပေးပြီးခေါ်တယ်။
သူကအသားစ တွေဘဲစားတယ်။ပြီးတော့စပါး၊ အကြိုက်ဆုံးကတော့ ပိုးဟပ်။ကျွန်မတို့မောင်နှမ (၃)ယောက်သူအတွက်ပိုးဟပ်တွေလိုက်ရှာရတာမီးညှပ်တွေနဲ့ကိုင်လိုက်ဖမ်းပြီးတောင်းမှာထည့်
ထားရတယ်။ အဲဒါသူ့အတွက် dessert အစာစားပြီးတိုင်းတစ်ကောင်ထုတ်ကျွေးရင်သူကကိုယ်
လေးယိမ်းပြီးပျော်လို့။ သူ့နာမည် ထူပုဝူ လို့ခေါ်လိုက်တာနဲ့အနားကိုတောက်တောက်လျှောက်
လာတယ်။ သူနေတာမှန်တင်ခုံအောက်ကတန်းမှာ၊ မှန်ရှေ့မှာကိုးယားကားယားဝတ်ပြီးသွားရပ်
လို့ကတော့သူအော်တာဘဲ၊ ကြည့်မရဘူးထင်ပါရဲ့။ အရမ်းကိုချစ်စရာကောင်းတဲ့ဇီးကွက်လေး
ထူပုဝူ ပါ။နောက်ပိုင်းကျွန်မကျောင်းတက်ဖို့အဝေးထွက်သွားတော့ ပျောက်သွားတာလား၊
အိမ်ကကြောင် ညောင်ကွိ က ကိုက်လိုက်တာလားမမှတ်မိတော့ဘူး။
မနေ့က ဇီးကွက်တစ်ကောင်ဖမ်းမိတဲ့အကြောင်းပြောပြတာကြားရတယ်။ သူဖမ်းမိတဲ့ဇီးကွက်
ကိုထမင်းကျွေးတယ်၊ မစားဘူးတဲ့။ ပြီးတော့ စားဖူးသည်ရှိအောင်ဆိုပြီးကိတ်မုန့်လဲကျွေးတယ်
တဲ့။ တော်တော့ကို..ဇီးကွက်ဗဟုသုတမရှိတဲ့သူ..အဲဒါကို နှစ်ရက်လောက်လှောင်ထားသေး
တယ်။ ကြည့်လို့ကောင်းလို့ဆိုပြီး...
အမှန်ဇီးကွက် ကချစ်ဖို့ကောင်းပါတယ်။ မျက်လုံးဝိုင်းဝိုင်း.. ခေါင်းကအမွှေးနှစ်ချောင်းထောင်
ထောင်လေးနဲ့။ ကျွန်မကတော့ဇီးကွက်ဆိုအရမ်းချစ်တယ်။ ဇီးကွက်နဲ့ယုန်ကတော့အချစ်ဆုံး
အကောင်လေးတွေဘဲ။ ဇီးကွက်ပြီးရင် ဒီးဒုတ်ဆိုတာရှိသေးတယ်။ သိပ်အများကြီးတော့မသိ
ဘူး။ ဒါပေမယ့် ကျွန်မရဲ့ဇီးကွက်လေး မနေ့ကကြားရတဲ့ဇီးကွက်တစ်ကောင်းမိတဲ့အကြောင်း
က ထူပုဝူ ကိုသတိရဖို့တိုက်ဆိုင်လို့ဒါလေးရေးဖြစ်သွားတာ။
(ဒီနေ့မှသတင်းရတယ် မာမီကပြောပြတာဇီးကွက်လေးထူပုဝူ ကိုအိမ်မှာလာတည်းတဲ့ဧည့်
သည်ကငါးခြောက်သွားကြွေးလို့သေသွားတာတဲ့း(