Skip to main content

ပဲဖြူသင်္ဘောသီးစိမ်းဟင်းရည်

Kidney beans လိုမျိုးအဖြူလေးတွေလဲရှိသေးတယ်။ အဲဒီပဲဖြူလေးတွေ အရသာစိမ့်နေအောင်ကောင်း လှပါတယ်။ ပဲညိုလေးတွေက ပြုပ်ပီးစားကြည့်ရင်အရသာနဲနဲလေးခါးသက်သက်ရှိပေမယ့် ပဲဖြူ တွေကတော့ ခါးသက်တဲ့အရသာမရှိပါဘူး။ ပဲကတီပါအလွမ်းပြေစားမယ်ဆိုရင်တော့ kidney beans လေးတွေ ပြုပ်သုပ် စားလို့ရပါတယ်။  ပဲဖြူလေးတွေကတော့ ပဲထောပတ်နဲ့အရသာခပ်ဆင်ဆင်ပါ။
ပြုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်တော့ အသင့်စားလို့ရတဲ့ ဗူးထဲမှာထည့်ပီး ရောင်းတာ supemarket တွေမှာဝယ်လို့ရပါတယ်။ ကျွန်မကတော့ တစ်ညလောက်ရေစိမ်ထားပီး ကိုယ်တိုင်ပြုပ်ပါတယ်။ အကုန်တော့ မစားနိုင်ဘူးလေ။ ရေခဲသေတ္တာထဲထည့်ထား၊ ချက်စားချင်တဲ့အချိန်ဆို ပြုပ်ထားပီးသားကိုထုတ်ချက်လိုက်ရင် ဟင်းတစ်ခွက်ရတာပေါ့။ ပဲဖြူလေးတွေကိုအမျိုးမျိုးချက်စားဖြစ်ပေမယ့် ဒီနေ့ညနေတော့ ပဲဖြူနဲ့သင်္ဘောသီးစိမ်း ဟင်းရည်လေးတစ်ခွက်ချက်နည်းပြောပြပါ့မယ်။
လိုအပ်တဲ့အရာတွေကတော့
ပဲဖြူပြုပ် (ထမင်းစားဇွန်း ၄ ဇွန်းခန့်)
သင်္ဘောသီးစိမ်း ( အနေတော်တစ်လုံးကို ခြစ်ထားပီး)
ကြက်သွန်နီ တောက်တောက်စင်း
ပဲငံပြာရည်အနည်းငယ်
ခရမ်းချဉ် သီး (အခွံနွှာ ကန့်လန့်လှီးထားပါ)
ငရုတ်ကောင်းမှုန့် (အနည်းငယ်)
ဆား (အနည်းငယ်)
ကြက်သား cube (အတုံးလေးရဲ့ လေးပုံတစ်ပုံ)


ပထမဦးစွာပြုပ်ထားတာကို ဟင်းရည်ချက်မယ့်အိုးထဲကိုထည့်ပီး ဇွန်းလေးနဲ့အနေတော်ဖိချေပေးပါ။
ခရမ်းချဉ်သီးလေးတွေအခွံနွှာပါးပါးလှီးထားတာကို ပါအိုးထဲထည့်ပါ။ မီးပြင်းပြင်းနဲ့ အနှစ်တွေထွက်လာတဲ့ အထိခဏတည်ပေးပါ။
အိုးကပ်လောက်တဲ့အချိန်မှာမွှေပီး ရေနွေးပွက်ပွက်ဆူနေတာကိုထည့်ပါ။
ကြက်သွန်နီတောက်တောက်စင်းထားတာကိုထည့်ပါ။
ကြက်သား cube အတုံးလေးနဲနဲကို ဖဲ့ထည့်ပါ။
ပီးရင် အားလုံးပွက်ပွက်ဆူလာတဲ့အထိခဏစောင့်ပါ။ ဆူလာရင်တော့
သဘောသီးစိမ်းလေးတွေခြစ်ထားတာကိုထည့်ပါ၊ ပဲငံပြာရည်နဲနဲခပ်ပါ။ ငရုတ်ကောင်းမှုန့်နဲနဲဖြူးပီး
မီးအေးအေးလေးနဲ့ ကျက်အောင်တည်ပါ...
ပီးရင်တော့ အပေါ့ငံမြည်းပီး... သုံးဆောင်လို့ရပါပီ။

ဒီမှာတော့ သင်္ဘောသီးစိမ်းကို ပန်းပွင့်လိုပုံစံလေးတွေလှီးပီး အစိမ်းကြော်ထဲထည့်ကြော်တတ်ကြသလို၊ ဟင်းတွေထဲမှာလဲထည့်ချက်ကြပါတယ်။ ကျွန်မတော့အရင်တုန်းကများ သင်္ဘောသီးစိမ်း သုပ်စား၊ ထောင်းစားလောက်သာစိတ်ဝင်စားတာခဲ့တာပါ။
ဒီနေ့ချက်တဲ့ ပဲဖြူလေးတွေနဲ့သင်္ဘောသီးစိမ်း ဟင်းရည်လေး ကတော့ ပျစ်ပျစ်လေးနဲ့ ညနေစာ အတွက် သင့်တော်တဲ့ ဟင်းရည်လေးဖြစ်ပါတယ်။ အရသာလဲ လေးလေးပင်ပင်နဲ့ စိမ့်ပီးချိုနေပါတယ်။ ခရမ်းချဉ်သီးရဲ့အချဉ်ဓာတ်လေးနဲနဲလဲ ကဲပါနေပါသေးတယ်။ ကဲ.. စိတ်ဝင်စားရင် လုပ်ကြည့်လို့ရပါပီ။း) ဗူးသီး၊ ဂေါ်ရခါးသီး ချိုတယ်ဆိုတာလောက်တော့ သင်္ဘောသီးအစိမ်း က ပျင်းသေးတယ်တဲ့..  :p

Comments

  1. မကူးရေ ပဲဖြူသဘောင်္သီးစိမ်းဟင်းရည်မသောက်ဘူးပါ ဒါပထမဆုံးကြားဘူးတာ သောက်ချင်တယ် :)

    ReplyDelete
  2. ကြားဖူးဘူး ... ကောင်းလားဟင်... :P

    ReplyDelete
  3. ချစ်အုန်းဖေOctober 12, 2009 at 1:27 PM

    Some foods can't or shouldn't combine together. Be careful.

    ReplyDelete
  4. ဒါလေးလည်း လန်းတာဘဲ မကူးချက်တာက
    အနောမစားဘူးတာတွေချည်းဘဲဗျာ :)

    ReplyDelete
  5. ကူးကူးစ်
    စားဖူးဘူးရယ်လေ
    လုပ်ကျွေးနော်

    ReplyDelete
  6. ကူးရေ...
    ဒီမှာ သင်္ဘောသီးမရှိဘူး သိလား...
    ကူးချက်ထားတာလေးဘဲ စားသွားပြီ...
    ကျေးဇူးနော်...

    ReplyDelete
  7. ဟယ်....အဆန်းတော့်... ကြားတောင်မကြားဖူးဘူး... ကူးကူးကတော်လိုက်တာ

    ReplyDelete
  8. ဗူးသီး၊ ဂေါ်ရခါးသီး ချိုတယ်ဆိုတာလောက်တော့ သင်္ဘောသီးအစိမ်း က ပျင်းသေးတယ်တဲ့.. :p
    Very cute writing.

    ReplyDelete
  9. အရမ်းထူးဆန်းတဲ့ ဟင်းလေးပဲ..
    ခုပဲ မြူးရှရီရဲ့အိမ်ကို သွားလည်တာ။
    ဟင်းချက်ကတော့ စပယ်ရှယ်တော်ကြပါလားဟင်...

    သက်ဆိုင်သူများကတော့ ကံကောင်းကြဦးမယ်နော်။

    ReplyDelete

Post a Comment

ကူးကူးရေ...