Skip to main content

၂၇-၁၀-၂၀၀၉

ဒီနေ့ ..
ကျွန်မ အသက် တစ်နှစ်ပိုကြီးလာတယ်...
ခံစားချက်တွေဘယ်သူမှနားမလည်နိုင်ခဲ့သလို
သူများအပေါ်ထားခဲ့တဲ့ မေတ္တာ စေတနာတွေလဲ သဲထဲရေသွန်ပါဘဲ..
ကျွန်မ အားနည်းချက်တွေ ခုတုံးလုပ်ခံခဲ့ရသလို
အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့အရာတွေလဲ အမှန်ခြစ်ရာမထင်ခဲ့ပါဘူး။
ဒီနေ့လိုမျိုးကိုဖြတ်ကျော်ဖို့ ခက်ခက်ခဲခဲမွေးခဲ့ရတဲ့ မိဘ ကအလေးထားစောင့်နေကြသလို
ပိုးမွေးသလို ဂရုတစ်စိုက်ကြည့်နေကြတဲ့ မောင်လေးနဲ့ညီမလေးက မျှော်နေတယ်။
အချို့က မသိသလို မာယာခင်းနေကြတယ်။


တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာဖို့ မြော်လင့်ဆုတောင်းခဲ့ပေမယ့် ပိုပိုဆိုးလာတာဘာကြောင့်လဲလို့ မမေးတော့ပါဘူး။  အထူးသဖြင့် ဒီနှစ်အတွင်းမှာ စိတ်ရော လူပါ အရမ်းပင်ပန်းခဲ့ရတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် မျက်နှာလွဲခဲပစ်လို လွှဲပစ်လိုက်ချင်တာပါဘဲ။ အသက်တစ်နှစ်ပိုကြီးလာတယ်။ သောက်နေ ကျဆေးတွေထက်ပိုများလာတယ်၊ ဒါအပြင် ဆေး အာနိသင်ပိုပြင်းလာတယ်။ မျက်နှာ ပေါ်က ဆေးဒဏ် တွေ ကို ဟိုဖုန်းဒီကွယ်လုပ်ရတော့ အပြင်ထွက်ခါနီးအချိန်ပိုကုန်လာတယ်။
အထူးသဖြင့် ဒီလစကတည်းက အိမ်က အရမ်းစိုးရိမ်နေတာ ကျွန်မမွေးတဲ့လရောက် ခါနီးတိုင်း အမြဲ အသဲအသန်ဖြစ်နေကျရှိလို့လဲပါမယ်။ ဒီလစကတည်းက တော်တော်လေးကို ချူချာနေပေမယ့် မွေးနေ့ ဆိုတဲ့အသိလေးက စိတ်ကိုတွန်းအားပေးနေလို့ စိတ်ကူးနေခဲ့ရတာတော့ အမှန်ပါ...
စနေညက နောက်နေ့ဈေးသွားမယ်စာရင်းလုပ်ရင်း ရေချိုးခန်းကအထွက် ခြေချော်ပီးလဲတော့ နောက်နေ့မထနိုင်အောင် ခြေထောက်တွေနာနေပြန်ရော... စိတ်ဇောကပ်တော့ နာနာနဲ့ လမ်းဖိလျှောက် ၀ယ်စရာလေးတွေဝယ်.. ကိုယ်မှထမလုပ်လဲ ဘယ်သူမှလာလုပ်ပေးမယ့်သူမရှိ။ မွေးနေ့မတိုင်ခင်တစ်ရက်တောင်မှ ကိစ္စတစ်ခုဖြစ်ပီး အရမ်းစိတ်ထိခိုက် နေပေမယ့် ညနက်သန်းခေါင်းထိ မွေးနေ့မှာ ရုံးကလူတွေကိုကျွေးချင်လို့ ချက်ပြုပ်နေသေးတယ်...
ဒီနှစ်မွေးနေ့မှာ တော့ အသစ်ပြောင်းလာတဲ့မျက်နှာသစ်လူတွေရယ်... သူငယ်ချင်းလိုခင်မင်ရတဲ့သူတွေ ခရီးသွားနေကြတာရယ်နဲ့ Facebook နဲ့ ပဒုန်မာ wish တွေနဲ့ဘဲ ပီးသွားပါတယ်။
သူငယ်ချင်း မြူးစ်က သူ့ဘလော့မှာ ကျွန်မအတွက်မွေးနေ့ပွဲမုန့်တွေကျွေးထားတယ်...ကျေးဇူးပါနော်မြူး...
ညီမလေးက လက်ဆောင်ပို့လိုက်မယ်ပြောပေမယ့် မရောက်လာခဲ့သလို မောင်လေးပို့လိုက်တဲ့ လက်ဆောင် လဲမရောက်လာသေးပါဘူး။ တစ်နေကုန် အမှတ်တရလေးတစ်ခုခုလောက်ရရင်ကောင်းမှာဘဲဆိုပီး ထိုင် စောင့်နေပေမယ့်...ဘာမှမရောက်လာခဲ့ဘူး..ဘာကြောင့်မှန်းမသိဘူး..၀မ်းနည်းတယ်..
သူငယ်ချင်းတွေနဲ့ဝေး၊ မိသားစုနဲ့ ဝေး မွေးနေ့တိုင်း တစ်နှစ်တစ်မျိုး ကိုယ့်ကို မသိတဲ့သူတွေကြားမှ နေပီး တစ်ယောက်တည်းဖြစ်နေရတဲ့ဘ၀ကိုလဲ တစ်ဖြည်းဖြည်းနဲ့ အီလာပီ..  အွန်လိုင်းသူငယ်ချင်းတွေများ မရှိရင် ဘယ်လိုများနေမလဲမသိဘူး။
ညနေတော့ တစ်ယောက်တည်းဧည့်ခန်းမှာ ထိုင်ပီး ငိုနေလိုက်တယ်..ဘာကြောင့်မှန်းတော့ သေချာမသိဘူး။ သူငယ်ချင်းတစ်ယောက်အဝေးကလှမ်းဖုန်းဆက်တယ်... နင့်မွေးနေ့အမှီလာချင်တာ ခွင့်မရဘူးတဲ့... ဒီတစ်ခေါက် ဘာအကောင်လေးတွေရလဲဆိုတော့ ကျွန်မလဲ ဟန်မဆောင်နိုင်ဘဲ ငါ့ကို ချိုချဉ်လေးတစ်လုံးတောင် အမှတ်တရလာပေးမယ့်သူမရှိဘူးဟာ ဆိုပီး ငိုမိပါရော...
ညီမလေးကပြောတယ်.. နောက်နေ့ရောက်လာမှာပေါ့.. နောက်နေ့က နောက်နေ့ဘဲ.. ကျွန်မမွေးတဲ့နေ့ လဲ မဟုတ်ဘူး၊ အသက် တစ်နှစ်ပြည့်ကြီးသွားတဲ့နေ့လဲမဟုတ်ဘူး...


သူငယ်ချင်းတွေအဝေးက ၀ိုင်းစုတောင်းပေးကြတာ ကျေးဇူးတင်ပါတယ်..
cbox မှာရော၊ forum မှာရော.. facebook မှာရော.. ဘလော့ပေါ်မှာရော...
ကျွန်မရင့်ကျက်ချင်ပါတယ်... ဒါပေမယ့် ပိုပို ဆိုးလာသလိုပါဘဲ..း(

Comments

  1. နာကွ မကူးမွေးနေ့ မှာ Happy Birthday တစ်ကွ :)

    ReplyDelete
  2. ဟဲဟဲ တစ်အရင်လုထားတာ မွေးနေ့ မှာ စိတ်ချမ်းသာ
    ကိုယ်ကျန်းမာနဲ့  လိုရာဆန္ဒ တစ်လုံးတစ်ဝတည်းပြည့်ဝ
    လို့  သက်တော်ရာကျော်ရှည်ပါစေဗျာ . . . :)

    ReplyDelete
  3. မကူးရာ ဖတ်ရတာစိတ်မကောင်းလိုက်တာဗျာ ကျွန်တော်
    လည်းမသိလို့ ပါဗျာ . . . ကြိုသိရင်တော့ ကဗျာလက်ဆောင်လေး လာပေးပါတယ်ဗျာ . . . ၀မ်းနည်း
    မနေပါနဲ့ မကူးရာ မကူးကခင်ဖို့ ကောင်းပါတယ် မကူးကိုခင်တဲ့ လူတွေလည်း အများကြီးပါဘဲဗျာ အားငယ်မနေပါနဲ့ ဗျာ . . . မွေးနေ့ မှာပျော်ပျော်နေရတယ်
    မမြူးအိမ်မှာ မုန့် တွေသွားစားလိုက် မကူးအတွက်လုပ်ပေးထားတာ . . . :)

    ReplyDelete
  4. သြော် ကိုယ်ရွေးခဲ့တဲ့လမ်းပဲလေ မကူးရယ်...
    ဒါတွေကြိုသိနေခဲ့တာပဲ... ခုထိ အရေမထူနိုင်သေးတာကိုးက ... ကိုယ့်နှလုံးသား လူသားဆန်လွန်းနေတယ်... ခုကစလို့ စက်ရုပ်ဆန်ကြစို့...

    ReplyDelete
  5. ကူးကူးးးးးးးးးစ်လေးးးးးးးးးးးးးးးးးးး
    ဘာတွေဖြစ်နေတာလဲဟင်???
    ရုံလေး မသိပေမဲ့ ထပ်တူနည်းပါ ၀မ်းနည်းသွားတယ်
    စာဖတ်ပြီ မျက်ရည် ၀ဲလာမိတယ်
    ကူးကူးစ် ကို ရုံလေး အရမ်းခင်တယ်သိလား
    ရုံလေး မှာကလေ ကူးးးးးကူးစ် လိပ်စာရှိဖူးလေ
    ဒါကြောင့် လက်ဆောင် မပို့ ပေးတာ သိလား
    မွေး နေ့ မှာ မျက်ရည် မကျရဖူးပြေားကြတယ်
    ငိုနဲ့ တော့နော် ပျော်ပျော်နေသိလား
    စာတွေ ဖတ်ပြီ စိတ်မကောင်း လိုက်တာ
    အရမ်းဝမ်းနည်းနေတာလားဟင်/?
    ဘာပြေားပေးရမလဲ မသိတော့ဖူးးးး
    ကူးးးးးကူးးးးစ် ရင်ထဲ ကအပူတွေ ငြိမ်းပါစေလို့ 
    ရုံလေးဆုတောင်းပေးနေမယ်နော်


    ချစ်တဲ့
    မြူးးးးးးးးးးးစ်

    ReplyDelete
  6. ကူးကူးရေ...
    ကူးကူးအပါအဝင် တို့ တွေအားလုံးက
    လုပ်သင့်တဲ့ အလုပ် နေသင့်တဲ့ ဘဝမှာ
    နေကြရတာလေ...
    အားမငယ်နဲ့ နော်...
    သူငယ်ချင်းတွေအများကြီးရှိတယ် သိလား...

    ခင်တဲ့
    မိုးမိုး

    ReplyDelete
  7. ညီမလေးကူးကူးရေ..

    မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
    စိတ်မကောင်းစရာတွေမတွေးနဲ့နော်.. ဘုရားကန်တော့ပြီး ကျေးဇူးရှင်မိခင်ကိုမေတ္တာပို့ဆုတောင်းပေးပါ။ စိတ်တွေ
    ပျော်ရွှင်ချမ်းမြေ့လာလိမ့်မယ်။
    မငိုနဲ့နော်.. အားလုံးတူတူပဲကို ကူးကူးကလည်း.
    မမနဲ့ ကူးကူးမွေးနေ့တူတယ်. ဒါကြောင့်မို့ ညီမလေးက
    ပိုချောတာနေမှာ.. ဟိ.း)))

    HAPPY BIRTHDAY ပါ ကူးကူးရေ။

    ၀ါ

    ReplyDelete
  8. လိပ်စာပေးပါကူးစ်
    လက်ဆောင်ပို့ ပေးပါ့မယ် ..
    စိတ်မာစမ်းဘာလို့ တော့ပြောခြင်တယ်ဟာ
    ဘာလုပ်ရမလဲမွေးနေ့ ..ဘယ်သူမှဂရုမစိုက်လည်းနေပေါ့
    ကိုယ့်မိဘတွေရှိတာပဲဟာကို
    နာဆိုကိုယ့်မွေးနေ့ တောင်ကိုယ်မေ့နေတယ် ဟိဟိ
    ဒါပေမယ့်သူများဆိုရင်တော့ဂရုစိုက်တတ်တယ်
    Happy Birthday !!
    ပျော်ရွင်ပါစေဟာ ..

    ReplyDelete
  9. နွေးနေခြည်October 27, 2009 at 11:35 PM

    ကူးရယ် စိတ်မကောင်း မဖြစ်ပါနဲ့
    မနေ့က မြူးဆီမှာဖတ်ပြီးကတည်းက ကူးကိုဆုတောင်ပေးလိုက်ပါတယ်။
    မအားလို့ကူးဆီထပ်မလာဖြစ်တော့ တာပါ။

    စိတ်မကောင်းမဖြစ်နဲ့ ဘလော့မောင်နှမတွေရှိတယ်နော်း)
    ပြုံးပြုံးလေးနေ ဒါမှပိုလှမှာ :D

    ReplyDelete
  10. ညီမလေးကူးကူးရေ
    မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ပထမဦးဆုံး ဆုမွန်ချွေပါရစေ။
    မမကို ဂျီတော့ခ်ကနေ ကူးကူးမွေးနေ့လို့ လာပြောပေမယ့် ဘလော့ဂ်က ကျော်ခွလို့မရလို့ မွေးနေ့အလွန်တစ်ရက်ကျမှ လာဆုတောင်းပေးရတာကိုလည်း နားလည်ပေးပါနော်။
    ကိုယ်တစ်ယောက်တည်း မွေးနေ့မှာ အထီးကျန်တယ်လို့ မယူဆရဘူးနော်။ ညီမလေးမှာ ဘလော့ဂ်မောင်နှမတွေ အားကြီးပဲ။ မြူးလေးကလည်း ညီမလေးမွေးနေ့ကို လုပ်ပေးထားတယ်လေ။ ဘ၀မှာ နေရတဲ့ခဏ ပျော်ပျော်နေနော်။
    ညီမလေးက လှလည်းလှ၊ တော်လည်းတော်ပြီးသား၊ အားငယ်တာတွေရှိရင် ဒီမောင်နှမတွေရှိတာပဲ ပြောပစ်လိုက်၊ ရင်ဖွင့်ပစ်လိုက်၊ အပြည့်အ၀ နားလည်ပေးနိုင်တဲ့သူတွေပါ။
    ပခုံးလည်း ငှားနိုင်တယ်၊ စိတ်ထဲကလည်း ရှယ်ယာလုပ်ပြီး စာနာပေးနိုင်တယ်။
    အားမငယ်ကြေး။ ငိုရင် ရုပ်ဆိုးတယ်တဲ့ ကောင်မလေးရဲ့။ ငိုနဲ့တော့နော်။
    မွေးနေ့လက်ဆောင်အဖြစ် မွစ်စ်စ်စ်စ်စ်
    ချစ်တဲ့
    မမလု

    ReplyDelete
  11. ကူးကူးရေ...ပျော်ရွှင်ပါစေ..မိသားစုနဲ့ ခင်မင်ဖွယ် မြန်မာသူငယ်ချင်းတွေနဲ့ အတူနေနိုင်တဲ့ အချိန် မြန်မြန်ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ တို့လည်း ကူးကူးလိုပဲ ဘယ်ကိုပဲကြည့်ကြည့် ဘယ်အချိန်ပဲကြည့်ကြည့် တစ်ယောက်တည်းဆိုတဲ့ ဘ၀ပါ။ ကူးကူးရဲ့ ခံစားချက်ကို ကိုယ်ချင်းစာတယ်။

    ReplyDelete
  12.ံ့Happy Birthday ကူးကူး...ထာဝရ ကျန်းမာ ချမ်းသာပါစေ :)

    ReplyDelete
  13. ညီမ ချော်လဲကျတာတို့ ထိခိုက်မိတာတို့  ဆိုရင် နာတဲ့ နေရာ ကို ရေခဲကပ်ပေးရတယ်။ အသားထုံပြီ ဆိုမှ ရေခဲကပ်တာ ရပ်ရတယ်။ နောက်တနေ့ လုံးဝ မနာတော့ ဘူး။ ချော်လဲတာ စိတ်မကောင်းမဖြစ်နဲ့ နော်။ ကောင်းတဲ့ ဖက်က ပြန်ကြည့်လိုက်။

    မွေးနေ့ မှာ ဆုတောင်းပေးတဲ့ မောင်နှမတွေ အများကြီးဘဲဟာ။ ချစ်သူ ခင်သူပေါတဲ့ ကူးကူးဘဲ အထီးမကျန်ပါဘူးကွယ်။

    ကူးကူးက အချက်ပြုတ်ကောင်းတော့ ဘယ်သူကမှ ဘာမှ လုပ်မပေးရဲဘူးလို့ တွေးလိုက်နော်။ ဆရာမကြီး ထက် အချက်မတော်လို့  မပေးရဲတာဖြစ်မှာ.. ဟုတ်ဖူးလား။

    မွေးနေ့ မှသည် ကျန်းမာရေး အောင်မြင်ရေး ပြည့်စုံတဲ့ စိတ်ချမ်းသာ ပျော်ရွှင်ရတဲ့ ကူးကူးလေး ဖြစ်ပါစေ

    ReplyDelete
  14. မမက မွေးနေ့ ကို နောက်နေ့ မှ ဆုတောင်းပေးတာတို့  လက်ဆောင်နောက်ကျတာတို့ ဆိုရင် စိတ်မကောင်း မဖြစ်နဲ့ ဘာလို့ လည်း ဆိုတော့ တရက်နောက်ကျ ဆုတောင်း လက်ဆောင်ရရင် အသက်တရက်ကြီးတာ နောက်ကျတယ်လို့ ယူဆလိုက်

    ReplyDelete
  15. Happy birthday..
    ဘာမွေးနေ့လက်ဆောင် ဘာအကောင်လေးလိုချင်လဲ။
    facebookမှာPS ဆော့လား။ အဲဒီမှာ
    သမင်လေးတစ်ကောင် ရထားတယ်။
    မွေးနေ့လက်ဆောင်ပေးမယ်လေ။ ယူမလား။
    မငိုနဲ့ တိတ်တိတ်။ တို့တွေရှိတယ်။

    ReplyDelete
  16. အစ်မ နောက်ကျသွားတယ်..
    အချို့ကပြောတယ် မွေးနေ့မှာ မငိုကောင်းဖူးတဲ့.. ဒါပေမယ့် မွေးနေ့တွေမှာ ငိုဖူးကြသူထဲမှာ မလေးလဲ ပါပါတယ်။
    ညီမလေး... မလေးကတော့ လူတွေဖန်တီးတီထွင်တဲ့ ဆေးတွေကို အရမ်းတော့ မယုံဘူး။ လိုတာထက် ပိုသွားမှာစိုးလို့ပါ..နော်။

    အစစဂရုစိုက်ပါ..
    ပျော်ရွှင်သောမွေးနေ့ပေါင်းများစွာသို့...

    ချစ်ခင်လျှက်..

    ReplyDelete

Post a Comment

ကူးကူးရေ...