ကျွန်မအဖေဘက်က အဖိုးက အိန္ဒိယဘက်ကနေ မြန်မာပြည်ဆင်းလာပြီး စစ်လာကူတိုက်တဲ့အထဲမှာ ပါလာပီး အဖွားနဲ့အိမ်ထောင်ကျပါတယ်။ နှစ်ယောက်စလုံး မြန်မာပြည်ထဲဝင်လာတော့ အဖွားအမျိုးတစ်ချို့ နဲ့ မြန်မာပြည်နိုင်ငံသားခံယူလိုက်တယ်။ ချင်းတောင်/ဟားခါးမှာ အခြေကျနေထိုင်ပီးနောက် မအူပင် ပြီးတော့ ပြင်ဦးလွင်မှာ နှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ်။ အဲဒီတော့ ကျွန်မအမေဘက်က အဖိုးဖွားဆွေမျိုးတွေက အောက်ပြည်အောက်ရွာသားတွေမို့ အစားစုံစားခဲ့ ဖူး သလို အဖေဘက်က အမျိုးတွေဆီသွားလည်ရင် တောင်ပေါ်တက်ရပြန်တာမို့ သူတို့စားလေ့ရှိတဲ့အစာ တွေလဲ ကျွန်မခုံမင်နေတတ်ပြန်တယ်။ မှတ်မှတ်ရရ ၁၉၈၈ အရေးခင်းကြောင့်ကျောင်းပိတ်ထားတဲ့အချိန် အဖေက အမျိုးတွေဆီသွားလည်ကြမယ် ဆိုပြီး ချင်းတောင်ကိုခေါ်သွားပါတယ်။ မန္တလေးကနေမုံရွာ.. မုံရွာ - ကလေး.. ကလေး - စီးရင်း စီးရင်းက နေတီးတိန်.. ဖလန်း ဟားခါးထိ သွား လည်ကြတယ်။ ကျွန်မအရမ်းငယ်သေးတယ်.. ညီမလေးက လမ်းလျှောက်တတ်ခါစလေး..၊ ကျွန်မက အဖေနဲ့ တောင်တက်တဲ့ကားအမိုးပေါ်မှာ ထိုင်တယ်။ ငယ်ငယ်ကတည်းက အဖေက ဘယ်သွားသွားခေါ်သွားလို့ ကျွန်မကို ယောကျာ်းလေးလိုဝတ်ပေးလေ့ရှိ တယ်။ အဲဒီတုန်းက ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။