Skip to main content

ပိန္နဲသီးသုပ် အုန်းနို့အနှစ်ဆမ်း

ရွာအလွမ်းပြေပိန္နဲသီးသုပ်စားရအောင်။ 
ကျွန်မအဖွားရွာမှာတော့ သွားလည်တိုင်း အဖွားရဲ့ နောက်ယောက်ျား အဖိုးက ပိန္နဲသီးပြုပ်ကို ကြက်သွန်စိမ်းနဲ့ သုပ်သုပ်ကျွေးတယ်။ ဒီမှာတော့ သူတို့ရိုးရာအစားစာထဲမှာ ပိန္နဲသီးကိုအုန်းနို့နဲ့ဂျင်းနဲ့ချက်တာ ခဏခဏတွေ့ ရတယ်။  ကျွန်မကတော့ ပန္နဲသီးတစ်လုံးစိတ်ကြိုက်သွားဝယ်၊ အခွံနွှာ၊ အတုံးကြီးကြီး တုံးပီ နူးအောင်ပြုပ်လိုက် တယ်။ အစေးတွေကတော့ရှောင်မရဘူးနော်။  ဆီလေးဆောင်ထား၊ လက်မှာရော၊ ထည့်ဆေးတဲ့ဇလုံမှာရော အစေးတွေကပ်နေတယ်၊ ပိန္နဲသီးက အခွံနွှာတုံးထား နဲနဲလေသလပ်ရင် ညိုလာတယ်။ ဒီကရောင်းတဲ့အသီးတွေက သူတို့ ပါးပါးလှီးထားပီးသား၊ ပီးတော့ ဘာအရည်နဲ့ဆေး ထားလဲမသိဖြူဖွေး နေတာ။
ပိန္နဲသီးပြုပ်ထားတဲ့အတုံးတွေကို အအေးခံပီး ပါးပါးလှီး၊ ဒါမှမဟုတ် လက်လေးနဲ့နွှာထားပါ။
ကျွန်မတော့ သူငယ်ချင်းတွေလဲကျွေးမှာမို့ သေသေချာချာဓါးပါးလေးနဲ့လှီးထားပါတယ်။
ကြက်သွန်ဖြူနီကို ဆီချက် ကြွပ်ကြွပ်လေးသတ်ထား၊ ဆီစစ်ထားပါ 
မြေပဲထောင်း
ငရုတ်သီးစိမ်း (၆) တောင့်
အုန်းနို့ စစ်စစ်ကို ကြိုပီး အနှစ်ရအောင်လုပ်ထား
ဆားအနဲငယ်..
သံလွင်ဆီအနဲငယ်  
အားလုံးသမအောင်မွှေပီး အုန်းနို့အနှစ်လေးပါအပေါ်ယံဖြူးပီး ဇွန်းလေးနဲ့ထပ်မွှေလိုက်ပါ။
အုန်းနို့အနှစ်ချိုပီးစိမ့်လို့အချိုမှုန့်မလိုတော့ဘူးနော်။
ကျွန်မကတော့ အချိုမှုန့်မပါရင်အရသာ မလေးဘူးခံစားရလို့နဲနဲလေး ထည့်တယ်၊ လေး-ငါး ပွင့်ပေါ့။
ဒါဆိုရင်တော့ အရသာတစ်မျိုးဆန်းတဲ့ ပိန္နဲသီးသုပ်အုန်းနို့အနှစ်စမ်းလေး ရပါပီ။
သူငယ်ချင်းတွေအတွက်လဲအဆင်ပြေ၊ ကျွန်မအတွက်လဲ စိတ်ကြိုက်ဖြစ်စေမယ့်အရသာရပီမို့  စိတ်ဝင်စားရင် စမ်းကြည့်ပီး မြိန်ရည်ရှက်ရေ စားသုံးနိုင်ပါပီ။ 

Comments

  1. ပိန္နဲသီးကြိုက်တယ်...အုန်းနို့နဲ့တော့မကြိုက်ဘူး...
    အာလူးတို့ ခရမ်းသီးတို့ ခွာရင် မမဲအောင် ဆားရေထဲကို လှီးထည့်တယ်...ပိန္နဲသီးလည်း အဲလိုလုပ်ရင် မမဲဘူးထင်တယ်နော်....

    ReplyDelete
  2. အိုး စားချင်လိုက်တာ
    တကယ်ပါဘဲ
    တစ်ရက်လောက်တော့ လုပ်စားကြည့်ပါဦးမယ်
    အုန်းနို့နံ့လေး မွှေးနေမှာပါဘဲနော်.
    ပုံကိုကြည့်ပြီး သွားရေကျမိပါတယ်။

    ReplyDelete
  3. တစ်ခါမှတော့ မစားဖူးဘူး၊ ကောင်းမယ့်ပုံပဲ.. လုပ်ကြည့်ဦးမှပဲ..

    ReplyDelete
  4. သစ်သစ်May 14, 2010 at 9:10 AM

    ပိန္နဲသီးကိုလေ ဘယ်လိုလုပ်လုပ် ကြိုက်တယ် အရမ်းကြိုက်တယ်....း)

    ReplyDelete
  5. ပိန္နဲသီးကို တခါမှ သုပ်မစားဖူးဘူး။ ဟင်းတော့ချက်စား တယ်။ နောက်တခါ သုပ်စားကြည့်အုံးမှ...
    ကောင်းမယ့်ပုံပဲ။ ကျေးဇူးပါနော်။

    ReplyDelete
  6. ပိန္နဲသီး အဲလိုလုပ်တာတွေတစ်ခုမှမစားဖူးဘူး မမကူးသုတ်တာ စားချင်စရာ

    ReplyDelete
  7. ကူးကူး ရေ

    သုပ်တော့ မစားဘူးသေးဘူး လုပ်စားကြည့်အုန်းမယ် ကူးကူး သုတ်တာ စားချင်စရာလေး ရွှတ်..(သားရေ ကျသံ)

    ခင်တဲ့
    ရွှေစင်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ