Skip to main content

တောင်ပေါ်ချင်းပြောင်းဖူးပြုပ်

ကျွန်မအဖေဘက်က အဖိုးက အိန္ဒိယဘက်ကနေ မြန်မာပြည်ဆင်းလာပြီး စစ်လာကူတိုက်တဲ့အထဲမှာ ပါလာပီး အဖွားနဲ့အိမ်ထောင်ကျပါတယ်။ နှစ်ယောက်စလုံး မြန်မာပြည်ထဲဝင်လာတော့ အဖွားအမျိုးတစ်ချို့ နဲ့ မြန်မာပြည်နိုင်ငံသားခံယူလိုက်တယ်။  ချင်းတောင်/ဟားခါးမှာ အခြေကျနေထိုင်ပီးနောက် မအူပင် ပြီးတော့ ပြင်ဦးလွင်မှာ နှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ်။ 
အဲဒီတော့ ကျွန်မအမေဘက်က အဖိုးဖွားဆွေမျိုးတွေက အောက်ပြည်အောက်ရွာသားတွေမို့  အစားစုံစားခဲ့ ဖူး သလို အဖေဘက်က အမျိုးတွေဆီသွားလည်ရင် တောင်ပေါ်တက်ရပြန်တာမို့ သူတို့စားလေ့ရှိတဲ့အစာ တွေလဲ ကျွန်မခုံမင်နေတတ်ပြန်တယ်။ 
မှတ်မှတ်ရရ ၁၉၈၈ အရေးခင်းကြောင့်ကျောင်းပိတ်ထားတဲ့အချိန် အဖေက အမျိုးတွေဆီသွားလည်ကြမယ် ဆိုပြီး ချင်းတောင်ကိုခေါ်သွားပါတယ်။
မန္တလေးကနေမုံရွာ.. မုံရွာ - ကလေး.. ကလေး - စီးရင်း   စီးရင်းက နေတီးတိန်.. ဖလန်း  ဟားခါးထိ သွား လည်ကြတယ်။ ကျွန်မအရမ်းငယ်သေးတယ်.. ညီမလေးက လမ်းလျှောက်တတ်ခါစလေး..၊ ကျွန်မက အဖေနဲ့ တောင်တက်တဲ့ကားအမိုးပေါ်မှာ ထိုင်တယ်။  
ငယ်ငယ်ကတည်းက အဖေက ဘယ်သွားသွားခေါ်သွားလို့ ကျွန်မကို ယောကျာ်းလေးလိုဝတ်ပေးလေ့ရှိ တယ်။ အဲဒီတုန်းက မဲဇာလမ်းလား..ဘာလား မေ့သွားပြီ.. ဒမြတွေအရမ်းသောင်းကျန်းတဲ့နေရာပေါ့။
ကားသွားရင် နှစ်စီး ဆီတန်းသွားရတယ်.. အဲဒီတောကြီးကိုဖြတ်ပီး ဖလန်းကို တက်တဲ့အခါပေါ့။
ပထမကား၊ ဒုတိယကား ကကျွန်မတို့မိသားစုပါတယ်၊ လမ်းမှာ အရှေ့က ကားက စက်ဘာဖြစ်လဲမသိ အဲဒါနဲ့ သူတို့က အရှေ့က သွားခိုင်းတယ်၊ အဲဒါနဲ့ဘဲ ကျွန်မတို့စီးတဲ့ကား အရှေ့အစီးဖြစ်သွားတယ်။
ညဘက်က ကားမီးအောက်မှာ ကျွန်မမှတ်မိသလောက်မြင်ကွင်းကတော့ တံတားတစ်ခု ပေါ်မှာ သစ်ကိုင်းတွေ သစ်ခက်တွေနဲ့ ကာတားတယ်။ ဒမြတွေက ကျွန်မတို့ကားကို တားတယ်၊ ဒါပေမယ့် ကားဆရာ က ကားမှာပါလာတဲ့သူတွေကို မြဲမြဲကိုင်ထားဖို့ အော်ပီး အရမ်းကိုမောင်းတာ...  သူတို့တွေ နောက်က ပြေး လိုက်လာသေးတယ်။ ဒါပေမယ့် ဒုတိယအစီးကျန်သေးတယ်ဆိုပီး အလွတ်ပေးလိုက်တယ်။
ဖလန်းရောက်တော့ ဒုတိယအစီးမှာ သွေးအလိမ်းလိမ်းနဲ့ ကျောင်းသားလူငယ်လေးတစ်ယောက် ခေါင်းကို အခုတ်ခံလိုက်ရတယ်..  ပစ္စည်းတွေလဲ ယူသွားတယ်၊ ဆေးရုံသယ်သွားကြတယ်၊ နောက်ဘာဖြစ်လဲ ကျွန်မလဲ မသိတော့ဘူး။  
သွားတဲ့တစ်လမ်းလုံးမှာ ကျွန်မတို့ ၃ ယောက်လုံး နာမကျန်းဖြစ်တာတို့ အနာတရဖြစ်တာတို့မရှိလို့ အဖေ အမေက အဲဒီအကြောင်းအခုထိ သတိရတိုင်း တစ်ဖွဖွပြောနေတုန်းဘဲ။
ဟားခါးရောက်တော့ ကားရပ်တာနဲ့ ထမင်းဆိုင်ထဲက လူတွေပြေးထွက်လာပြီး အိတ်တွေလာသယ်၊ ထမင်း တွေကျွေးတာ... တယ်သဘောကောင်းပါလားမှတ်တယ်၊ နောက်ဆုံးတော့ အမျိုးတွေကိုး..
အားလုံးပျော်ကြတယ်၊ တွေ့ဆုံစကားပြော.. တစ်မြို့လုံးနီးပါးစပ်လိုက် အမျိုးတွေချည်း။
အဲဒီမှာ မာလာဖူး ဆိုတာ စစားဖူးတာ။  တောင်စောင်းတွေမှာ ပွင့်နေတာလေးတွေလိုက်ခူးပီး ကြော်စားတာ ကောင်းမှကောင်း။ တောင်တက်တဲ့တစ်လမ်းလုံး ဆိုင်တွေမှာ ပြောင်းဖူးပြုတ်နဲ့..
ပြောင်းဖူးကို အစေ့ခြွေ အပေါ်က မာတင်းနေတဲ့ အခွံကြည်ကို ခွာထွက်အောင် လက်နဲ့ဆုံကြီးနဲ့ ထောင်းကြ တာ။  အချို့တွေကတော့ အောင်လောက် ဆိုတဲ့ ပဲစေ့တစ်မျိုးကို အပုပ်ခံထားတာနဲ့ ရောပြုပ်တယ်။ အဲဒီအနံ့တော့ ကျွန်မလုံးဝမခံနိုင်ဘူး။ ဒါကြောင့်တစ်ခါတစ်လေ ချင်း နဲ့ ကရင် သူငယ်ချင်းတွေ ရန်ဖြစ်ရင် နင်တို့ အောင်လောက် က...%^&&**^&&  နင်တို့ ငပိကရော..ဘာညာ 0)(&&&^%%&&$  ဆိုပီး ပြောကြ တယ်။  
ပြန်တွေးကြည့်ရင် ပြုံးချင်ချင်ရယ်။  အိမ်မှာလဲ တောင်ပေါ်က လူကြုံရှိတိုင်း မာမီ့ကို ပြောင်းဖူးတွေ ယူလာလာ ပေးတယ်။ ရုံးပိတ်ရက်တွေ မိသားစုဆုံရင် အိမ်မှာအမြဲပြုပ်စားတယ်။ 
တစ်အိမ်လုံးအရမ်းကြိုက်ကြတယ်။ အိမ်မှာတော့ ဗူးညွန့် ပဲနီတောင့်ရှည်တွေနဲ့ ရောပြုပ်တယ်။
ပြီးရင် ဂျင်း၊ ငရုတ်သီးစိမ်း၊ ဆား ရောထောင်းပီး  စားကြတာဘဲ။ 
အချို့ကတော့ အမဲသားနဲ့ပြုပ်စားတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်က ပြောင်းဖူးပြုပ်စားရင် ဂျင်းပြားပြား လှီးပြီး ကိုက်စားတယ်။ 
ကြာခဲ့ပါပြီ၊  ဒီအပတ်ဘုရားကျောင်းသွားတော့ ဒီမှာ ကျောင်းလာတတ်နေတဲ့ ဆရာတစ်ယောက် ချင်းတောင် ပြန်တော့ မမေ့မလျော့ ယူလာပေးတဲ့ ပြောင်းဖူးတစ်ယောက်တည်းပြုပ်စားလိုက်တယ်။
အ၀ထိုင်စားတယ်၊ ဒါကတော့ ကျွန်မ စိတ်ကြိုက်၊ ဂျင်းသတ်သတ်၊ ငရုတ်သီးနဲ့ဆား သတ်သတ် ခွဲထောင်း ထားတာပါ။ အချဉ်လေးပါထည့်လိုက်သေးတယ်။  
ဗူးညွန့် မရှိလို့ ဟင်းနုနွယ်ရွက် နဲ့စားလိုက်တယ်။ အဲဒါလဲကောင်းတာဘဲ။  စိတ်ဝင်စားရင် တောင်ပေါ်သား/သူ လေးတစ်ယောက် ကိုမေးမြန်းပီး  ပြုပ်စားပေတော့ရယ်။  
ရန်ကုန်မှာ ဆိုင်တစ်ဆိုင်ရှိတယ်ပြောတယ်၊ တစ်ခါမှတော့မသွားခဲ့ဖူးဘူး။

Comments

  1. သူငယ်ချင်းနှစ်ယောက်က ချင်းတွေမို့ စားဖူးတယ်။
    နောက် ပွဲတစ်ခုခုရှိရင် ပါတတ်တာက ၀က်အူထဲမှာ အစာသွပ်ထြားတဲ့ စားစရာ။ အဲဒါကိုတော့ ၀က်သားမစားလို့ မစားဖြစ်ဘူး။

    ReplyDelete
  2. အင်း.. ကူးလဲ ၀က်သား စားဘူး။

    ReplyDelete
  3. ဂျင်းနဲ့ငရုတ်သီးထောင်း၊သံပုရာသီးကိုစားခါနီးမှ ပြောင်းဖူးပြုပ်ထဲရောစားလိုက်တာလား ညီမ

    TD

    ReplyDelete
  4. ဖလမ်းမြို.လို.ခေါ်ပါတယ်..ဖလန်းမဟုတ်ပါ..အဲဒီလိုချက်ထားတဲ.ဟာကိုစာပူတီးလို.ခေါ်တယ်ထင်တယ်..

    ReplyDelete
  5. ကူးစ်
    တခါမှတောင်စားဖူးဘူးရယ်
    ခုမှပဲကြားဖူးတယ် ။
    ရုံလေးတို့ အဖိုးလည်း
    ဂေါ်ရခါးတပ်နဲ့ မြန်ပြည်ကို
    ရောက်လာတာကူးရဲ့

    ချစ်တဲ့
    ရုံလေး

    ReplyDelete
  6. - ဟုတ်..စားခါနီးမှ ထည့်စားတာပါ.
    - ဖလမ်း လား ဖလန်း လား စာလုံးပေါင်းလွဲရင်ခွင့်လွှတ်။ Falam..?
    -ရုံလေးစ် အမျိုးတော်လို့ရပီဟေ့..ဒါဆိုရင်..း))

    ReplyDelete
  7. ဏီလင်းညိုMay 29, 2010 at 10:09 PM

    ကူးကူးရေ......

    အလုပ်မအားလို့ ဘယ်မှမရောက်တာတောင်မှ ဘလော့ဂ်ကိုဖွင့်ကြည့်ရင်း ပြောင်းဖူးပြုတ်ဆိုလို့ လာငမ်းတာလေ........း))

    ကိုဏီကတော့ ပြောင်းဖူးသရဲပဲဗျ.......း))
    ဒါပေမယ့် အဲ့သလိုဟာတော့ တစ်ခါဆို..... တစ်ခါမှမစားဖူးသေးပါဘူးဗျာ........း((

    နည်းနည်းကျွေး.......။
    (မျက်နှာငယ်လေးနှင့်တောင်းခြင်းဖြစ်၏............း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  8. ပြောင်းဖူးကိုဆီနဲ့ဆားနဲ့ ရောနယ်စားဖူးတယ်... လက်ဖက်သုတ်နဲ့ရောစားဖူးတယ်... ထမင်းနဲ့ရောကြော်စားဖူးတယ်... ကူးပြောသလိုပုံထဲကလိုမျိုးမစားဖူးဘူး... စားကြည့်ချင်တယ်

    ReplyDelete
  9. ဏီလင်းညို.. ကျွေးဆိုလဲကျွေးရတာပါ့..
    လာစားချည်..
    rose.. ဒီပြောင်းဖူးက ပြောင်းဖူးကို အခြောက်လှမ်း အစေ့ခြွေပီး ထောင်းထားတာပါ.
    ကူးတို့စားနေကြ ကတော့အစိမ်းအနုလေးတွေကို ပြုပ်စား/ ကြော်စား... သုပ်စား.. အရသာတစ်မျိုးပေါ့။ ဒါကတော့ ပြောင်းဖူးအရင့်တွေ အခြောက်လှမ်းခြွေပီး နေလှမ်းထောင်းတာမို့ အရသာ တစ်မျိုး..း)

    ReplyDelete
  10. ချစ်အုန်းဖေJune 1, 2010 at 1:57 AM

    Corn is hard to digest and it show up in stool (poop) just like that. :D

    ReplyDelete
  11. Hey

    I'm interested to learn [url=http://www.maxkravmaga.com][b]Krav Maga[/b][/url]. I have some MMA experience and I'm wondering if Krav Maga is right for me. I'm looking for a mix of [url=http://www.MaxKravMaga.com][b]Self Defense[/b] and a [url=http://www.MaxKravMaga.com][b]Krav Maga Workout[/b][/url]

    I need some expert advice here

    Best

    Joe

    ReplyDelete
  12. စားချင်စရာလေးနော် မမကူးကူး

    ReplyDelete
  13. yaa its we call (Bu Ti)if u add meat or pork its call (Sa Bu Ti)if u just add some read bean .We call (bai Bu ti)..its our Chin people fav food..thanks u Ku Ku..for Share and introduce our food..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။