Skip to main content

ငါးနှစ်ကောင်၊ စာအုပ်(၃)အုပ်နှင့် အပင်နှစ်ပင်

နှစ်အတော်ကြာ စာအုပ်ဖတ်တဲ့အကျင့်ကိုဖျောက်ထားတာကြာပြီ။  ကျောင်းစာရယ်၊ ဘလော့ပေါ်ကစာတွေ ရယ်ကလွဲလို့ အခြားစာအုပ်တွေဖတ်ကိုမဖတ်ဖြစ်တော့တာ။  အွန်လိုင်းက စာအုပ်တွေလဲဖတ်မယ်တစ်ကဲကဲ နဲ့ ဒေါင်းလုဒ် လုပ်ထားတာလဲ တစ်မျက်နှာနှစ်မျက်နှာလောက်ဖတ်ပြီးတာနဲ့ recycle bin ထဲရောက်တာဘဲ။ 
အရင်က စာအုပ်ဖတ်တာဝါသနာပါတာထမင်းမေ့ဟင်းမေ့၊ ဘာကြောင့်မှန်းကိုယ့်ကိုကိုယ်မသိဘူး၊ စာအုပ် ကိုင်မိတာနဲ့အိပ်ချင်တာဘဲ။ 
ဒီအပတ်တော့ရုံးက library ကိုဝင်ပြီး(၂) နာရီလောက်ကြာမှစာအုပ် (၃)အုပ်နဲ့ထွက်လာခဲ့တယ်။ စာအုပ်တွေ အများကြီး၊ အသစ်တွေရော အဟောင်းတွေရော၊ ကိုယ်စိတ်ဝင်စားလောက်မယ့်စာအုပ်လိုက်ရှာတာ.. ကိုယ့် ကိုယ်တိုင်ဘာကို စိတ်ဝင်စားမှန်းမသိတော့ တော့လဲခက်သား။ 
 
Healing wonder of diet ကိုအရင်ဆုံးစဖတ်တယ်၊ တော်တော်လေးကောင်းတယ်။ နောက်မှ ရောဂါအလိုက် စားရမယ့် နေ့စဉ် menu လေးတွေတင်ပေးအုံးမယ်။  စာအုပ်ဖတ်ပြီး ပေါင်မုန့်တောင်ကိုယ်တိုင်လုပ်ပြီး စားဖို့ အထိကိုကြံစဉ်နေပြီ။  ကျွန်မအတွက်တော့သွေးတိုးရှိတော့ ကော်ဖီ၊ လက်ဖက်ရည် နဲ့ အခြား soft drink တွေ ရှောင်ကိုရှောင်ရမယ်၊ ပြီးတော့ဟင်းခတ်အစာပလာတွေလဲရှောင်ရမယ်တဲ့။  အဓိက ကတော့ sodium ပါတဲ့ အစားသောက်တွေအကုန်ရှောင်ရမယ်။ အဲဒါမှဒီနေ့ supermarket ရောက်တော့စပ်စုပီးအကုန်လိုက်ဖတ် ကြည့်တော့ ingredients တွေမှာ sodium မပါတာခပ်ရှားရှားရယ်။ ပြီးတော့ canned food တွေ ဗူးထဲထည့်ထား တဲ့အသင့်စားလုပ်ထားတဲ့အရာတွေအကုန်သွေးတိုးသမားတွေလုံးဝရှောင်သင့်တဲ့အကြောင်း။  လိုက်နာ နိုင်ရင်တော့တော်တော်အသုံးဝင်မယ့်စာအုပ်တစ်အုပ်ပါ။  menu ကတော့ ကျွန်မတို့ ခံတွင်းနဲ့မတွေ့မယ့် အမယ်တွေကို မြန်မာမှုပြုပီး ပြန်အစီစဉ်ဆွဲထားတာနောက်မှ ဖြည်းဖြည်းချင်းတင်ပေးမယ်။
အိမ်ထဲမှာလဲအပင်စိမ်းလေးတစ်ပင်ထားချင်တယ်..   အိမ်ထဲမှာ ကိုယ်ကလွဲလို့ သက်ရှိသတ္တ၀ါလေးလဲ ထားချင်သေးတယ်၊ (အိမ်မြောင်တို့ ပရွက်ဆိတ်တို့ မပါဘူး)။ကျွန်မဆီမှာအရင်ရှိတဲ့ အပင်လေးက အပွင့်ပွင့်ပြီးနောက်တစ်ဖြည်းဖြည်းခြောက်လာပြီးသေသွားတယ်။ ၁ နှစ်ကျော်ပြီထင်တာဘဲ။ အခုလဲ cactus လေးတစ်ပင်ထပ်ရတယ်။  ၀ါးပင်အသေးလေးလဲလက်ဆောင်ရတယ်။
ဒီနေ့တော့အိမ်ထဲမှာနေရာချ ဧည့်ခန်းက ဆိုဖာတွေဟိုရွှေ့ဒီရွှေ့နဲ့အချိန်ကုန်တယ်။

ညနေတော့ ငါးလေးနှစ်ကောင်သွားဝယ်လာတယ်။  တစ်ကောင် $1 ဘဲပေးရတယ်၊  ဈေးကြီးတဲ့ငါးမ၀ယ် ရဲ ဘူး။ သေသွားမှာကြောက်လို့..နှမျောစရာမဟုတ်လားနော်။
ငါးနှစ်ကောင်က တွီတွီ နဲ့ တူတူ (twi twi & tue tue)...  အထီးအမ မသိဘူး။ ရောင်းတဲ့ကောင်လေးက နှုတ်ခမ်းနီဆိုးထားတယ်သိလား။   အထီးနှစ်ကောင်ဆိုရင်တော့ .. ..(    )..ဟီးးးးး

ချစ်သူကမေးတယ်၊ မရမ်းသီးခြောက်ဟင်းချိုချက်လို့မပြီးသေးဘူးလား၊ next post ဆိုပြီးမတက်လာဘူးတဲ့။
အမှန်ကတော့ချက်ပြီးသွားလို့ သောက်လို့ကုန်ပြီ၊ ဘာတွေထည့်ချက်လိုက်လဲဆိုတာမေ့သွားလို့ ပြန်စဉ်းစား နေတယ်။ အခုတစ်လောအစားသောက်လဲပျက်တယ်၊ စိတ်ပြန်လည်လာမလားလို့ မလုပ်ဘူးခဲ့တာလေး တွေ ပြန်စုယူပြီးလုပ်နေတာ၊ ဒီနေ့လဲ တစ်ချောင်းထိုးနဲ့လိပ်ပြာ ထိုးနေတာ..  ပိုးတုံးလုံးဘ၀လောက်မှာဘဲ ပျင်း လာတယ်၊ စိတ်မ၀င်စားတော့ဘူး။ အသက်ဘဲကြီးလာတာလား၊ ဂေါက်နေတာလားတော့မသိဘူး။  
ညနေတော့ နာနတ်သီးနှစ်လုံးထိုင်စားပြီး စာရေးနေတယ်လေ...းP

Comments

  1. နာနတ်သီးနစ်လုံးဘုရားဘုရား

    ချစ်သူကဘယ်သူလဲ

    ReplyDelete
  2. ကူးကူးက သွေးတိုးရှိလား။
    အမဆိုရင်တော့ သွေးတိုးရှိရင်တောင် ကော်ဖီကို လုံးဝမရှောင်နိုင်ဘူး။ လောလောဆယ်တော့ သွေးမတိုးဘူး။ ကျတောင် ကျနေတယ်။
    အပင်လေးတွေ စိုက်တာတော့ ၀ါသနာပါတယ်။ ခု ငရုတ်သီးပင် စိုက်ထားတယ်။ :)

    ReplyDelete
  3. @မမkom.. ဟုတ်တယ်..နှစ်လုံးး...း).. ချစ်သူက ကူးကူးကိုသူမတူအောင်ချစ်တဲ့သူပေါ့မမရယ်..
    @မမမေဓာဝီ.. ကူးလဲမရှောင်နိုင်တာလေးတွေရှိသေးတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ခံရခက်လွန်းတာတကြောင်း၊ တစ်ခါတည်း မသေဘဲ တစ်ပိုင်းသေဖြစ်မှာကြောက်တာကြောင့် အတတ်နိုင်ဆုံးတော့ နဲနဲခြင်းရှောင်တယ်မမ.. ကူးက ၂၀၀ ကျော်လို့..း(

    ReplyDelete
  4. take care မမကူး
    ထော

    ReplyDelete
  5. hee heee
    thu ma tu ag chit tae thu tae
    pineapple ka 2 lone :-o
    miss u sis

    chit tae
    yonelay

    ReplyDelete
  6. ဘလော့ပေါ်ကစာတွေ ရယ်ကလွဲလို့ အခြားစာအုပ်တွေဖတ်ကိုမဖတ်ဖြစ်တော့တာ။ အွန်လိုင်းက စာအုပ်တွေလဲဖတ်မယ်တစ်ကဲကဲ နဲ့ ဒေါင်းလုဒ် လုပ်ထားတာလဲ တစ်မျက်နှာနှစ်မျက်နှာလောက်ဖတ်ပြီးတာနဲ့ recycle bin ထဲရောက်တာဘဲ။
    အရင်က စာအုပ်ဖတ်တာဝါသနာပါတာထမင်းမေ့ဟင်းမေ့၊ ဘာကြောင့်မှန်းကိုယ့်ကိုကိုယ်မသိဘူး၊ စာအုပ် ကိုင်မိတာနဲ့အိပ်ချင်တာဘဲ။

    ဟီး ဘွတူတွေပဲ ကူကူးရေ အမှန်ဥဥ တို့စာတွေအများကြီးဖတ်သင့်တာနော်

    ReplyDelete
  7. ငယ်ငယ်လေးနဲ့သွေးတိုးရှိတယ်လား ညီမလေး... ကျန်းမာရေးဂရုစိုက်နော်

    ReplyDelete
  8. နာနတ်သီး ၂လုံးတောင်လား ကူကူးရယ်...
    ဟိုနေ့က မလေး နာနတ်သီးခွံသင်ဗူးထဲထည့် ပစ်ထားတာ.. ထန်းရည်လို ချဉ်စူးကြီးဖြစ်သွားတယ်လေ..
    ဒါနဲ့ပဲ ပစ်လိုက်ရတော့တာပါပဲကွယ်..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4