Skip to main content

ရဲယိုရွက် ငါးပေါင်း

လျှော့မတွက်နဲ့၊ မီးတောင်က ခူးလာတဲ့ ရဲယိုရွက်ပါရှင်။ မီးတောင်သွားလည်တဲ့အကြောင်းတော့ မတင်ရသေး ပေမယ့် ရလာတဲ့ရဲယိုရွက်ကိုတော့ အားရပါးရ ပေါင်းစားလိုက်ပါတယ်။ အရင်အပတ်က မောင်လေးနဲ့အတူ မီးတောင်ကို သွားလည်ကြတာ။ မီးတောင်ပေါ်တက်တဲ့လမ်းမှာ ရဲယိုပင်တွေတွေ့လို့ ၀မ်းသာအားရ ခူးလာခဲ့ တယ်။  သူများတွေကတော့ဘယ်လိုပေါင်းစားလဲမသိဘူး။ ကူးကူးကတော့ အချိန်မရတာ ရော၊ ထမင်းပေါင်း အိုးသေးသေးလေးမှာထည့်ပေါင်းရတာမို့ တစ်ထုတ်ချင်းမထုတ်အားတော့ဘူး။  အောက်က ရဲယိုရွက်ခံပီး  ဆန်မှုန့်အသားထဲကိုလဲ ရဲယိုရွက်ပါးပါးလှီးနယ်ပီးထည့်..ရဲယိုရွက်ပြန်အုပ်ပြီးပေါင်းလိုက်တယ်။
ငါးအသားလွှာ
ဆန်မှုန့်
ကြက်သွန်နီ
ငရုတ်ကောင်း
ခရမ်းချဉ်သီး... နဲ့ အားလုံးရောနယ် ပေါင်းလိုက်တာပါ။ ကောင်းမှကောင်းပါဘဲ။  အဲဒီနေ့က သူများကိုလဲ ကျွေးသေးတယ်။




Comments

  1. ရဲယိုရွက် ခါးသက်သက်လေးကြိုက်တယ်
    ငါးခူစင်းကောနဲ့ ချက်တာလည်း ကြိုက်တယ်
    ခုတောင် စားချင်လာပြီ။

    ReplyDelete
  2. အင်ဒိုနီးရှားက မီးတောင်ထိ သွားခူးတာလား....

    ReplyDelete
  3. ရဲယိုရွက် နုနုလေးတွေ ဒီအတိုင်းကြော်စားလည်း ကြိုက်တယ်။

    ReplyDelete
  4. ကောင်းပါ့ဗျာ ရဲယိုရွက် ငါးပေါင်းကတော့

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  5. Hello Ma, how do you call yet yo yet in english, I would like to find outh

    thanks a lot
    kind regards

    ReplyDelete

Post a Comment

ကူးကူးရေ...