Skip to main content

တာ ဟဲ ဖိုး

တာဟဲဖိုးဆိုတာဆီမပါတဲ့အသီးရွက်စုံထောင်း ကရင်အစားစာတစ်ခုပါ။ အရမ်းလဲအရသရှိပြီး အတော်များ များ ကြိုက် နှစ်သက်မှာသေချာပါတယ်။  လုပ်စားရတာလဲလွယ်ကူပါတယ်။အဆင်ပြေတဲ့ အသီးရွက် စိတ်ကြိုက်ထည့် ပြုပ်ထောင်းပီးစားရုံပါဘဲ။  အရင်ကတော့ စားခဲ့ဖူးတယ်၊ ဒါပေမယ့် မေ့နေတာ ကြာပြီ၊ ကျောင်းလာတက်နေတဲ့ ကရင်ဆရာမတစ်ယောက်က ထောင်းပြီး ကျွန်မရှိတဲ့နေရာ ပို့ပေးလိုက်တယ်၊ ဒါနဲ့ဘဲ အတိတ်ဟောင်းပြန်ဆွသလိုဖြစ်ပီး နေ့တိုင်းထောင်းစားတော့တာဘဲ။

  • ရုံးပတေသီး
  • ပဲတောင့်ရှည်
  • ခရမ်းကဇော့သီး
  • ခရမ်းသီး
  • မျှစ် (အခြောက် သို့ ပြုပ်ထားသောမျှစ်)
  • ဌက်ပျောဖူး 
  • ငရုတ်သီးစိမ်း
  • ငါး (သို့) အမဲသား
  • စိမ်းစားငပိတစ်တုံး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူထောင်း
  1. ကိုယ့်စိတ်ကြိုက်အနေထား ဖြတ်လှီးထားတဲ့ အထက်ပါအသီးရွက်စုံကို ရေဖုံးရုံထည့်ပီး နူးသွားအောင်တည်ပါမယ်။ ကြက်သွန်ဖြူထောင်းထားတာရယ်၊ ငရုတ်သီးအစိမ်းတောင့် အညှာခြွေထားတာရယ်နဲ့ စိမ်းစားငပိတစ်တုံးထည့်ပြုပ်ပါမယ်။ 
  2. ငါးကတော့ တစ်တုံးလောက်ထည့်ပြုပ်အရိုးနွှာထည့်လို့ရပါတယ်၊ အမဲသားလဲ ပါးပါးလှီး အရင်ထည့်ပြုပ်ထားလိုက်ရင်ရပါတယ်။ 
  3. အရမ်းနူးတာကြိုက်တဲ့သူရှိသလို၊ မနူးတစ်နူးလေးမှာ အားလုံးဆယ်ထုပ်ပြီး ငရုတ်ဆုံကြီးကြီးနဲ့ ထောင်း၊ အပေါ့ငံအတွက်ဆားနဲနဲထည့်၊ ငရုတ်ကောင်းထည့်ထောင်းပီး.. ပူနွေးနွေး သီးရွက်စုံ ငပိစပ်စပ်အရိုင်းထောင်းလေး ထမင်းစားမြိန်မှာသေချာပါတယ်။ 
(ဒါကတော့ ကူးကူးရထားတဲ့နည်းပါ)။

    Comments

    1. ကျေးဇူးပဲ မနက်ဖြန် လုပ်စားရမယ်
      စားကောင်းမဲ့ပုံလေး

      ReplyDelete
    2. ဟုတ်တယ်
      ကချင်မှာလည်း အဲလိုထောင်းစားကြတယ်
      ကြိမ်ဖူးလို့ခေါ်တဲ့ ကြိမ်ပင်ရဲ့ အူတိုင်တွေ ငှက်ပျောဖူးတွေကို ပြုတ်ပြီးထောင်းတာ
      ပြောရင်းသွားရေကျတယ်..
      ကူးကူးထောင်းထားတာ တကယ်စားချင်စရာလေး

      ReplyDelete
    3. မြန်မာ့ အစားသောက်တွေ ပွဲဝင်အောင် ပြင်နိုင်ပါတယ်လေ... မကူးကူးတို့ လို blogger တွေ ကို အစားအသောက်ဝန်ကြီးဌာန ဖွင့်ပြီး ဌာနမှူးခန့်  မယ်.. :D

      ReplyDelete
    4. ကူးကူးရေ ဟင်းရွက်စုံထောင်းကတော့ စိတ်ဝင်စားစရာပဲ။ ကရင်တွေက ဟင်းချက်ရင် အဲလို တောထဲက ခူးလို့ ဆွတ်လို့ ရတဲ့ ဟင်းရွက် ဟင်းသီးအစုံထည့်ချက်တော့တာပဲနော်။ တာလပေါဟင်းဆိုလဲ တူတူပဲ။

      အဲဒီဟင်းရွက်စုံထောင်းကိုတော့ တကယ်စိတ်ဝင်စားတယ်။ ငပိနဲ့ စပ်စပ်လေးဆိုတော့ အကြိုက်ပဲ။ တစ်နေ့ ထောင်းစားကြည့်ဦးမယ်ကူးကူးရေ။

      ReplyDelete
    5. စားမြိန်စေမဲ့ဟင်းကောင်းတခွက်ပါ။
      ကျေးဇူးတင်ပါတယ်။ လုပ်စားကြည့်ပါအုံးမယ်။

      ReplyDelete
    6. ကိုကြီးကျောက်တို့ အညာသားတွေကတော့..ဆီပါရင် ဒုတ်ချောင်းတောင်စားလို့ ကောင်းသတဲ့.. ဆီမပါတာတော့ မကြိုက်ဘူး..
      ကရင်တွေနဲ့ အတူနေဖူးလို့ နောက်တခါ ကရင်စာရေးတင်လိုက်ဦးမယ်...
      ခွေးခေါင်းချဉ်၊ မြွေရိုး ဆွတ်ပြုတ်၊ မျောက်ငါးပိရည်...တခါထဲ လျှာလည်သွားစေရမယ်..

      ReplyDelete
    7. စားချင်စရာဘဲ ကူးကူးရေ. တစ်နေ့လုပ်စားကြည့်ပါဦးမယ်

      ReplyDelete
    8. စာချင်စရာလေးနော်။အဲလိုအထောင်း၊အထု၊အသုပ် အကုန်ကြိုက်တယ်။

      ReplyDelete
    9. ကူးကူး ရေ

      အဲဒီ ဟင်းရွက်စုံ တွေကို ကူးကူး ထောင်းထားတာလေး ကလည်း စားချင်စရာ

      ချစ်တဲ့
      အမရွှေစင်

      ReplyDelete
    10. ကူး အတွက်.. မျက်မှန်အသစ်တစ်လက် လာပို့ရင်း ထုံးစံအတိုင်း ငေးသွားတယ်။


      ဒီစနေ၊ တနင်္ဂနွေ ထောင်းဦးမယ်။

      ReplyDelete

    Post a Comment

    ကူးကူးရေ...