Skip to main content

ကြည့်မြင်တိုင် ငါးဈေး

ပြန်လာပါပြီ။  အိမ်ပြန်တာ နေလို့မ၀သေးဘူး။ အပြန်တုန်းက တစ်ပြုံးပြုံး.. ပြန်လာတော့ ငိုမဲ့မဲ့ပေါ။ လေယဉ်လက်မှတ် အဘိုးသေတာအကြောင်းပြပြီးရွှေ့ဖို့ကြံစည်တာလဲမအောင်မြင်၊ လက်မှတ် တွေကလဲကြပ်တယ်၊ ရန်ကုန်-စင်ကာပူကို ၁၅ ရက်အထိအပြည့်ဆိုဘဲ။ စင်ကာပူနဲ့ ဒီဖက်က တော့ အချောင်ကြီး၊ ကျွန်မဒီဘက်လေယဉ်ပြောင်းစီးတော့ ၃ ခုံမှာ တစ်ယောက်တည်းထိုင်တယ်။
ရန်ကုန်မှာ စားစရာတွေ၊ လည်စရာတွေ၊ တွေ့စရာတွေ ပိုများလာတယ်လေ။ ဒီတစ်ခေါက် ငွေဆောင်ရောက်သွားတယ်။ ငွေဆောင်အကြောင်းနောက်မှရေးမယ်။ မနေ့ညသန်းခေါင်မှ ပြန်ရောက်တော့ အိပ်ချင်တာတစ်အားဘဲ။  မအိပ်ရသေးဘဲ ရုံးမှာ လာထိုင်နေရတယ်။  အခုတော့ ညီမလေးမွေးနေ့အတွက် ထုံးစံအတိုင်းငါးဈေးသွားတဲ့ပုံလေးတွေတင်ပေးမယ်နော်။
ဈေးသွားဖို့အစောကြီးထပြီး သူငယ်ချင်းကိုလှည်းတန်းမှာသွားဝင်ခေါ်တာ သူ့ကိုစောင့်နေရင်း စားတဲ့ မုန့်ဟင်းခါး။
ဒါကတော့ သိပ်ကြိုက်တဲ့ အီကြာကွေး။  စားလို့မရဘူး တစ်ကိုက်ဘဲ... နောက်နေ့ ရင်ခေါင်းတွေ တောင့်ပီးနေမကောင်းဖြစ်တာ... မာမီက ဘာတွေခိုးစားလဲမေးတာ ပြောဘူး။း)))

လဖက်ရည်ဆိုင်ကစားပွဲထိုးကောင်လေး၊ စောစောစီးစီး နံနက်ခင်းမှာ သနပ်ခါးလေးနဲ့ ချစ်စရာလေး။



































ကျွန်မတို့ဝယ်တာ ငါးကြင်း (၂) ကောင်၊ ၁ ပိသာ ၇၀ သားကို ၄၅၀၀ ပေးရတယ်။ ဆလားဗီးယား (၃) ကောင်နဲ့ ဧည့်သည်တွေအတွက် ပုဇွန် အကြီးလေးတွေပါ။ 

Comments

  1. အောင်မလေး- ရန်ကုန်ကို လွမ်းလိုက်တာနော်။ ငါးတွေကလည်း အကြိုက်ပဲ။ ဒီက ပင်လယ်ငါးတွေကို ကြည့်တောင်မကြည့်ချင်ဘူး။ ရန်ကုန်မှာ တော်တော် ပျော်ခဲ့မှာပေါ့နော်။ ရန်ကုန်ကပုံလေးတွေ ထပ်တင်ပါဦး မမကူးရေ။

    ReplyDelete
  2. ငါးတွေ အများကြီးပဲ.. အဲလိုမျိုး ဈေးထဲသွားပြီး တစ်ခါလောက် ပြန်ဝယ်ချင်လိုက်တာ..

    ReplyDelete
  3. ငါးပေါင်းစုံပဲနော်
    မင်္ဂလာနှစ်သစ်ပါ ကူးကူးရေ



    Baby taster

    ReplyDelete
  4. ပလော်ဖက်ယှင်ဏယ် ဒတ်ပုံဆရာပဲ... မုန့်ဟင်းခါးပဲ စိတ်ဝင်စားတယ်.. ငါးတွေကတော့ချက်ကျွေးမယ့် သူ(အမေ)နဲ့ဝေးနေတော့ အင့် ဟင့်

    ReplyDelete
  5. hote pa..
    myanmar font ma shi lo burgalish nae yite mae...
    ngarr tway myarr kyii bae...
    di country ka jungly tway ko dot country mar fish paw kyaung kywer chin lo yite lar dar.. heehee

    ReplyDelete
  6. ငါးကြင်းတွေ စားချင်စရာပဲ..။
    ငါးကြင်းမြင်ရင် ငါးပဲငပိ လုပ်စားချင်တယ်။

    ပေါက်

    ReplyDelete
  7. အစ်မကူးကူး ပျောက်နေတယ်လို့ ထင်တာ... ရန်ကုန်ပြန်လည် နေတာကိုးးးး။ ပျော်ခဲ့လားပာင်။ ငါးတွေ အများကြီးပဲ။ ပုဇွန်တွေရော။ အကြိုက်တွေချည်းပဲ။ အဲ့လို ဈေးမျိုးမှာ လတ်လတ်ဆတ်ဆတ် သွားဝယ်ချင်လိုက်တာ။ ဒီက ရှော့ပင်းမောလ်တွေမှာ ခဲနေတဲ့ ငါးတွေ မစားချင်ဘူးရယ်း(

    ReplyDelete
  8. ငါးတွေ လတ်လတ်ဆတ်ဆတ် သွားဝယ်ချင်လိုက်တာ

    ReplyDelete
  9. ငါးငတ်နေတဲ့ကျမ ဓါတ်ပုံတွေကြည့်ပြီး ...
    တနေ့ နေ့ တော့....
    ကျေးဇူးနော်

    ReplyDelete
  10. ဈေးကြီးတယ်နော်... မမြင်ရတာကြာပြီ ဈေးထဲကငါးတွေကို...

    ReplyDelete
  11. ကူးကူး ရေ ပျော်နေမှာနော်
    ရန်ကုန်မုံ့ဟင်းငါး လေး အလွမ်းပြေ ကြည့်သွားတယ်
    ငွေဆောင်ပို့စ် လည်း မျှော်နေမယ်နော်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  12. သွေးတိုးသမား အခြေအနေကောင်းရဲ့လားဗျိုး... ဂရုစိုက်အုန်းနော်.... လည်လည်တွေသွားပြီး အဆီတွေ အအိမ့်တွေ သိပ်မစားနဲ့ အုန်းဗျိုး...

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။