မည်သူမပြုမိမိအမှုပါ။
ဘလော့ထဲမှာ slideshow လေးထည့်ချင်လို့ ဘလော့email နဲ့ register လုပ်မိရာကနေ picasa web album ထဲကို ဘလော့ထဲမှာရှိတဲ့ပုံအကုန်လင့်ရက်သားဖြစ်သွားပြီးသကာလ....
ပြည့်ပီဆိုပြီးဘာပုံမှတင်မရတော့ပါ။ ပုံတင်မရတော့ စိတ်ထိခိုက်တယ်.. စာဘယ်လိုရေးမလဲ။
နဂိုကအရေးသားက တော်တာမဟုတ်..ပုံလေးပါမှ စိတ်ချမ်းသာရတာမဟုတ်လား..
အခုတော့ ပုံလဲတင်မရ.. picasa ကပုံတွေသွားဖျက်တော့ ဘလော့ပေါ်က ပုံတွေပါ ဆွဲချပြီး ဖျက်ပစ်တယ်.. အရမ်းးးးးးး ကိုစိတ်နာတယ်... ဘယ်သူ့ကိုနာရမှန်းမသိဘူး.
picasa နဲ့ email နဲ့ ခွဲထုတ်လို့မရတော့ဘူး။ ခွဲချင်ရင် email ပါဖျက်ပစ်ရမယ်တဲ့..း(((
ကယ်ကြပါ.. (ရေမကူးတတ်ဘူး)
email အသစ်ဖွင့် blog ကို import လဲအဆင်မပြေ.....လုပ်တတ်တဲ့သူများရှိရင် ကူညီပါနော်..နော်။။။။။။
ဘလော့ထဲမှာ slideshow လေးထည့်ချင်လို့ ဘလော့email နဲ့ register လုပ်မိရာကနေ picasa web album ထဲကို ဘလော့ထဲမှာရှိတဲ့ပုံအကုန်လင့်ရက်သားဖြစ်သွားပြီးသကာလ....
ပြည့်ပီဆိုပြီးဘာပုံမှတင်မရတော့ပါ။ ပုံတင်မရတော့ စိတ်ထိခိုက်တယ်.. စာဘယ်လိုရေးမလဲ။
နဂိုကအရေးသားက တော်တာမဟုတ်..ပုံလေးပါမှ စိတ်ချမ်းသာရတာမဟုတ်လား..
အခုတော့ ပုံလဲတင်မရ.. picasa ကပုံတွေသွားဖျက်တော့ ဘလော့ပေါ်က ပုံတွေပါ ဆွဲချပြီး ဖျက်ပစ်တယ်.. အရမ်းးးးးးး ကိုစိတ်နာတယ်... ဘယ်သူ့ကိုနာရမှန်းမသိဘူး.
picasa နဲ့ email နဲ့ ခွဲထုတ်လို့မရတော့ဘူး။ ခွဲချင်ရင် email ပါဖျက်ပစ်ရမယ်တဲ့..း(((
ကယ်ကြပါ.. (ရေမကူးတတ်ဘူး)
email အသစ်ဖွင့် blog ကို import လဲအဆင်မပြေ.....လုပ်တတ်တဲ့သူများရှိရင် ကူညီပါနော်..နော်။။။။။။
ကူညီချင်တယ် .. ဒါပေမယ့် မလုပ်တတ်ဘူး.. နည်းပညာ ဆိုက်တွေမှာ ဘလော့ဂ်ခေါင်းစဉ်တွေရှိတတ်တယ် အဲမှာ ကြည့်ကြည့်ပါလား.. မတွေ့ရင် သူတို့ကို မေးနိုင်ပါတယ်.. ပြန်ဖြေကြပါတယ်.
ReplyDeleteကူး.. ပုံတွေကို တစ်နေရာမှာ သွားတင်ပြီး ဘလော့ထဲကို လင့်နဲ့ ထည့်ပါလား.. တို့လဲ အပေါ်ဆုံးတစ့်ုက လွဲလို့ ဒီလိုဘဲ တင်တာ ..
ReplyDeletehttp://picturepush.com/upa
ဒီနေရာမှာ ပုံတွေတင်လို့ရတယ်. တင်ပြီး 640*480 / 480*640 နေရာက Direct link to resized image ဆိုတဲ့ အဲဒီက လင့်ကို ယူလာပြီး ကိုယ့်ဘလော့မှာ ထည့်လိုက်ရုံဘဲ
ဒါဆို ပုံတွေ ဘယ်လောက်ထည့်ထည့် ဘလော့မှာ နေရာမယူတော့ဘူးလေ..
လုပ်ကြည့်လို့ အဆင်မပြေရင် chawchawgreen@gamil.com ကို မေလ်းပို့ပြီး ပြန်ပြောပါ။ အသေးစိတ် ပြန်ရှင်းပြပါမယ်..
အဆင်ပြေပါစေ။
အဲ...
ReplyDeleteကူးလေးသနားပါတယ်
မချောပြောသလိုသာ လုပ်ကြည့်လိုက် ကူးရေ..
ကိုယ်လည်း ရေးပဲရေးတတ်တာ နည်းပညာအကြောင်း ဘာမှမသိဘူး
အဆင်ပြေပါစေလို့ ဆုတောင်းပေးနေတယ်နော်
ကူးကူး ချောပြောသလိုသာလုပ်ကြည့်
ReplyDeleteအဆင်ပြေလိမ့်မယ် ကိုယ့်ပုံတွေလည်း
အရမ်းကြီးလို့ ဂူဂဲလ်က ၀ယ်ခိုင်းတယ်
ဒါနဲ့ ချောပြောပြလို့ အဆင်ပြေသွားပြီ
ဒါပေမဲံ သူတို့ ပြောသလို အပေါ်ဆုံးက
တပုံတော့ ကိုယ့်ဆီကထည့်လို့မရတော့
သူများဘလောဂ့်မှာ မမြင်ရတော့ဘူးပေါ့
ကူးကူးက ဘလောဂ့်ရေးတာလို့ နေရာပြည့်
သွားတာနေမှာပါ။ ကိုယ့်ဘလောဂ့်က ပုံတွေ
အရမ်းကြီးလို့လေ :) အဆင်ပြေပါစေ ညီမလေး
လုပ်တတ်ဘူးရှင့်။ ဖြေးဖြေးတော့အဆင်ပြေလာမှာပါ ကူးရေ...
ReplyDeleteကူးကူး ပီကာစာက ပုံတွေ ဖျက်မိလိုက်သလား
ReplyDeleteကိုယ်လည်း အဲ့လိုပဲဖြစ်တာ :) ဘလောဂ့်ကပုံတွေ အကုန်ပျက်သွားတယ်။ ချောကိုမေးကြည့် သူပြောသလို
အခုကိုယ်တင်နေတာ အဆင်ပြေတယ်
ဟုတ်..ချောပြောသလိုလုပ်ကြည့်ပါမယ်..
ReplyDeleteပုံတွေ SEIZE သေးသွားမှာလဲ လိုချင်ဘူး..
ဒါပေမယ့်ေ၇ွးစရာလမ်းမရှိ..း((
ကူး
ReplyDeleteပုံတွေက ဆိုဒ်သေးစရာအကြောင်းမရှိပါဘူး Add Images နဲ့ ထည့်မဲ့ခါ From a URL ကိုရွေးပြီး ပုံတင်ထားတဲ့နေရာက လင့်ကလေးကိုထည့်လိုက်တာနဲ့ ပုံက ဘလော့ထဲကို ရောက်သွားတယ် ရောက်သွားပြီးရင် ပုံလေးပေါ် ကလစ်နှိပ်လိုက်။ အဲဒီမှာ small, Medium, Large X-Large, Original size ဆိုတာတွေထဲက ကြိုက်တဲ့ ဆိုဒ်ကိုရွေးလိုက်ရင် ကူးတင်ချင်တဲ့ အရွယ်အစားနဲ့ ကိုက်ညီတာ တစ်ခုခုရပါလိမ့်မယ်.. ပုံသေးသွားမှာ စိတ်မပူပါနဲ့။ အဆင်ပြေမှာပါ။
ဘလော့ တစ်ခုတည်းကို နောက်ထပ် တခြား Email တွေကနေတဆင့် ပိုစ့်တင်လို့ရပါတယ်ခင်ဗျာ။ကိုယ်ပိုင် Emailပွားထား လိုက်ရုံပါပဲ။ ဥပမာ ပိုစ်တင်ချင်တဲ့(ခု ပုံတင်မရတဲ့) Blog ရဲ့ Dashboard ကိုသွားပါ။ နောက်တဆင့်ပြီးတဆင့် settings... permissions...ကိုသွားပါ။ အဲဒီမှာ...
ReplyDeleteBlog Authors Your blog can have up to 100 authors. ဆိုတာကိုတွေ့ရပါတယ်။ Add authors ကို ကလစ်လုပ်ပြီး ကိုတင်ချင်တဲ့ Email ကို inviteလုပ်လိုက်ရုံပါပဲ။ အဲဒီ ကိုယ်Invite လုပ်ထားတဲ့တစ်ခြားE mail ကနေ accept လုပ်လိုက်ပြီးတာနဲ့ အဲဒီကနေတင်လို့ရပါပြီ။ အဆင်ပြေ ပါစေ။
ကျွန်တော်လည်း ဘာမှမတတ်ပါဘူး။ဘလော့လေးလုပ်ချင်တာနဲ့ ဟို လုပ်ဒီလုပ်နဲ့သိထားတာလေး မျှလိုက်တာပါ...။
ဒီဘလော့ကို ကျွန်တော်မကြာခဏ ရောက်ပါတယ်။ ဒါပေမယ့်တိတ်တိတ်လေး ပဲ ပြန်သွားဖြစ်တယ်။း))
ဟုတ်ကျေးဇူးတင်ပါတယ် ချောနဲ့ ကိုချစ်မောင်..
ReplyDeleteကူးစမ်းကြည့်ပါ့မယ်။
ကူးကူး ရေ
ReplyDeleteအဆင်ပြေပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကျနော်ကတော့ ပုံတွေကို တခြားဆိုဒ် တစ်ခုကနေ HTML ကုဒ်ယူပြီး blog မှာ ပြန်တင်ပါတယ်၊ အထက်မှာ ပြောကြသလို ဓါတ်ပုံတွေ လက်ခံတဲ့ လင်ခ့်တွေ အများ ကြီး ရှိပါတယ်၊ ကျနော် သုံးဖြစ်တာက flickr နဲ့ photobucket ပါပဲ၊ ပုံရဲ့အရွယ်အစားကို ကိုယ့် blog နဲ့ လိုက်အောင် ကိုယ့်ဟာကိုယ် ပြင်နိုင်တယ်ဆိုရင် photobucket က ကောင်းပါတယ်၊ ဥပမာ-photoshop တို့၊ gimp တို့ကို သုံးပြီးတော့ပေါ့၊ ကိုယ်ရွေးထားတဲ့ ဆိုဒ်အတိုင်း ဘလော့ဂ်မှာ တင်လို့ရတယ်၊
ReplyDeleteမဟုတ်ရင်တော့ flickr က အဆင်ပြေပါတယ်၊ အထက်မှာ ပြောကြသလို small, medium, large စသဖြင့် ရွေးပြီး တင်ရုံပါပဲ၊ အဆင်ပြေပါစေဗျာ...။